Friday, 16 October 2015

54 ခြံထဲက သတင်းများ


တိုင်းပြည် အုပ်ချုပ်မယ်လို့ စိတ်ကူးတဲ့သူတွေမှာ လူရွေးချယ်တာ၊ ဆုံးဖြတ်ချက်ချတာတွေ မှန်ကန်ဖို့ အထူးလိုအပ်ပါတယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်လိုမျိုး လူတစ်ဦးတစ်ယောက်ထဲက အရာရာကို အာဏာရှင်ဆန်ဆန် ဆုံးဖြတ်နေတဲ့ အဖွဲ့အစည်းမှာဆိုရင် ပိုလို့တောင် အရေးကြီးပါသေးတယ်။ အခုနောက်ဆုံးတော့ ရွေးကောက်ပွဲနိုင်ရင် ဘယ်သူသမ္မတဖြစ်ဖြစ် ကျွန်မပဲ ဦးဆောင်သွားမှာပါလို့ ပါတီခေါင်းဆောင်နှုတ်က ထုတ်ပြောလာချိန်မှာ ထောက်ပြစရာ လွဲဟာမှုလေးတွေကို သတိရလာမိပါတော့တယ်။ မှန်တယ်၊ မှားတယ်။ ဆိုးတယ်၊ ကောင်းတယ်ဆိုတာကိုတော့ ဖတ်ပြီးတဲ့လူတွေ ကိုယ့်ဟာကိုယ်သာ ဆုံးဖြတ်နိုင်ကြဖို့ ငြင်းမရတဲ့ အချက်အလက်လေးတွေကိုပဲ ထောက်ပြလိုက်တာပါ။
၁။ ဒေါ်စုကြည် အကျယ်ချုပ်က လွတ်ပြီးတဲ့အခါ အနားနေ အပါးတော်မြဲအဖြစ် ခန့်အပ်တာဝန်ပေးအပ်ခံခဲရသသူက ကိုခွန်သာမြင့် ဖြစ်ပါတယ်။ NLD ဗဟိုအလုပ်အမှုဆောင် ဦးဟန်သာမြင့်ရဲ့ ညီငယ် ဗိသုကာပညာရှင်တစ်ယောက်ပါ။ ပါတီမှာ အဖွဲ့ဝင်တွေ များစွာရှိပါလျက်ကယ်နှင့် ပြင်ပက ဗိသုကာကို သူ့ရဲ့ အပါးတော်မြဲခန့်ပြီး သွားသမျှခရီးစဉ်တွေမှာ အတူခေါ်သွားတာပါ။ သူ့အကြောင်းပြချက်ကတော့ ကိုခွန်သာဟာ ပါတီတာဝန်ရှိသူ မဟုတ်ပေမယ့် သူအကျယ်ချုပ်ကျနေတုန်း အိမ်ပြင်မယ်ဆိုတဲ့ ရည်ရွယ်ချက်နှင့် အစိုးရခွင့်ပြုချက်ရယူပြီး နေ့စဉ်ဝင်ထွက်ခွင့် ရခဲ့သူ ဖြစ်လို့ပါတဲ့။ နောက်တော့ ကိုခွန်သာ့ဇနီး မန္တလေးက သူဌေးသမီး မသီတာမြင့်နဲ့ ပြသနာဖြစ်ပါတယ်။ အဲဒါကြောင့် သူတို့မိသားစုကိုပါ အိမ်ဝင်းထဲ စည်းရုံးပြီးခေါ်ထားဖို့ ကြိုးစားကြည့်ပါသေးတယ်။ သိပ်အစဉ်မပြေပါဘူး။ နောက်ဆုံးတော့ ဒေါ်စုကြည်ရဲ့ နိုင်ငံခြားခရီးစဉ်တစ်ခုမှာ အရှက်လုံးလုံးကွဲတော့တာပါပဲ။ ထိုင်းအစိုးရက NLD ပါတီမှာ နိုင်ငံခြားရေးဌာနက ပြုတ်သွားတဲ့ သံတမန် ကိစ္စတွေကို နားလည်သူ တစ်ပုံတစ်ပင် ရှိပါလျက်နဲ့ ခေါ်လာပြီး တာဝန်မပေးဘဲ ကိုခွန်သာလိုလူကို ပွဲထုတ်လာလို့ အစီအစဉ်တွေ ကမောက်ကမ ဖြစ်ကုန်တယ်လို့ ထုတ်ပြောလိုက်မှ
