Wednesday, 30 September 2015

ပြည်တွင်းနေ နှင့် ဘင်္ဂါလီများ အရှုပ်တော်ပုံ အပိုင်း - ၁


သမိုင်းနဲ့ ချီပြီး ပြန်ပြောရရင်တော့ ….
ဒီပြဿနာတွေဟာ…
အင်္ဂလိပ်အစိုးရ လက်ထက်ကပဲ စရမှာ ဖြစ်ပါတယ်….
ပထမ အင်္ဂလိပ်မြန်မာစစ်အပြီး
အောက်မြန်မာပြည်ကို သိမ်းပိုက်ထားတဲ့ အင်္ဂလိပ်တွေဟာ
၁၈၃၉ ခုနှစ်မှာ မြေရိုင်းများ တိုးချဲ့လုပ်ကိုင်နိုင်ရေး အတွက်
ရခိုင်ပြည်နယ်မှာ မြေယာဥပဒေအသစ် တစ်ရပ် ထုတ်ပြန်ခဲ့ပါတယ် …
အဲဒီ ဥပဒေအရ ....
မြေယာ အမြောက်အများ ပေါ်ထွက်လာခဲ့ ပြီး ...
မြေပိုင်ရှင်များ အနေနဲ့ ....
မြေအမြောက်အများ ပိုင်ဆိုင်လာတဲ့ အတွက်
အလုပ်သမား အများအပြား လိုအပ်လာရာက
စစ်တကောင်းမှ ဘင်္ဂါလီများကို
အမြောက်အများ စတင် ခေါ်ယူခဲ့ပါတယ် …
၁၈၆၉ ခု စူးအက် တူးမြောင်း ဖွင့်ပြီး နောက်ပိုင်းမှာတော့
ရခိုင်ဒေသရဲ့  ဆန်စပါး စိုက်ပျိုး ထုတ်လုပ်တင်ပို့မှု ပမာဏဟာ
ပိုမို ကြီးမားလာတဲ့ အတွက်
စစ်တကောင်းနယ်ဘက်က ဘင်္ဂါလီလယ်ကူလီတွေ အမြောက်အများကို
ထပ်မံ ဝင်ရောက် လုပ်ကိုင် ခွင့်ပေးခဲ့ပါတယ် ….
အုပ်ချုပ်ရေး ကော်မရှင်နာ R.B Smart ရဲ့ 
၁၈၇၂ ခုနှစ်ထုတ် စစ်တွေခရိုင် စာအုပ်မှာ ဖော်ပြထားချက်အရ
၁၈၂၄ ခုနှစ် ဗြိတိသျှတို့ သိမ်းပိုက်စ ရခိုင်ဒေသမှာ
ဘင်္ဂါလီ ဦးရေ (၃၀၀၀၀) ခန့်သာရှိခဲ့ရာမှ
၁၈၇၂ ခုနှစ် သန်းခေါင်စာရင်းမှာ ...
စစ်တကောင်းသား ဘင်္ဂါလီ ဦးရေ (၅၈၂၃၅) ယောက်ထိ တိုးလာခဲ့ပြီး
၁၉၁၁ ခုနှစ် အရောက်မှာ တော့
လူဦးရေ (၁၇၈၆၄၇) ယောက် ၇၇ ရာခိုင်နူန်း ထိ
ဝင်ရောက်မှု များပြားလာခဲ့ကြောင်း ဖော်ပြထားခဲ့ပါတယ် …
၁၉၁၆ ခုနှစ်မှ ၁၉၁၈ ခုနှစ်အတွင်း မှာတော့
Martin & son Company ဟာ
ဘူးသီးတောင်နှင့် မောင်တောကြားမှာ မီးရထားလမ်းဖောက်လုပ်ဖို့ အတွက် ဈေးပေါသော ဘင်္ဂါလီ အလုပ်သမား အများအပြား
ရခိုင်နယ်သို့ ထပ်မံ ခေါ်ယူစေခဲ့ပါတယ်…..
အင်္ဂလိပ် ပြည်သူ့ ကျန်းမာရေးဝန် ရဲ့ ၁၉၃ဝ/၃၁ အစီရင်ခံစာအရ ….
ရခိုင်ဒေသသို့ သာမန်အားဖြင့် တစ်နှစ်လျှင်
စစ်တကောင်းသား ကူလီများ (၄ဝဝဝဝ) ကျော် ဝင်ရောက်လေ့ရှိပြီး ….
