Tuesday, 9 December 2014

ပြစ်ဒဏ်ချမှတ်ခံရသော ဗိုလ်မှူး ကျော်စွာဝင်း ၏ ဖြစ်စဉ် အကျဉ်း ( ၁ )


------------------
တာဝန်ထမ်းဆောင်ခဲ့သည်က ရခိုင်ပြည်နယ် တစ်နေရာရှိ အင်ဂျင်နီယာတပ်တစ်ခုပြစ်မှုဖြစ်စဉ်များ
၁။ တပ်သားအဆင့် တစ်ဦး ခွင့်မဲ့ ပျက်ကွက်ဖြစ်သည်မှ အစပြုသည်။
(က) ခွင့်မဲ့ပျက်ကွက်ဖြစ်ခြင်းကို (၂၁) ရက်အတွင်း အထက်သို့တင်ပြရမည်ဖြစ်သော်လည်း မည်သို့မှ တင်ပြခြင်းမရှိဘဲ (၆) လ ကျော်သည့်တိုင် အဆိုပါ စစ်သည်၏ လစာ စရိတ်များကို ယင်းကိုယ်တိုင် ထုတ်ယူသုံးစွဲသည်
(ခ) ခွင့်မဲ့စစ်သည်ကိစ္စကို အရာခံဗိုလ်မှ သတင်းပို့သည့်အခါ ယင်း အရာခံဗိုလ်ကို ဆူပူကြိမ်းမောင်းပြီး ကိုယ်ထိလက်ရောက်ပြုကျင့်သည်
(ဂ) ခွင့်မဲ့ စစ်သည် ပြန်လာသောအခါတွင် မသိသလို ကျိုးကျွံပြုပြီး ဆက်လက်တာဝန်ထမ်းစေသည်
(ဃ) အဆိုပါ ခွင့်မဲ့ပျက်ကွက်သည့် စစ်သည်က အရာခံဗိုလ်အား လက်သီးလက်မောင်းတန်း ကြိမ်းဝါးသည်ကို လစ်လျူရှုသည်။
ဤသည်တို့မှာပင် ပြစ်မှုထိုက်နေပြီဖြစ်လေသည်။
၂။ ပိုမိုကြီးလေးသော ပြစ်မှုများ
(က) အဆိုပါ စစ်သည် ပြန်လာပြီးနောက် တာဝန်ဆက်လက်ထမ်းဆောင်စဉ်ညအချိန် ရာခံဗိုလ်ရုံးခန်းအတွင်းဝင်ကာ ရိုက်နှက်ပြီး ဓာတ်ဆီလောင်း မီးရှို့သည်။
(ခ) အရာခံဗိုလ်သေဆုံးခဲ့ရသည်။
(ဂ) အရာခံဗိုလ်သေဆုံးရသည့်ဖြစ်စဉ်ကို သာမန် မီးလောင်မှုအဖြစ် အထက်ဌာနများသို့ လိမ်လည်တင်ပြသည်။
(ဃ) ယင်း ခွင့်မဲ့ပျက်ကွက်ဖြစ်သည့် စစ်သည် နောက်တစ်ကြိမ် ခွင့်မဲ့ ပျက်ကွက်ဖြစ်သည်။
(င)ဤ ဖြစ်စဉ်ကိုလည်း အထက်ဌာနများသို့ အချိန်နှင့်တပြေးညီတင်ပြခဲ့ခြင်းမရှိပေ။
(စ)အရာခံဗိုလ်၏ သားဖြစ်သူမှ သည်းမခံနိုင်တော့ဘဲ တိုင်ကြားသည်။
(ဆ) ဤသည်တွင် အထက်ဌာနများမှ ဖြစ်စဉ်ကို သိပြီး စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့ကာ စစ်ဆေးရန် ပြင်ဦးလွင်တပ်နယ်ရှိ တပ်/ဌာနချုပ် တစ်ခုတွင် တွဲဖက်ပြီးစစ်ဆေးစေတော့သည်။

ပုဒ်မ (၄၃၆) ဖျက်သိမ်းရန်ထောက်ခံကြောင်းလက်မှတ်ရေးထိုးသည့်အချိန်ကာလ နှင့် နေရာယင်းအား
ပြစ်မှုများအတွက် စုံစမ်းစစ်ဆေးနေစဉ်ကာလ တွဲဖက်ထားသည့် ပြင်ဦးလွင်တပ်နယ်တွင်ဖြစ်သည်။
ထို့ကြောင့်
>>>အရာခံဗိုလ်တစ်ဦးအကြောင်းမဲ့ အသတ်ခံရခြင်းအမှုကို ထိန်ချန်သောကျော်စွာဝင်းသည် ယင်း၏ ပြစ်မှုများအတွက် အရေးယူခံရတော့မည်သေချာနေသည့်အချိန် ယူနီဖောင်းအပြည့်အစုံဝတ်၍ လက်မှတ်သွားထိုးလေသည်။
>>>အခြားတစ်ဘက် ပင်းသယောင် ဟန်ဆောင်သည်။

