Monday, 24 November 2014

KIA လက်နက်ကိုင်သောင်းကျန်းသူတို့၏ ယုတ်မာမှုများ


KIAလက်နတ်ကိုင်သောင်းကျန်းသူတို့  စတင်သတင်းထုတ်လွှင့်တုန်းစဉ်က ………..

ဗိုလ်လောင်းသင်တန်းကျောင်းမှ ဗိုလ်လောင်းတွေ သေတယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

နောက်မှ KIA တစ်ယောက်မှ မပါဘူးလို့ ထပ်ပြီး ထုတ်ပြန်ခဲ့ပါတယ်။

ဒါဆိုရင် KIA လက်နက်ကိုင်သောင်းကျန်းသူတွေရဲ့ သဘောထားကို သိမြင်လောက်သင့်ပါပြီ။

၎င်းအပြင်တပ်မတော်မှ ပစ်ခတ်လိုက်သည့် မပည(မြေပုံညွှန်း) သည် KIA သောင်းကျန်းသူတို့၏ သင်တန်းနေရာမဟုတ်ပေ။ ၄င်းတို့၏ရည်ရွယ်ချက်မှာ တမင်များ ထိုးကျွေးလိုက်လေသလားဟု တွေးစရာဖြစ်လာခဲ့ပါပြီ …….

အဘယ့်ကြောင့်ဆိုသော် …..

၂၁ ရက်နေ့တွင် KIA လက်နတ်ကိုင်သောင်းကျန်းသူတို့၏ ခေါင်းဆောင်ပိုင်းများ အစည်းအဝေးပွဲ၌ တပ်မတော်အား သတင်းအတိအကျပေးသည်ဟု သုံးသပ်ချက်ကို တရားဝင်ဆုံးဖြတ်ပြီး ပြစ်ဒဏ်ပေးမည်ဟု KIA အတွင်းထုတ်ပြန်ကြေညာခဲ့လေသည်……

ဤသည်မှာပင် တပ်မတော်အား ဗီလိန်နေရာသို့ ဆွဲသွင်းခဲ့ပြီး၊ ကျန်လက်နက်ကိုင်တို့၏ တပ်သားများကို ထွေးကျွေးခဲ့ခြင်းမှာ ပေါ်လွင်လှပါသည်။

ထိုသင်တန်းတွင် ရခိုင်တပ်မတော် ၈ ဦး သေဆုံးသည်ဟု သတင်းထုတ်ပြန်ခဲ့ပြီး RSO မှ တစ်ဦးတစ်ယောက်မျှ မပါပဲ သတင်းထုတ်ပြန်ခဲ့သည်။ RSO မှ သင်တန်းသား ၅ ဦးပျောက်ဆုံးနေသည်။ ၄င်းတို့၏ ရည်ရွယ်ချက်သည် ဖက်ဒရယ် တပ်မတော်ဟူ၍ ခေါင်းစဉ်တပ်ပြီး တပ်မတော်နှင့် ကျန်လက်နတ်ကိုင်တို့အကြား ပဋိပက္ခ ကြီးထွားစေရန် ရည်ရွယ်နေသည်။ ထို့ပြင် မြစ်ကြီးနားမြို့တွင် KIA မှ တစ်ဦးတစ်ယောက်မျှ ထိခိုက်မှုမရှိဟု ထုတ်ပြန် ကြေညာထားသော်လည်း KIA လက်နတ်ကိုင်အဖွဲ့အ၀င်တို့၏ မိသားစုများမှာ ဆုတောင်းပွဲများပြုလုပ်ခဲ့သည်ကိုလည်း ထောက်ရှုရပေဦးမည်။

ဤသို့ဖြင့် KIA လက်နတ်ကိုင်သောင်းကျန်းသူတို့သည် သတင်းကို အမျိုးမျိုးထုတ်ပြန်ပြီး တပ်မတော်နှင့် ငြိမ်းချမ်းရေး ဆွေးနွေးစဉ်ကာလတွင် ကျန်လက်နတ်ကိုင်များပါ သောင်းကျန်းမှုများ ဖြစ်စေရန် ရည်ရွယ်နေသည်ဟု ထင်မြင်မိပါသည် …… ။

From: #kolinnsek

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...