၁၉၃၁ ခုနှစ် သန်းခေါင်စာရင်းအရ
စစ်တွေခရိုင်တွင် ဘင်္ဂါလီ ယောက်ျားပေါင်း
(၂၅ဝဝဝဝ) ကျော် ရှိကြောင်း သိရှိရပါတယ်
စစ်တွေခရိုင်မှာ နေထိုင်တဲ့ အိန္ဒိယသားများအနက် ...
၈၈ % မှာ...
စစ်တကောင်းသား ဘင်္ဂါလီ များ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်…
ရခိုင်ပြည်နယ် ရဲ့ အကြီးမားဆုံး အိပ်မက်ဆိုးကြီးတစ်ခုကတော့
၁၉၃၅ ခုနှစ်မှာ စတင်ပေါ်ပေါက်လာခဲ့ပါတယ်…
မြန်မာပြည်ကို အိန္ဒိယ ရဲ့ လက်အောက်ခံပြည်နယ်တစ်ခု အဖြစ်က
ခွဲထွက်ဖို့ ချုပ်ဆိုခဲ့ရတဲ့ 
ဦးစော-ဆာကာ စာချုပ် ဖြစ်ပါတယ်…
မြန်မာဘက်က နန်းရင်းဝန်ဦးစော နဲ့ 
အိန္ဒိယခေါင်းဆောင် ဆာကာတို့ ချုပ်ဆိုခဲ့တဲ့ ဒီစာချုပ်အရ
မြန်မာပြည်ကို အိန္ဒိယ က ခွဲထွက်ချိန်က အစပြုပြီး
သုံးနှစ်တိတိ ...
မြန်မာပြည်တွင်း ၀င်လာတဲ့  အိန္ဒိယက လူ မှန်သမျှကို
လက်ခံ ခွင့်ပြုခဲ့ ရပါတယ်….
အဲဒီသုံးနှစ် အတွင်း မှာပဲ
အိန္ဒိယကနေ မြန်မာပြည် ကို ပြောင်းရွေ့ အခြေချခဲ့ကြတဲ့  လူဦးရေဟာ
မူလကထက် သုံးလေးဆ ပိုမို များပြားသွားခဲ့ရပါတယ် ....
၁၉၃၉ ခုနှစ်မှာ
အင်္ဂလိပ်အစိုးရဟာ အဲဒိပြသနာကို စုံစမ်းရေး ကော်မရှင်ဖွဲ့ စုံစမ်းခဲ့ကြပြီး
မင်းကြီး မစ္စတာ ဂျိမ်းအက်စ်တာ က ဥက္ကဋ္ဌ ....
ဦးတင်ထွဋ် နှင့် မစ္စတာ ဒေဆိုင်း(ရန်ကုန်တက္ကသိုလ်)တို့ က
အဖွဲ့ဝင်များအဖြစ် ပါဝင်ခဲ့ကြပါတယ် …
ကော်မရှင် ရဲ့ အစီရင်ခံစာအရ
ခရိုင်အလိုက် ပျံ့နှံ့နေတဲ့ အိန္ဒိယလူမျိုးများ စာရင်းမှာ
စစ်တွေခရိုင်မှာ (၂၁ဝ၉၉ဝ)...
ရခိုင်တောင်တန်းဒေသမှာ (၅ဝဝ)....
ကျောက်ဖြူခရိုင်မှာ (၄၃၂၁)....
သံတွဲခရိုင်မှာ (၁၉၉ဝ) တို့ဖြစ်ပြီး ...
စုစုပေါင်း (၂၁၇၈ဝ၁) ဦး ဖြစ်သည်ကို တွေ့ရှိရပါတယ်....
၎င်း အစီရင်ခံစာမှာပဲ...
ရခိုင်သို့ နှစ်စဉ်နှစ်တိုင်း ...
စစ်တကောင်းမှ ဘဂ်ါလီ အများအပြား ဝင်ရောက်လာခြင်းကို
ရခိုင်လူမျိုးများသာမက
ရခိုင်တွင် ရောက်ရှိ နေထိုင်လျက်ရှိသော
လက်ရှိ ဘင်္ဂါလီ များကပင် မနှစ်သက်ကြောင်း တင်ပြခဲ့ပါတယ်….
ယခုလို ရခိုင်ဒေသကို
စစ်တကောင်း ဘင်္ဂါလီ များ
အဆက်မပြတ် ဝင်လာနေခြင်းကို မတားဆီးနိုင်ခဲ့လျှင်
အနာဂတ်တွင် လူမျိုးရေး အဓိကရုဏ်းများ ဖြစ်ပွားလာမည်ကို စိုးရိမ်ရကြောင်း....
