Monday, 1 December 2014

လဂျားယန်ကို ကယ်တင်ခြင်း သို့ မဟုတ် .... ခရာဘွမ်ကို သိမ်းပိုက်ခြင်း


( Photo - စစ်ကူများ ရောက်ရှိလာပြီ ဖြစ်သော ...
လဂျားယန် တပ်စခန်း )
 
 ခရာဘွမ်တောင်ကြောက ...
တပ်စခန်းတွေ ဆုတ်ပေးဖို့  …
သမ္မတ နဲ့  ကာကွယ်ရေး ဦးစီးချုပ်ဆီကို …
အရပ်ဖက် အဖွဲ့ အစည်း ၁၀၀ကျော်က …
စာရေး တောင်းဆိုတယ်လို့  ဆိုပါတယ် …

ဒီ အဖွဲ့ အစည်းအများစုက ဘာတွေလဲ …
ဘယ်လို ကျောထောက်နောက်ခံလဲ ဆိုတာတော့ …
ပြန်မေးကြည့် မနေတော့ပါဘူး …

သို့ သော် ….
ဒီ ခရာဘွမ်တောင်ကြောပေါ်မှာ …
တပ်မတော်က စခန်းတွေ …
ဘာကြောင့်ရောက်လာရသလဲ ...
ဆိုတဲ့ အကြောင်းကိုတော့ …
ဒီ အဖွဲ့ အစည်းတွေ သိမှသိရဲ့ လားလို့  …
သံသယ ဖြစ်မိတယ် …

ဇာတ်ကြောင်းကို ပြန်လှန်ရရင် …
ဒီကိစ္စဟာ ...
လဂျားယန် တပ်စခန်း ကိစ္စက စပါတယ် …
လဂျားယန် စခန်းဟာ …
၁၁၄ မိုင်ရှည်တဲ့  ....
မြစ်ကြီးနား-ဗန်းမော် ပြည်ထောင်စုလမ်းမကြီးရဲ့  …
အလယ်လောက်က …
လဂျားယန် ရွာလေးဘေးမှာ ရှိတဲ့  …
တပ်စခန်း ဖြစ်ပါတယ် …

ဒီ တပ်စခန်းဟာ …
၁၉၉၄ ခုနှစ် ...
ကေအိုင်အေနဲ့  ငြိမ်းချမ်းရေး မယူခင်ကတည်းက ….
တည်ရှိနေတဲ့  တပ်စခန်းပါ …
စခန်းရဲ့ တာဝန်က …
ပြည်ထောင်စု လမ်းမကြီး ရဲ့  လုံခြုံရေး ဖြစ်ပါတယ် …

၂၀၁၁ခုနှစ် ဇွန်လနောက်ပိုင်း …
ကေအိုင်အေ နဲ့  ငြိမ်းချမ်းရေးပျက်သွားချိန်ကစပြီး …
ဒီပြည်ထောင်စု လမ်းမကြီးဟာ …
လမ်းပိုင်းတော်တော်များမှာ …
ကေအိုင်အေ အဖွဲ့ ရဲ့ ဖြတ်တောက်နှောက်ယှက်ခြင်း …
ခံလာရပါတယ် …

လမ်းလုံခြုံရေးအတွက် တပ်စွဲထားတဲ့  …
လဂျားယန် တပ်စခန်းအနီးမှာလဲ…
ကေအိုင်အေ စခန်း ၃၀ လောက်အထိ …
ပိတ်ဆို့ နေရာယူထားပြီး …
စခန်းကို မလှုပ်နိုင်အောင် ထိန်းချုပ်ခံလာရပါတယ် …

ပြသနာက …
လဂျားယန် စခန်းမှာ ရှိတဲ့ ရိက္ခာဟာ …
၁၅.၁၂.၂၀၁၂ ရက်နေ့ မှာ …
ကုန်ဆုံးသွားတာက စပါတယ် …
စစ်သည်တွေအားလုံးဟာ ရိက္ခာကို ဆန့် စားနေရပြီး …
စခန်းအပြင်ထွက်တာနဲ့  …
ပစ်ခတ်တိုက်ခိုက်ခြင်း ခံရပါတယ် …