နေရာကနေ ဖယ်လိုက်ရပါတယ်။ ဒါက ပထမအကြိမ် အရှက်ကွဲခြင်းဖြစ်ပါတယ်။
၂။ တကယ်တော့ ကိုခွန်သာကို ဖယ်ရှားလိုက်တာဟာ ထိုင်းက ထောက်ပြလို့ သက်သက် မဟုတ်ပါဘူး။ အစားထိုးစရာ ဟစ်ဟော့ အဆိုတော် လူငယ်လေး ဇေယျာသော် ကို တွေ့သွားလို့သာ ဖြစ်ပါတယ်။ NLD မှာ အရည်အချင်း ပြည့်စုံပြီး အစဉ်အလာကြီးမားတဲ့သူတွေ များစွာရှိပါလျက်နဲ့ အရှင်မွေးတော့ နေ့ချင်းကြီးဆိုသလို ဇေယျာသော်တစ်ယောက် ချက်ချင်း ပါတီဝင်ဖြစ်ရုံမက ကြားဖြတ်ရွေးကောက်ပွဲမှာ ရှားရှားပါးပါး အမတ်နေရာ လေးဆယ်ကျော် ရှိတဲ့အထဲ သူက သူများတွေထက်ကျော်ပြီး ရခဲ့ပါတယ်။ ပါတီဝင်တွေရဲ့ သာရေး နာရေးတောင် ဒေါ်စုကြည်က မအားလို့ မသွားနိုင်တဲ့အချိန်မှာ အနဂ္ဂနှင့် သံသာဝင်းမင်္ဂလာဆောင်ကို ဇေယျာသော်ဖိတ်ပေးလို့ဆိုပြီး ဆယ်လယ်ဘရစ်တီ ဒိတ်အဖြစ်တွဲတက်ပေးခဲ့ပါတယ်။ ဥရောပခရီးစဉ်မှာ အိုင်ယာလန် တေးဂီတအဖွဲ့ ဘိုနိုက ဒေါ်စုကြည်ကို ဂုဏ်ပြုတဲ့ ပွဲလုပ်မှာကို မြန်မာအဆိုတော် ဇေယျာသော်လည်း ဝင်ရောက်သီဆိုပေးဖို့ တစ်ရက်လောက် ကြိုတင် လေ့ကျင့်ရအောင်ပါလို့ခေါ်လိုက်ပါတယ်။
ပြင်သစ်၊ ဂျာမနီတို့ကို ဒေါ်စုကြည်နှင့် အတူရောက်နေတဲ့ ဇေယျာသော်ကလည်း တက်မယ်ပေါ့။ ဒါပေမယ့် တစ်ရက်လောက်ကြိုပြီး အိုင်ယာလန်ကိုသွားလိုက်ရင် ဒေါ်စုကြည်ကို တစ်ရက်လောက် ပြုစုမယ့် အနားနေ တပည့် မရှိမှာစိုးလို့ဆိုပြီး ဒေါ်စုကြည်က ကြိုမလွှတ်ပါဘူး။ ဥရောပ ကြည်ငါးပွင့် ဟိုတယ်ကြီးမှာ အနားနေ ပြုစုမဲ့လူမရှိဘဲ တစ်ညတောင် မနေနိုင်ရလောက်အောင် ဒေါ်စုကြည်ဟာ ဘယ်လောက်များ အိုမင်းမစွမ်း ဖြစ်နေလို့ပါလိမ့်။ အဆိုးဆုံးကတော့ လွှတ်တော်တက်တဲ့ တစ်ရက်မှာ လွှတ်တောာ်ကိုယ်စားလှယ်တွေ အစည်းဝေးခန်းမထဲကို ဝင်ရင် တပ်ရတဲ့ သူတို့ရဲ့ ရေး-၁၀၀ လိုကဒ်ပြားလိုပါတယ်။ ဒါပေမယ့် တစ်ရက်မှာ ဒေါ်စုကြည်ဟာ အဲဒီကဒ်ပြား အိပ်ခန်းထဲမှာ ကျန်ခဲ့လို့ဆိုပြီး ဝင်ရခက်နေလို့ လွှတ်တော်ရုံး ဝန်ထမ်းတွေက နားလည်မှုနှင့် သွင်းပေးခဲ့ပါတယ်။ အဲဒါကိုလည်း ဒေါ်စုကြည်က သူနှင့်အတူ တည်းခိုရာမှာ ကိုယ်ရေးအရာရှိအဖြစ် လိုက်နေတဲ့ ဇေယျာသော်ကို အပြစ်မပြောပါဘူး။ အခြား NLD အမတ်တွေတောင် မျက်လုံးပြုးခဲ့ရပါတယ်။
၃။ အိမ်ခန်း အပါးတော်မြဲပြီးတော့ ရုံးအတွင်းအရေးမှူးဖြစ်တဲ့ ဒေါ်တင်မေအောင် အကြောင်းလည်း မပြောလို့ မဖြစ်ပါဘူး။ သူဟာ အရင်တုန်းက ကုလသမဂ္ဂ ကလေးသူငယ် ရန်ပုံငွေအဖွဲ့မှာ အရာရှိပါ။ အဲလိုလုပ်နေရင်းနှင့် သူနဲ့ ရင်းနှီးတဲ့ ဆရာဝန်တစ်ယောက်ကို သူတို့ရုံးမှာ မိတ်ဆက်ပြီး ခေါ်ခန့်ပါတယ်။ နောက်တော့ အဲဒီဆရာဝန်ဟာ တစ်ချိန်က ထောင်ကျဖူးပါတယ်။ ကျဖူးတာကမှ ကလေးမုဒိမ်းမှုနှင့် ဖြစ်ပါတယ်။ အဲတော့ ကလေးသူငယ်တွေ အလွဲသုံးစားလုပ်ရာမှ ကာကွယ်တဲ့ အဖွဲ့အစည်းမှာ ဒီလို ရာဇဝတ်ကြောင်း သမိုင်းမကောင်းတဲ့ လူကိုမှ ခန့်ရပါ့မလားဆိုပြီး ဒေါ်တင်မာအောင်ကိုပါ ကုလကနေ ထုတ်ပစ်လိုက်ပါတယ်။ အခုတော့ အဲဒီ ဒေါ်တင်မာအောင်ဆိုသူဟာ ဒေါ်စုကြည်ရဲ့ ရုံးအတွင်းရေးမှူးအဖြစ် အိုဘားမားတွေ၊ ဘန်ကီးမွန်းတွေကို တစ်ဝိုင်းထည်း ဝင်ထိုင်ပြီး ချယ်လှယ်နေပါတော့တယ်။
အဲတော့ ဖြစ်ခဲ့တာတွေနှင့် ပတ်သက်ပြီး ကောင်းတာ ဆိုးတာ ဝေဖန်နေတာထက် ရွေးကောက်ပွဲမှာ ကိုယ်ထောက်ခံမယ့်ပါတီဟာ ဘယ်လိုပါတီမျိုးလည်းဆိုတာလေး သိရအောင် အချက်အလက်တွေကိုသာ တင်ပြလိုက်တာပါ။ သူတို့ အာဏာမရခင်မှာတောင် အခုလို ဖြစ်လရပ်လေးတွေရှိနေတယ်ဆိုတော့ အကယ်လို့များ အစိုါး်ရဖြစ်သွားရင် ဘယ်လို တွေဖြစ်ကြမလဲဆိုတာ စဉ်းစားစရာပါ

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...