သက်သေများ အားလုံးက ...
စစ်တကောင်း ဘင်္ဂါလီများ ဝင်ရောက်မှုကို တားဆီးသင့်ကြောင်း
အကြံပြုခဲ့ ကြတယ်လို့ တင်ပြ ခဲ့ ပါတယ် ….
ဒါပေမယ့် ဒုတိယကမ္ဘာစစ်ရဲ့ စစ်ရိပ်စစ်ငွေ့ တွေက ....
အုံ့ ဆိုင်းမှုန်မှိုင်းနေပြီ ဖြစ်လို့ .....
ဘယ်သူမှ ဘာမှ မတတ်နိုင်ကြ တော့ပါဘူး….
၁၉၄၁ ခုနှစ် အရောက် မှာတော့ .....
စစ်တွေ ခရိုင်မှာ ...
လူဦးရေ ခုနှစ်သိန်းခွဲကျော်အထိ တိုးပွားလာပြီး
အများစုဟာ ဒေသခံ ရခိုင်များ မဟုတ်ကြတော့တဲ့ အခြေအနေကို
ရောက်ရှိလို့ နေခဲ့ပါပြီ …..
၁၉၄၂ ခုနှစ် ဒုတိယ ကမ္ဘာစစ် အဖြစ် ....
ရခိုင်ဒေသ အုပ်ချုပ်ရေးယန္တရား ပျက်ပြားသွားချိန် မှာတော့ ....
လက်နက်ခဲယမ်းတွေက နေရာအနှံ့ ပြန့် နှံ့  ....
နဂို ပြသနာအခံလေးတွေကလည်း ရှိနေတာ ဖြစ်လို့ ....
ကြိုတင်မှန်းဆထားတဲ့ အတိုင်း
ကုလား-ရခိုင် အဓိကရုဏ်း စတင်လာပါတော့တယ် …
အဓိကရုဏ်း ဟာ ...
ရခိုင်ပြည် တစ်ခုလုံးနီးပါး ကျယ်ပြန့် စွာဖြစ်ပွားခဲ့ပြီး
မြေပုံ၊မင်းပြား၊ပေါက်တော၊မြို့ ဟောင်း၊ကျောက်တော် ဒေသများ မှာ
ရခိုင်တွေက အရေးသာခဲ့ ကာ .....
ဘူးသီးတောင်၊မောင်းတော၊ ရသေ့တောင် စတဲ့ ဒေသများမှာတော့ ...
ဘင်္ဂါလီများက အရေးသာခဲ့ပါတယ်…..
၁၉၄၂ မေလ ၇ ၇က်နေ့ မှာ...
ဗိုလ်ရန်အောင် ခေါင်းဆောင်တဲ့  ဘီအိုင်အေတပ်ဟာ
စစ်တွေမြို့ ကို သိမ်းပိုက်လိုက်ပါတယ် …
အဓိကရုဏ်း အတွင်း ...
ဘူးသီးတောင်နဲ့ မောင်တောမှာ ပိတ်မိနေတဲ့  ရခိုင်တွေကို ကယ်တင်ဖို့ ...
တပ်ကူတွေ စေလွှတ်ခဲ့ရာ ...
မောင်တောကို စေလွှတ်ခဲ့ တဲ့  တပ်ဖွဲ့ ဟာ ....
ဘဂ်ါလီများရဲ့ တိုက်ခိုက်မှုကြောင့် ...
တပ်ဖွဲ့ တစ်ခုလုံး ကျဆုံးသွားခဲ့ပေမယ့် ...
ရခိုင်အများစုကတော့ ...
အိန္ဒိယနိုင်ငံထဲက ဒိန္နာစပူရ် စစ်ပြေးစခန်းကို
ထွက်ပြေး လွတ်မြောက်သွားခဲ့ပါတယ်…
ဘူးသီးတောင်ကို ပေးပို့ ခဲ့တဲ့  လက်နက်တွေကတော့ ...
ဂျပန်စစ်တပ်ရဲ့ သိမ်းဆည်းခြင်းကို ခံလိုက်ရပါတယ်…
၁၉၄၂ ဇွန်လထဲမှာတော့ ..
ဗိုလ်ရန်အောင် ဦးစီး တပ်ခွဲ နှစ်ခွဲဟာ ဘူးသီးတောင်ထိ ချီတက်ကာ
မြို့ ပတ်ဝန်းကျင်ကို ရှင်းလင်းလိုက်ပြီး
ငွေတိုက်ထဲက ငွေတွေကို
ဒိုင်းနက် စစ်ပြေးဒုက္ခသည်တွေကို ခွဲဝေပေးခဲ့ပါတယ်…
မကြာခင်ပဲ ဂျပန်က ....
