Wednesday, 30 September 2015

ဒေါ်အောင်ဆန်းစုကြည် အပေါ် ကျချင်ပြည်သူများအမြင်

ကားဖြတ်ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးစဉ်ကလည်း ကချင်ပြည်နယ် မြစ်ကြီး
နား၏ကို ဒေါ်အောင်ဆန်းစုကြည်လာတယ်။ ခါတိုင်းလိုပေါ့။ သူမက ကချင်ဝတ်စုံ ၀တ်
လာတယ်။ ပြီးတော့ လူထုကို စကားပြောတယ်။ ကချင်လူထုကတော့ သူမပြောတဲ့အပေါ်
အားရကျေနပ်မှု မရှိဘဲ စိတ်ပျက်သွားခဲ့ရတယ်။
ကချင်လူထုက သူမဟာ ဖြစ်နေတဲ့စစ်ပွဲနဲ့ ပတ်သက်လို့ တစ်စုံတစ်ရာ ပြောလိမ့်မယ်၊
စစ်ပြေးဒုက္ခသည်တွေရဲ့ ဒုက္ခတွေ၊ ကချင်အပါအ၀င် လူနည်းစု တိုင်းရင်းသားတွေရဲ့
အကျပ်အတည်းတွေ၊ အတိဒုက္ခတွေအကြောင်းကို တစ်ခုခုပြောလိမ့်မယ်လို့ မျှော်လင့်
ချက်ကိုယ်စီနဲ့ သွားခဲ့ကြတယ်။ ပြီးတော့ ဒီဒေသက ပြည်သူတွေ ကိုယ်ပိုင်အုပ်ချုပ်ရေး
လိုချင်နေတဲ့အကြောင်း ပြောမယ်လို့ မျှော်လင့်ခဲ့ကြတယ်။ ဒါပေမယ့် သူမက ဒါတွေကို
တစ်ခုမှ မပြောခဲ့ပါဘူး။
ဒါတွေက ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူတို့တွေ ရင်ဆိုင်နေရတဲ့
အခြေအနေပေါ်မှာ လုံလောက်တဲ့နားလည်းထောက်ထားမှု မရှိဘူးဆိုတဲ့
ဝေဖန်သံတွေ ထွက်ပေါ်ခဲ့တယ်။
အခုလည်း ကချင်ပြည်ကို လာပါအုံးမယ်။ဒေါ်အောင်ဆန်းစုကြည်က ကချင်ပြည်သူတွေ
ကို ချစ်လို့လာတာမဟုတ်ပါဘူး။ ရွေးကောက်ပွဲမှာ NLD ပါတီကို မဲပေးအောင်လို့
ဆီဆမ်းနှမ်းဖြူး လာလုပ်တာပါ။ ကချင်ပြည်သူတွေကတော့ ကိုယ့်ကချင်ပြည်
နယ်ကောင်းစားအောင်လုပ်ပေးနိုင်မယ့် ကချင်ပါတီတွေကိုပဲ မဲပေးကြဖို့ ဆုံးဖြတ်
ထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ လာချင်းမကောင်းသလို ရလာဒ်လည်း
မကောင်းနိုင်ဘူးဆိုတာ ပြောချင်ပါတယ်။

kachin News





www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...