Monday, 1 December 2014

အဆိုမှားတင်မှုကြောင့် အရှက်ကွဲခဲ့ရတဲ့ ပထမဆုံး မြန်မာလွှတ်တော်အမတ် (သို့မဟုတ်) ဒေါ်အောင်ဆန်းစုကြည်


နိုဝင်ဘာ ၂၆ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဥက္ကဌ၊ တရားဥပဒေစိုးမိုးရေးကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် မှ လွှတ်တော်က ပြဋ္ဌာန်းလိုက်သည့် ဥပဒေများအအတွက် နည်းဥပဒေများကို ပြည်ထောင်စုအစိုးရက အမြန်ဆုံး ထုတ်ပြန်ပေးရန် တိုက်တွန်းသည့် အရေးကြီးအဆိုအား ဒုတိယမြောက် အရေးကြီးအဆိုအဖြစ် တင်သွင်းခဲ့သည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေ အား ဥပမာပေး၍ ဒေါ်အောင်ဆန်းစုကြည်မှ

‘‘ပြဋ္ဌာန်းပြီးသားဥပဒေတွေ အတွက်တောင်မှ နည်းဥပဒေတွေ စည်းမျဉ်း၊ စည်းကမ်းတွေဟာ မ ထွက်နိုင်သေးဘူးဆိုရင် နောက် ကျွန်မတို့ပြဋ္ဌာန်းမယ့်ဥပဒေတွေ အတွက် နည်းဥပဒေတွေ၊ စည်း မျဉ်းစည်းကမ်းတွေက ဘယ်တော့ မှထွက်နိုင်မလဲဆိုတာ စဉ်းစားစ ရာဖြစ်ပါတယ်.. ဥပမာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဥပဒေကို ကြည့်ပါ..’’

ဟု
ဒေါ်အောင်ဆန်းစုကြည်မှ ဆရာမကြီးလေသံဖြင့် ပိုင်ပိုင်နိုင်နိုင်ဆွေးနွေးအပြီးတွင် လွှတ်တော်ကိုယ်စားလှယ်များက လက်ခုပ်သြဘာပေးလိုက်ရာ အောင်နိုင်သူအပြုံးဖြင့် နေရာတွင်ထိုင်ခဲ့သည်။

ဒေါ်စုထိုင်ပြီးနောက် အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာ ကံဇော်မှ ဒေါ်အောင်ဆန်းစုကြည် ဥပမာပေးပြောသွားသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများအားလုံးကို ၂၀၁၃ ကတည်းက ရေးဆွဲပြီးဖြစ်ကြောင်း။ သက်မှတ်ရက်အတွင်း အချိန်မီ ထုတ်ပြန်ပေးပြီးဖြစ်ကြောင်း ရက်စွဲ၊ အချိန် အတိအကျဖြင့် အထောက်အထားပြ၍ ပြန်လည်တုံ့ပြန်ခဲ့ရာ လွှတ်တော်အတွင်း တီးတိုးလှောင်ရယ်သံများ ထွက်လာပြီး အရေးကြီးအဆိုတင်သွင်းသူ ဒေါ်အောင်ဆန်းစုကြည်မှာ အရှက်ဗြန်းဗြန်းကွဲခဲ့ရသည်။

ဥပဒေပြုလွှတ်တော်အမတ်တစ်ဦးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်သည် မိမိအဆိုတင်သွင်းမည့် နည်းဥပဒေများမှာ ပြဌာန်းပြီးလား၊ မပြဌာန်းရသေးဘူးလား ဆိုသည်ကို ကြိုတင်မလေ့လာဘဲ ရမ်းတုတ်ခဲ့ခြင်းမှာ ရှက်ဖွယ်လိလိဖြစ်သည်။ နိုင်ငံတကာရှိ လွှတ်တော်အမတ်များသည် ယခုကဲ့သို့ ရှက်စရာဖြစ်စဉ်နှင့် ကြုံတိုင်း နှုတ်ထွက်လေ့ရှိကြသည်။ ဒေါ်အောင်ဆန်း စုကြည်အနေဖြင့် ရှက်တက်လျှင် လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ မိမိသဘောဖြင့် မိမိ နှုတ်ထွက်သင့်ကြောင်း မြန်မာ့အရေးစောင့်ကြည့်သူများက တောင်းဆိုနေကြသည်။