ဘီအိုင်အေကို ဖျက်သိမ်းပြီး ဘီဒီအေ ဖွဲ့ ဖို့ အတွက် ....
တပ်တွေကို ရန်ကုန်မှာစုဖို့ အမိန့် ရောက်လာပြီ ဖြစ်လို့  ....
၁၉၄၂ ဇွန်လ ၂၆ ရက်နေ့ မှာ ...
ဘီအိုင်အေ တပ်တွေ စတင်ဆုတ်ခွာပါတယ် …
မြို့ မှာ ကျန်မနေရဲလို့  တပ်နဲ့ အတူ လိုက်ပါဖို့ ကြိုးစားတဲ့  ....
ရခိုင်ဒုက္ခသည်တွေ ပါဝင်တဲ့ မီးသင်္ဘောတစ်စီးဟာ ...
မြစ်လယ်မှာ နစ်မြုပ်တဲ့ အတွက် ....
လူ၄၀၀ကျော် တစ်ပြိုင်နက်သေဆုံးသွားခဲ့ပြီး ...
ရခိုင်ခေါင်းဆောင် ဦးပညာသီဟ အပါအ၀င် ...
လူ၅၀ကျော်ပဲ အသက်ရှင်ခဲ့တယ်လို့  ...
သမိုင်းမှတ်တမ်းတွေမှာ အတိအကျတွေ့ ရပါတယ်….
ဘူးသီးတောင် မြို့ ဟာ ...
ဘင်္ဂါလီတွေ လက်ထဲ ကျရောက်သွားပြီး
အဲဒီဒေသတွင်းက ရခိုင်တွေဟာ
ရခိုင်ဒေသ တောင်ပိုင်းကို အစုလိုက်အပြုံလိုက် ထွက်ပြေးရတဲ့ အတွက်
အဓိကရုဏ်း ရဲ့ အရှိန်ဟာ
တဖြည်းဖြည်း လျော့ကျ အေးဆေးလာပါတော့တယ်...
၁၉၄၈ ခုနှစ်မှာ
မွတ်ဆလင် လွတ်မြောက်ရေး အဖွဲ့ (MLO) ညီလာခံကို
မောင်တော မြို့နယ်၊ “ဂရဗျင်”ရွာ မှာ ကျင်းပခဲ့ပါတယ် ….
ဒီညီလာခံကနေ အဖွဲ့အမည်ကို ...
မူဂျာဟစ် ပါတီ လို့ တရားဝင် ပြောင်းလဲဖွဲ့စည်းလိုက်ပြီး...
အဖွဲ့ ရဲ့ စစ်ရေးခေါင်းဆောင်မှာ Jaffar Kawal နဲ့ ...
လက်ထောက်မှာ ဟူစိန် တို့ ဖြစ်ကြပါတယ် ….
နောက်ပိုင်းမှာတော့ အဖွဲ့ ခေါင်းဆောင်အဖြစ် ...
အဗ္ဗဒူကာစင် က တာဝန်ယူဆောင်ရွက်ခဲ့ပါတယ်…
မူဂျာဟစ်ပါတီဟာ ....
၁၉၃၆ ခုနှစ်ကတည်းက ရှိနှင့်ပြီးဖြစ်တဲ့  ...
ဂျမေတူ အူလမား ဘာသာရေး အသင်းရဲ့ ....
တရားမ၀င် မြေအောက်လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်ပြီး ...
“မူဂျာဟစ်”ဟူသော စကားရဲ့ အဓိပ္ပာယ်မှာ ....
“မိမိတိုင်းပြည်နှင့် ဘာသာရေးအတွက် တိုက်ခိုက်သူ”ဟု အဓိပ္ပာယ်ရရှိပါတယ်…
မူဂျာဟစ် များဟာ ...
ယူနီဖောင်းဝတ်ဆင်ပြီး ကြယ်တံဆိပ်ပါသော ဦးထုပ်ကို အသုံးပြုကာ ....
တစ်ဖက်နိုင်ငံက လက်နက်ကိုင် ကုလားဆိုးများ နဲ့ ...
ပူးပေါင်းလုပ်ရှားလေ့ ရှိပါတယ်…
ရည်ရွယ်ချက်ကတော့ ...
ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင် နယ်များကို ...
မြန်မာနိုင်ငံအတွင်းမှ ခွဲထုတ်ပြီး ....