ဒီစခန်းကို ရိက္ခာပို့ ဖို့  …
စကခ ၃ က ခြေမြန်တပ်ရင်းတစ်ရင်းဟာ …
၂၃.၁၂.၂၀၁၂ ရက်နေ့ မှာ …
လဂျားယန် တပ်စခန်းကို ချီတက်လာတုန်း …
လမ်းမှာ ခြုံခိုတိုက်ခံရပါတယ် ….
ကေအိုင်အေနဲ့  ABSDF …
ပူးပေါင်းအင်အား ၄၀၀ ကျော်က ၀ိုင်းချတာပါ ….

စကခ ၃ က ခြေမြန်တပ်ရင်းဟာ …
အင်မတန်မာတဲ့  တပ် ဖြစ်လို့  …
Over run တော့ ဖြစ်မသွားပါဘူး …
ဒါပေမယ့်  စစ်သည် ၂၁ ဦးကျဆုံး …
၁၃၃ ဦး ဒဏ်ရာရပြီး …
ဖောက်ထွက်လို့ မရဘဲ ပိတ်မိနေခဲ့ပါတယ် …

ဒီတပ်ကို ဆွဲထုတ်ဖို့  …
မြစ်ကြီးနား MI – 35 တိုက်ခိုက်ရေး ရဟတ်ယာဉ် …
နှစ်စီးလိုက်သွားပြီး …
ပစ်ကူပေး ဆွဲထုတ်ခဲ့ရပါတယ် ….
ဒီဖြစ်စဉ်မှာ တပ်က အတော်အထိနာသွားခဲ့ပါတယ် …

နောက်ရက်မှာတော့ မပခ တိုင်းမှူးက …
လဂျားယန်ကို ပိတ်ဆို့ ထားတဲ့  …
ကေအိုင်အေ တပ်စခန်းတွေအားလုံး ဖယ်ပေးဖို့  …
မဖယ်ရင် အင်အားသုံး ဖယ်ရှားမယ်လို့  …
တရားဝင် စာနဲ့ အကြောင်းကြားပါတယ် …
ကေအိုင်အေ က …
လုံးဝ အရေးမလုပ်ခဲ့ပါဘူး ….

အဲဒီမှာ လဂျားယန် စခန်းကို ကယ်တင်ဖို့ အတွက် …
တပ်မ ၈၈ ၊ စကခ ၇ နဲ့  စကခ ၂၁ က တပ်တွေ …
လဂျားယန်ကို ချီတက်လာကြပါတယ် …

စချီတက်တာနဲ့  …
တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ကြပြီး …
တပ်မတော်က ခြေလျင်ခြေမြန် တပ်ရင်းတွေက …
လဂျားယန်ကို ပိတ်ဆို့ ထားတဲ့  ကေအိုင်အေစခန်းကုန်းတွေကို …
တစ်ခုပြီး တစ်ခု ရှင်းထုတ်ပြစ်လိုက်ပါတယ် …

လဂျားယန် စခန်းရဲ့ မြောက်ဘက် …
ကိုက်၁၀၀၀ လောက်မှာ ….
လဂျားယန်ကို စိုးမိုးထားတဲ့  တောင်ကုန်း …
ပွိုင့် ၇၇၁ ရှိပါတယ် …

ပွိုင့် ၇၇၁ပေါ်ကနေ ...
လဂျားယန်ကို တစ်ချိန်လုံး လက်နက်ကြီးနဲ့  ပစ်နေတော့ …
တပ်တွေက ၃၀.၁၂.၂၀၁၂ ရက်နေ့ မှာ …
ပွိုင့် ၇၇၁ ကိုပါ ၀င်သိမ်းလိုက်ပါတယ် ….

ပွိုင့် ၇၇၁ ကို ပြန်ရဖို့ အတွက် …
ကေအိုင်အေ တပ်ရင်း ၂၃ နဲ့  ABSDFတပ်တွေက …
ပြန်ထိုးစစ်ဆင်ပါတယ် …
လက်နက်ကြီး ပစ်ကူကို ….
ပွိုင့် ၁၀၁၂ ခရာဘွမ် တောင်ကြောပေါ်က …
ပစ်ကူပေးပါတယ် ….