ဖြစ်စဉ်အစအဆုံးကို ကိုယ်တိုင် သုံးသပ်ကြည့်ကြပါခင်ဗျာ
ကျော်စွာဝင်းသည် အတော်ပင် ကောက်ကျစ်စွာ ပြုမူသွားသည်၊ ယင်းကိုယ်တိုင် အရေးယူခံရတော့မည် သိသည့်အချိန်ကာလတွင်မှ အခြားတစ်ဘက် ကူးသယောင်ထောက်ခံသယောင်လုပ်သွားသည် ကို ရှင်းရှင်းပြောရလျှင် အရေ၀င်ခြုံခြင်းဖြစ်လေသည်။
ဤသည်ကို မသိနားမလည်သူများက ၀ိုင်းအားပေးချင်အောင် ပုလင်းတူဗူးဆို့များက မြှောက်ပင့်ရေးသားပြီး သူကောင်းပြုနေကြလေသည်။
ထိန်ချန်ထားသည့်ဖြစ်စဉ်မှ ကွယ်လွန်သွားရှာသူ အရာခံဗိုလ်၏ မိသားစုနေရာမှ ၀င်ခံစားပါ။
အရေခြုံပူးသတ်ခံရသည့် ဘက်မှလည်း သေချာတွေးပြီး ကျော်စွာဝင်း ဘယ်လိုလည်း ဆိုသည်ကို စဉ်းစားကြည့်ကြပါကုန်လော့ခင်ဗျာ
သူ့လူကိုယ့်ဘက်သား/ ကိုယ့်လူ သူ့ဘက်သား ခွဲခြားနိုင်ကြပါစေကုန်သတည်း
အမြီးမသိခေါင်းမသိ ဘူမသိကိုးမသိ အများယောင်လို့ လိုက်ယောင် အမောင်တောင်မှန်း မြောက်မှန်းမသိသူများ အဖြစ်မှ ကင်းလွတ်ကြပါစေသတည်း။

(ကျော်စွာဝင်းမိသားစုအတွက် အားနားစွာတောင်းပန်အပ်ပါသည်)


From:__ ကျော်လင်းညိမ်း

www.mmdailystar.com

1 comments:

  1. သြော်... အဖြစ်မှန်ကဒီလိုကိုး၊ ထင်တော့ထင်သားပဲ။ မီဒီယာဆိုတဲ့ ပလီပလာကောင်တွေက ဘုမသိ ဘမသိ ရေးချင်တာရေးပြီး ပွဲဆူအောင်လုပ်နေတာကိုး။ သူပုန်တွေ(ကေအိုင်အေဗိုလ်လောင်း)ဆိုတဲ့ ကောင်တွေသေတော့လည်း သူတို့အဖေသေတာကျနေတာပဲ။ ဒီမအေပေးတွေက ဘိန်းစိုက်ပြီး မှောင်ခိုချနေတာကိုတော့ မရေးကြဘဲနဲ့။ နောက် အဆိုးဆုံးကတော့ သူပုန်အဖွဲ့က ကိုပါကြီး ဆိုတဲ့ ဗိုလ်အောင်နိုင် ပါပဲ။ လစ်ရင်ခိုးမယ်၊ မိရင်ပြန်ပေးမယ် ဆိုတဲ့ အထာနဲ့၊ သူပုန် ၀တ်စုံဝတ်ပြီး သတင်းထောက်ဆိုပြီးအော်နေတယ်။ သူနှင့်ကွဲနေတဲ့ မိန်းမကလည်း သေတော့မှ အသံကောင်းဟစ်ပြီး နော်အုန်းလှ တို့ပေးတဲ့ ထောက်ပံ့ကြေးနှင့် အဆင်ပြေနေတယ်။ တရားရုံးက မစစ်ခင်တုံးကတော့ အော်နေပြီး တကယ်စစ်တဲ့အချိန်ရောက်တော့ မီးယပ်ချမ်းထသလိုလို၊ ဘာမှမဆိုင်တဲ့ ရှစ်ပူးကောင်တွေကိုပဲ ကယ်ပါဦး လုပ်နေတယ်။ ကိုယ်တိုင်မမှန်တော့ မသွားရဲတော့၊ မဖြေရဲတော့ဘူးလေ။ ကဲ... တော်ပါပြီ၊ ရေးရရင် ဆောင်းပါးတစ်ပုဒ်စာဖြစ်နေမှာစိုးလို့။ နောက်မှ အင်္ဂလန်စိန် မစ္စစ်အဲရစ်စုကြည်၊ ရှစ်ပူးမှ နိုင်ငံရေးအမြတ်ထုတ်သူများ ကိုယ့်ကိုကိုယ်တောင်မနိုင် နှင့် မမကြီး တို့အကြောင်း ဖွင့်ဟပါဦးမယ်။

    ReplyDelete

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...