ပါကစ္စတန်နှင့် ပူးပေါင်းနိုင်ဖို့  ...
လက်နက်ကိုင်အကြမ်းဖက် တိုက်ခိုက်ရေး ဖြစ်ပါတယ်…
မကြာခင်ပဲ မူဂျာဟစ်များဟာ ....
အင်အား ထောင်ဂဏန်းထိ တိုးတက်များပြားလာပြီး ..
အဲဒီဒေသက ရခိုင်ရွာအများစု နဲ့ ဘုရားကျောင်းကန်တွေဟာ ....
မြေလှန် အပြတ်ရှင်းခံရတဲ့ အခြေအနေကို ...
ရောက်ရှိလာပါတော့တယ်….
၁၉၅၁ ခုနှစ် နှစ်ဦးပိုင်း မှာ ...
လွတ်လပ်ရေးရစကတည်းက ...
တောက်လျောက် ချာလပတ်ရမ်းနေခဲ့တဲ့ မြန်မာ့ တပ်မတော်ဟာ ...
အသက်ရူချောင်စ ပြုလာပါတယ်..
ဒါဟာ မူဂျာဟစ်တို့ ဇာတ်သိမ်းခန်း ရဲ့ အစ စာမျက်နှာ ဖြစ်သလို ....
မကြာခင်မှာပဲ ရခိုင်ဒေသ ကို ချီတက်လာတော့မယ့် ....
တပ်မတော် စစ်ကြောင်းတွေရဲ့  စစ်ခရာမှုတ်သံ လို့ လဲ ဆိုနိုင်ပါတယ်….
၁၉၅၂ အောက်တိုဘာမှာ ...
မြန်မာ့တပ်မတော် ဟာ ..
မေယုစစ်ဆင်ရေးကို စတင်ပါတယ် ….
ရာနဲ့ ချီတဲ့ တပ်ဖွဲ့ တွေဟာ ...
ရခိုင်ပြည်နယ်ကို ထိုးဖောက်ဝင်ရောက်လာပြီး ....
နိုဝင်ဘာလမှာတော့ ....
မူဂျာဟစ်ဌာနချုပ်ရှိရာ ...
လက်ပန်တောင် (မပည ပီအမ် ၂၅၈၇) ကို...
တိုက်ခိုက်သိမ်းပိုက်လိုက်ပါတယ်…
၁၉၅၄ နိုဝင်ဘာမှာ ....
ဘူးသီးတောင် နဲ့ မောင်းတော နယ်မြေတွေမှာ ...
မုတ်သုန်စစ်ဆင်ရေးကို ဆင်နွဲခဲ့ပြီး…
မူဂျာဟစ်တွေကို ကောက်သင်းကောက် လိုက်လံချေမှုန်းပြစ်ခဲ့တဲ့ အတွက် ....
၁၉၅၅ နှစ်ဦးမှာတော့ ....
မူဂျာဟစ် အင်အားဟာ ၂၀၀ ခန့် ပဲ ကျန်ရှိပြီး ...
နယ်စပ်မှာပဲ ခိုလှုံနေရတော့တဲ့ အနေအထားကို ...
ရောက်ရှိသွားပါတော့တယ်…..
ဦးနု အစိုးရ လက်ထက် ...
၁၉၅၁ ခုနှစ် ပါလီမန်ရွေးကောက်ပွဲမှာ ....
ဘူးသီးတောင်မဲဆန္ဒနယ် (၂) မှ မစ္စတာ အဘူဘော်ရှော် ...
မောင်းတောမဲဆန္ဒနယ် (၁) မှ မစ္စတာ စူလတန် အာမတ် ....
မောင်တောမဲဆန္ဒနယ် (၂) မှ မစ္စစ် ဇူရာဘေဂေါမ် (ခ) ဒေါ်အေးညွန့် တို့ ...
ဝင်ရောက် အရွေးချယ်ခံကြရာမှာ ....
အားလုံး အနိုင်ရခဲ့ပါတယ်….
ဘယ်ပါတီပဲ ဖြစ်ဖြစ် ...
ဘင်္ဂါလီလူမျိုး အမတ်လောင်း မဟုတ်ရင် ...
လူများစုဖြစ်တဲ့ ဘင်္ဂါလီမဲကို မရရှိနိုင်တဲ့အတွက် ....
ဖဆပလ အနေနဲ့ ...
အဲဒီဒေသမှာ ရွေးကောက်ပွဲ နှစ်ကြိမ်လုံး ရှုံးနိမ့် ခဲ့ရပါတယ် …
အခြားရခိုင်ဒေသတွေမှာလည်း ..