ဒေါ်အောင်ဆန်းစုကြည်သည် သတ်တမ်း ၃ နှစ်ရှိသော မြန်မာလွှတ်တော်အတွင်း ပထမဆုံး အရှက်ကွဲခဲ့သည့် လွှတ်တော်အမတ်တစ်ဦးအဖြစ် ၂၀၁၄ ခုနှစ်တွင် စံချိန်တင်နိုင်ခဲ့သည်။ ယခင်ကလည်း တပ်ကုန်းမြို့မှ ဦးစန်းလွင်ကြောင့် ဒေါ်စု အရှက်ဟက်တက်ကွဲခဲ့ဖူးသည်။ လွှတ်တော်အတွင်း ဒေါ်အောင်ဆန်းစုကြည် အရှက်ကွဲခဲ့သည့်ဖြစ်စဉ်နှင့် ပတ်သက်၍ မည်သည့်မီဒီယာကမှ အကျယ်တဝင့်ဖော်ပြခဲ့ခြင်းမရှိပေ။
From:__MEG

www.mmdailystar.com

4 comments:

  1. ကန့်လန့်ကာနောက်ကွယ်မှာ . . .

    ဦးအောင်သောင်းကို ကျောင်းသူကလေးက ယပ်ခတ်ပေးတဲ့ ပုံကို မြင်တဲ့အခါ၊
    ဦးသိန်းစိန်ကို ၀န်ထမ်းတယောက်က ဘိနပ်စီးပေးတာကိုမြင်တဲ့အခါ၊
    ခင်ဗျားတို့ ဆဲဆိုကြ၊ ပဒေသရာဇ်စိတ်ဝင်ကြလို့ ပြောဆိုကြတယ်။

    ခု ဒေါ်စု ရဲ့ ခင်ဗျားတို့ မသိတဲ့၊ (သူ့ပါတီထဲက အတွင်းလူတွေ ကတော့ အတွင်းသိ၊ အစင်းသိပါ)
    အင်မတန်မှ မောက်မာတဲ့ စိတ်နေ စိတ်ထား၊ သူတဘက်သားကို အနိုင်ယူတတ်၊ ချိုးတတ်၊ ချေတတ်၊ အောက်ကြို့မှ နှစ်ချိုက်တတ်၊ သူကသာ အသာစီး၊ အပေါ်စီးက ဆက်ဆံလိုတတ်၊
    သူ့ကို ဝေဖန်ရင် အငြှိုးအတေးထားတတ်၊ အပြင်ဗန်းကြည့်ပြီး၊ အထင်သေးတတ်၊ နှိမ့်ချတတ် ဆိုတာတွေကိုကော သိသလား လို့မေးချင်တယ်။
    အချိန်တန်ရင် အမှန်တရားဆိုတာ ဖုံးကွယ်လို့ မရပါဘူးလေ. . .

    ဒေါ်အောင်ဆန်းစုကြည် ဟာ ကျောင်းသားတွေ ကျေးဇူးနဲ့ နိုင်ငံရေးဇာတ်ခုံပေါ်ရောက်လာတဲ့သူပါ။ သူ့ပါတီအလံတောင် ကျောင်းသားသမဂ္ဂ က ခွပ်ဒေါင်းအလံ ကို ယူသုံးခဲ့တာ သူကိုယ်တိုင် အတိအလင်း ပြောခဲ့ပါလေရဲ့။
    ဒီလို လူက ကျောင်းသားသမဂ္ဂ ရဲ့ ရပ်တည်ချက်ကို ပျက်ယွင်းအောင် ကိုယ်တိုင်ငြှိုးတေးလုပ်ဆောင်တာ၊ ကျေးဇူးကန်းတာပါပဲ။

    ကျေးဇူး ဆိုတာ ကန်းလိုက်တာနဲ့ ချက်ချင်း အကျိုးပေးတတ်ပါတယ်။
    မကြာတော့ပါဘူး လို့ပဲ ပြောလိုက်ချင်ပါတော့တယ်။

    ReplyDelete
  2. လီးပဲ
    ငါလိုးမသားကိုေ​မကိုလိူးေကောင်

    ReplyDelete
  3. လီးပဲ
    ငါလိုးမသားကိုေ​မကိုလိူးေကောင်

    ReplyDelete

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...