ပွိုင့် ၁၀၁၂ ခရာဘွမ်တောင်ကြောဟာ …
တိုက်ပွဲဖြစ်နေတဲ့ ဧရိယာအတွင်းက …
မဟာဗျူဟာမြောက် အမြင့်ဆုံးတောင်ကြောဖြစ်ပြီး …
အဲဒီနားတစ်ဝိုက်က ပစ်မှတ်အားလုံးကို…
လက်နက်ကြီး တကမ်း ကောင်းကောင်းမီပါတယ် …

ခရာဘွမ်ပေါ်က ကေအိုင်အေ လက်နက်ကြီးတွေက …
နေ့ ရော ညပါ တစ်ချိန်လုံးဆော်နေတော့ …
ပွိုင့် ၇၇၁ နဲ့  အဲဒီနားတစ်ဝိုက်ကုန်းတွေက …
တပ်တွေ ခေါင်းဖော်လို့  မရတော့ပါဘူး ….

ဒါနဲ့  တပ်တွေက …
ခရာဘွမ်ကို ဆက်တိုက်ပါတယ် …
တိုက်ပွဲဟာ ဇန်န၀ါရီလ တစ်လလုံး …
အပြင်းအထန် ဖြစ်နေတာပါ …

၂၅.၁.၂၀၁၃ ရက်နေ့ မှာ …
ခရာဘွမ် စခန်းကို …
တပ်မတော်က သိမ်းပိုက်လိုက်နိုင်တဲ့ အတွက် …
အဲဒီဧရိယာအတွင်းက …
ပွိုင့် ၇၇၁ ၊ ဖွန်ပြင်ဘွန် တောင်ကုန်း နဲ့  …
အခြား တပ်စခန်းတွေအားလုံး ….
ကေအိုင်အေ လက်နက်ကြီးဒဏ်က လွတ်သွားရပါတယ် …

ဒါဟာ …
ခရာဘွမ်ပေါ် …
ဘာလို့ တပ်တွေ ရောက်လာရတယ် ဆိုတဲ့ အကြောင်းပါ ….

အခု ဒီနေရာတွေက ပြန်ဆုတ်ပေးဖို့  …
ခရာဘွမ်ကို ကေအိုင်အေ လက်ပြန်အပ်ဖို့  …
တောင်းဆိုကြတယ် ဆိုတော့လဲ …
ကျွန်တော်တို့  ဘာမှ မတတ်နိုင်ပါဘူး …
စစ်သားဆိုတော့လဲ …
မင်းတို့ ဆုတ်တော့လို့  အမိန့် ပေးရင် ဆုတ်ရမှာပါ …

တစ်ခုပါပဲ …
ဒီတောင်ကုန်းတွေ ပေါ်မှာ …
ကျွန်တော်တို့  စစ်သည်တွေရဲ့  အလောင်းတွေ …
အများကြီး မြုပ်ထားခဲ့ရပါတယ် …
သူတို့ အရိုးလေးတွေ ပြန်ဖော်ဖို့ တော့ …
အချိန်လေး ပေးကြပါအုန်း ခင်ဗျာ …. ။ ။

( ရဲမိုး )

From:__Ye Moe

www.mmdailystar.com

7 comments:

  1. ဦးရဲမိုးခင်ဗျား
    ဒီသတင်းကို ရေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ တပ်မတော်ဟာ မြန်မာပြည်ထောင်စုတဝှမ်းလုံးအတွက် လုံခြုံရေးကို တာဝန်ယူထားတယ်မဟုတ်လား။ တပ်မတော်သားများ အသက်သွေးချွေးတို့ဖြင့် ရင်းနှီးရယူထားတဲ့ ကိုယ့်ပြည်ထောင်စုအတွင်းက နယ်မြေတို့မှ
    ပြန်လည်ဆုတ်ခွာပေးရမယ်တဲ့လား။ ဒီလိုဆို ရာဇဝင် ရိုင်းသွားတော့မှာပေါ့ခင်ဗျာ။ အဓိပ္ပါယ်မဲ့သွာတော့မှာပေါ့ခင်ဗျာ။ ကြည့်လည်း လုပ်ကြပါဦးလို့ ဦးမင်းအောင်လှိုင်တို့ကို သတိပေးကြပါဦးခင်ဗျာ။တပ်မတော်သားလွှတ်တော်အမှတ်များကို
    လည်း ဒီကိစ္စနှင့်ပတ်သက်၍ အလျှော့လုံးဝ မပေးသင့်ကြောင်း စာရေးကြပါဦးခင်ဗျား။
    Keep up the good work, U Ye Moe!

    သြစီမင်း

    Canberra

    ReplyDelete
  2. ဘာကြောင့် ဆုတ်ရမှာလည်းဗျာ။အသက်သွေးချွေးမြောက်များစွာနဲ့  ရင်းပြီးမှသိမ်းထားတာ။တောင်းဆိုချက်တွေကိုလုံဝမလိုက်လျောပါနဲ့ ။ပါးစပ်ကတောင်းတာလေးနဲ့  ပြန်ရချင်တာ။ငြိမ်းချမ်းရေးဆွေးနွေးယင်လည်းအလျော့ မပေးပါနဲ့ ။ဘာကြောင့် လည်းသိလား။စကားပုံတခုရှိတယ်ကျွန်တော်တို့ ကချင်ပြည်နယ်မှာ ။ စိတ်ဖြောင့် တယ်ဆိုတဲ့ ကချင်ဟာတံစဉ်လောက်တော့ ကောက်တယ်တဲ့ ။ဆွေးနွေးယင်လည်းသတိကြီးစွာနဲ့ ဆွေးနွေးပါ။ဦးခင်ညွန့် လိုအလိမ်မခံပါနဲ့ ။ဘာကြောင့် လဲသိလား။အင်အား ၅၀၀၀ တောင်မရှိတာ အင်အား၂၀၀၀၀
    ဆိုပြီးစာချုပ် ချုပ်တာကိုလက်ခံတယ်။ငြိမ်ချမ်းရေးယူထားတဲ့ အချိန်မှာ လူအင်အား၂၀၀၀၀ပြည့် အောင်ဖြည့် လက်နက်အကောင်းတွေဝယ် ပြီးယင်ပြန်တိုက်တော့ တာပဲ။အခုတိုက်လို့ မနိုင်ပြန်တော့ တောင်းဆိုချက်တွေနဲ့ ပြန်လာနေပြီ။ဗိုလ်ချုပ်ကြီးတွေသတိထားဆက်ဆံပါ။ကချင်ဆိုတာ လူလိမ်မျိုး။

    ReplyDelete
  3. အမှန်တိုင်းရေးထားတာကိုတော့ တင်ပေးပါ

    ReplyDelete
  4. သမ္မတနဲ့ ကာချပ်ခင်ဗျာတောင်းဆိုတာတွေကိုမလိုက်လျောပါနဲ့ ။လူလိမ် သူပုန်အဖွဲ့ အစည်းတွေပါ။တောင်းတိုင်းတာပေးရယင်သူတောင်းစားတွေအားလုံးသူဌေးဖြစ်ကုန်မှာပေါ့ ။

    ReplyDelete
  5. KIA သူတောင်းစား သူပုန်တွေကို တမီအီလမ်ကျားသူပုန်တွေကို သီရိလင်္ကာမှာ အမြစ်ဖြုတ်သလို အပြီးချေမှုန်းပြစ်မှ ကချင်ပြည်နယ်ထာဝရ အေးချမ်းမှာပါ။နို့မို့ဆို သခွတ်ပင်မီးတကျည်ကျည်ဖြစ်နေအုန်းမှာပါ

    ReplyDelete
  6. Mr Ye moe
    Want to know ur foundation contact address

    ReplyDelete
  7. ကြည့်လည်းလုပ်ကြအုန်း

    ReplyDelete

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...