ဖဆပလဟာ ရခိုင်တိုင်းရင်းသားပါတီ ဖြစ်တဲ့  ...
ရတည ကိုလည်း မနိုင်နိုင်တဲ့ အတွက် ...
တတိယအကြိမ် ပါလီမန် ရွေးကောက်ပွဲမှာ ...
ရခိုင်ပြည်နယ်မှ အနိုင်ရရှိရေးအတွက် …
ပြည်ထဲ ရေးဝန်ကြီး ....
မစ္စတာ အဒူ လာဒစ် (ခ) ဦးအေးမောင် ရဲ့ ထောက်ခံ ချက် နဲ့ ...
ဘင်္ဂါလီများကို ယာယီနိုင်ငံသားကဒ်များ ထုတ် ပေးခဲ့ပြီး ....
မဲစာရင်းများမှာ ထည့်သွင်းပေးခဲ့ပါတယ်….
အဲဒီလို လုပ်ဆောင်ပေးခဲ့မှုများကြောင့် ....
၁၉၅၆ ခုနှစ် တတိယအကြိမ် ပါလီမန် ရွေးကောက်ပွဲမှာ ..
ဘူးသီးတောင်မဲဆန္ဒနယ် (၁) မှ မစ္စတာ အဲဇာရ်မီယာ ...
ဘူးသီးတောင် မဲဆန္ဒ နယ် (၂) မှ မစ္စတာ အဘူ ဘော်ရှော ...
မောင်တောမဲဆန္ဒနယ် (၁) မှ မစ္စတာ စူလတန် အာမတ် ...
မောင်တောမဲဆန္ဒနယ် (၂) မှ မစ္စတာ အဘူ ခိုက်ရ် ...
အထက်လွှတ်တော်၌ မစ္စတာ ဂဖားတို့ အနိုင်ရရှိခဲ့ ပြီး ....
ကြားဖြတ်ရွေးကောက်ပွဲမှာ ....
ဘူးသီးတောင်မြောက်ပိုင်းမဲဆန္ဒနယ်မှ ...
မစ္စတာ စူလတန် မာမွတ် အရွေးခံခဲ့ ရပါတယ်…
ဦးနု အစိုးရဟာ ...
အစိုးရ အဖွဲ့ အတွင်းမှာ ...
မစ္စတာ စူလတန် မာမွတ် ကို ပညာရေးဝန်ကြီး ...
ကျန်းမာ ရေးဝန်ကြီးရာထူးများ ပေးအပ်ခဲ့ ပြီး ....
မစ္စတာ စူလတန် အာမတ်ကိုတော့ ...
လူမျိုးစု ရေးရာဝန်ကြီးဌာန ပါလီမန်အတွင်းဝန်ရာထူး ..
( ဒုဝန်ကြီး အဆင့်နှင့်ညီသည်) ကို ပေးအပ်ခဲ့ ပါတယ် ….
၎င်းတို့အပြင် ....
မစ္စတာ ဂဖား နှင့် မစ္စတာ အဘူ ဘော်ရှော်တို့ကိုလည်း ...
ကျန်းမာရေး ဝန်ကြီးဌာန ပါလီမန်အတွင်းဝန်ရာထူးများ ...
အသီးသီးပေးအပ်ခဲ့ပါတယ်….
များမကြာခင်မှာပဲ ....
မြန်မာ့အသံကနေ ရိုဟင်ဂျာ အသံ ဆိုပြီး ...
စတင် ထုတ်လွှင့်ခွင့် ပြုလိုက်ပါတော့တယ်….
၁၉၆၁ ခုနှစ် ပါလီမန် ရွေးကောက်ပွဲမှာတော့ ...
ဘူးသီးတောင် မဲဆန္ဒနယ် (၁) မှ မစ္စတာ စူလတန် မာမွတ် ..
ဘူးသီးတောင်မဲဆန္ဒနယ် (၂) မှ မစ္စတာ အဘူ ဘော်ရှော် ...
မောင်တောမဲဆန္ဒနယ် (၁) မှ မစ္စတာ ရာရှစ် ...
မောင်တောမဲဆန္ဒ နယ် (၂) မှ မစ္စတာ အဘူ ခိုက်ရ်နှင့် ...
အထက်လွှတ်တော်အတွက် မစ္စတာ အဒူ ဆူဗန်တို့ ရွေးချယ်ခံခဲ့ရပြီး ....
၁၉၇၄ ခုနှစ် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ် ...
ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲမှာ ....
ဘူးသီးတောင်မဲဆန္ဒနယ် (၁) မှ မစ္စတာ အဘူ ဟူစိန်နှင့် ....
မောင်တောမဲဆန္ဒနယ် (၁) မှ ဒေါက်တာ အဒူ ရဟင် ...
၁၉၇၈ ခုနှစ် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲမှာတော့ ...
မောင်တောမဲဆန္ဒနယ် (၂) မှ မစ္စတာ အဒူဟိုက် (ခ) ဦးထွန်းအောင်ကျော် ..
ရွေးချယ်ခံရသည်ကို တွေ့ရှိရပါတယ်….
၅.၅.၁၉၇၈ ၇က်နေ့ မှာ ....
မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီဟာ ....
နဂါးမင်း စီမံချက် ....
(အိမ်ထောင်စုကဒ်ပြားနှင့် မှတ်ပုံတင် စစ်ဆေးခြင်းစီမံကိန်း) ကို ...
စတင်ပါတယ်….
အဲဒီ စီမံကိန်းကြောင့် ...
တရားမ၀င်ခိုးဝင်သူ အများအပြားထွက်ပြေးခဲ့ရပြီး ....
နိုင်ငံတကာရဲ့ အကြီးအကျယ်ဖိအားပေးမှုကြောင့် ...
ထွက်ပြေးသွားသူများကို ...
ဟသာၤစီမံခ်က္နဲ ့ ....
ပြန်လည် စိစစ် လက်ခံခဲ့ရပါတယ် ….
၁၉၈၂ ခုနှစ်မှာတော့ …
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဟာ ....
ပညာရှင်ပေါင်းစုံ ပါဝင်တဲ့ အဖွဲ့ က ....
၆ နှစ်တိတိ လေ့လာရေးဆွဲခဲ့တဲ့  ...
၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေကို ....
ပြည်သူ့ လွှတ်တော် ဥပဒေအမှတ် ၄ အဖြစ်နဲ့  ...
အတည်ပြုပြဋ္ဌာန်းလိုက်ပါတယ်….
ဒီဥပဒေအရ ...
နိုင်ငံသား ဖြစ်ခွင့် အရည်အချင်းကို တင်းကြပ်ပြစ်ခဲ့ ပြီး ...
နိုင်ငံသား အရည်အချင်း မပြည့်မီတဲ့  ဘင်္ဂါလီများကို ....
လွှတ်တော်အမတ်များအဖြစ် ...
ဝင်ရောက်အရွေးခံခွင့်က ကန့် သတ်ပြစ်ခဲ့ပါတယ်….
ဒါဟာ အဲဒီဒေသက ခိုးဝင် ဘင်္ဂါလီအများအပြားအတွက်တော့ ...
အိပ်မက်ဆိုးကြီး တစ်ခုလို့ ဆိုနိုင်မှာလည်းဖြစ်ပါတယ်….
၁၉၈၈ ခုနှစ် စက်တင်ဘာ ၁၉ ရက်နေ့ မှာ ....
တပ်မတော်က နိုင်ငံတော် အာဏာကို လွှဲပြောင်းရယူ ခဲ့ပါတယ်…
တပ်မတော်အစိုးရ ဟာ ...
ပြည်တွင်းဆူပူမှုတွေ ...
တဖြည်းဖြည်း တည်ငြိမ်လာတော့တာနဲ့ တစ်ပြိုင်နက် ...
ရခိုင်ဒေသမှာ ...
နယ်စပ်ဒေသ လူဝင်မှု ကြီးကြပ်ကွပ်ကဲရေး အဖွဲ့ ကို ...
စတင် ဖွဲ့ စည်းလိုက်ပါတယ်….…
အဲဒီ နစက အဖွဲ့ ဟာ ...
တပ်မတော်ထောက်လှမ်းရေး ၊ရဲ ၊လ၀က နဲ့ တပ်တို့  ...
ပူးပေါင်းဖွဲ့ စည်းထားတဲ့ အဖွဲ့ ဖြစ်ပြီး ....
နိုင်ငံတကာ ဥပဒေတွေအရ ...
စစ်တပ်ချထားလို့ မရတဲ့  နယ်စပ်မျဉ်းတစ်လျောက်မှာ ....
နယ်မြေကြီး ၉ခု စခန်း၂၅ ခု အဖြစ် ဖွဲ့ စည်းပြီး ....
တစ်ဖက်နိုင်ငံက လူဦးရေ စိမ့်ဝင်မှုကို ...
စတင်ထိန်းချုပ်ပါတော့တယ်…
နစက အဖွဲ့ ရဲ့ နာမည်ကြီး လုပ်ငန်းတစ်ခုကတော့ ….
ဆွဲ တင် စစ် စီမံချက် လို့  လူသိများပါတယ်…..
မြေပုံရေးဆွဲခြင်း ……
မှတ်တမ်းတင်ခြင်း ….
စစ်ဆေးခြင်း တွေ ပြုလုပ်တာပါ…..
မြေပုံရေးဆွဲမှုဟာ ...
နယ်မြေဒေသ ကျေးရွာ လမ်း တွေအပြင် ...
ရွာအတွင်းက အိမ်တစ်လုံးခြင်းကိုပါ ...
အသေးစိတ်မြေပုံ ရေးဆွဲပါတယ်….
မှတ်တမ်းတင်တာကတော့ ပိုပြီးအသေးစိတ်ပါတယ်….
မိသားစု တစ်စုချင်း တစ်ယောက်ချင်း ...
ဓာတ်ပုံ ရိုက်ပြီး ...
ကိုယ်ရေးအချက်အလက်အတိအကျနဲ့ ...
အသေးစိတ်မှတ်တမ်းတင်ပါတယ်…
မွေးဖွားလာတဲ့  ကလေးကိုပဲ ...
မွေးစာရင်းနဲ့ စိစစ်အင်အားတိုးခွင့်ပြုပြီး ...
အခြားမည်သည့်ကိစ္စ မည်သည့်အကြောင်းနဲ့ မှ ...
အင်အားတိုးလို့ မရပါဘူး …
စိစစ်တဲ့ကိစ္စကတော့ ...
မိသားစုအလိုက် အိမ်အလိုက် ရွာအလိုက် ....
နယ်စပ် စခန်း ဂိတ်တွေ လှည့်ကင်းတွေ နဲ့  ...
တိတိကျကျ စိစစ်တာဖြစ်တဲ့ အပြင်
သတင်းပေးတွေ အမြောက်အများမွေးမြူထားတဲ့ အတွက် ..
ရွာတွေမှာ လူစိမ်း ရောက်လာပြီး ...
နာရီပိုင်းအတွင်းမှာပဲ ...
သတင်း တန်းရတဲ့ အနေအထားအထိ ဖြစ်လာပါတယ်…..
နစက လက်ထက်မှာ ...
တစ်ဖက်နိုင်ငံက လူသစ်စိမ့် ဝင်မှုဟာ ...
လုံးဝ မရှိသလောက် ဖြစ်သွားခဲ့ပေမယ့် ...
အရင်ကတည်းက ရောက်ရှိပြီးသား ဘင်္ဂါလီ တစ်ချို့ ဟာ ...
ဌာနေ အကျင့်ပျက် ၀န်ထမ်းအချို့ နဲ့ ပူးပေါင်းပြီး ...
ပြည်တွင်းကို ခိုးဝင်တဲ့ ဖြစ်စဉ် တစ်ချို့ ကတော့ ...
အနည်းငယ် ရှိမြဲ ရှိနေသေးတာကို တွေ့ ရပါတယ်….
၂၀၁၀ ခုနှစ် ရွေးကောက်ပွဲမှာတော့ ...
တပ်မတော်အစိုးရ ထဲက ဒေသဆိုင်ရာ တာဝန်ရှိသူ တစ်ချို့ ဟာ ....
အသစ်ဖွဲ့ စည်းလိုက်တဲ့ သူတို့ ပါတီ မဲရဖို့ အတွက် ....
ဦးနူအစိုးရ လက်ထက်တုန်းက ဆန်ဆန် အမှားမျိုးကို ...
ထပ် ကျူးလွန်ခဲ့ပါတယ်….
အဲဒါကတော့ ဘင်္ဂါလီ ငါးသိန်းရဲ့ မဲကို လိုချင်တဲ့ အတွက် ...
ဘင်္ဂါလီ တွေကို မဲပေးခွင့် ပြုလိုက်တဲ့ ကိစ္စပါပဲ …
ဒီကိစ္စ ဟာ ပြည်ခိုင်ဖြိုးပါတီအတွက် ...
သမိုင်းမှာ အရှက်ရစရာ ကိစ္စ ကြီးတစ်ခုအဖြစ် ....
မှတ်တမ်းတင် ကျန်ခဲ့တော့မှာလည်း ....
အသေအချာ ဖြစ် ပါတော့တယ်…

Ye Moe

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...