Thursday, 15 October 2015

7Day ဂျာနယ်နဲ့ သောင်းစုငြိမ်းဘာလဲဘယ်လဲ





ရွေးကောက်ပွဲကျင်းပဖို့အချိန်နီးသထက်နီးလာတဲ့အချိန်မှာ
နိုင်ငံရေးပါတီတွေအနေနဲ့အပြိုင်အဆိုင်ကိုယ့်နည်းကိုယ့်ဟန်နဲ့မဲဆွယ်လာကြတာကိုနေ့စဉ်နဲ့
အမျှတွေ့ရှိရပါတယ်။
ပါတီငယ်တွေအနေနဲ့ Online ပေါ်မှာပါတီ ကိုယ်စားပြု Pageတွေအကောင့်တွေဖွင့်ပြီးစည်းရုံးရေးပြုလုပ်ခြင်း၊
မြေပြင်မှာ နယ်မြေခံလူထုနဲ့ထိတွေ့ပြီးမဲဆွယ်ခြင်းတွေနဲ့ ဆောင်ရွက်နေပေမဲ့ကျန်တဲ့ပါတီငယ်တွေနဲ့မတူပဲ
တစ်မူထူးခြားတဲ့ပုံစံမျိုးနဲ့မဲဆွယ်နေတဲ့ပါတီကြီးတွေလဲရှိပါတယ်။
အလှပြယာဉ်မျိုးနဲ့မဲဆွယ်ကြသလို စတုတ္ထမဏ္ဍိုင်လို့တင်စားခေါ်ဝေါ်ရတဲ့Print Mediaတွေပေါ်မှာပါပါတီကိုယ်စားပြုမဲဆွယ်နေကြတာကိုတွေ့ရှိရပါတယ်။
ဒီအထဲကမှတစ်မျိုးတမည်ထူးခြားနေတဲ့Print Mediaတစ်ခုကတော့ သောင်းစုငြိမ်းရဲ့ 7Day ဂျာနယ်ပဲဖြစ်ပါတယ်။
သောင်းစုငြိမ်းဆိုတာကတော့တစ်ခြားသူမဟုတ်ပါဘူး၊တစ်ချိန်ကနိုင်ငံခြားရေးဝန်ကြီးဟောင်း ဦးဝင်းအောင်ရဲ့သားပဲဖြစ်ပါတယ်၊
ဘယ်သူမှဂျာနယ်ထုတ်ဝေခွင့်မရခဲ့တဲ့ စစ်အစိုးရခေတ်မှာတောင်မှ ဂျာနယ်ထုတ်ဝေခွင့်ရခဲ့ပြီး စစ်အစိုးရလက်ထက်မှာတင်ပဲ
7Day Newsဂျာနယ်၊အင်တာနက်ဂျာနယ် စတာတွေကို လုပ်ပိုင်ခွင့်ရရှိခဲ့သူလဲဖြစ်ပါတယ်၊
7Dayဂျာနယ်စတင်ထုတ်ဝေစဉ်မှာတော့ အယ်ဒီတာဟာ လက်ရှိ ရန်ကုန်မီဒီယာဂရုရဲ့ CEO ဦးကိုကို (စက်မှုတက္ကသိုလ်)ဖြစ်ပြီး အတော်အတန်အောင်မြင်မှုရရှိလာတဲ့
အချိန်မှာတော့သောင်းစုငြိမ်းအတွက် မလိုအပ်တော့တဲ့ဦးကိုကို ကို 7Day အသိုင်းအ၀ိုင်းကနေ ကန်ထုတ်ခဲ့ပါတယ်။်၊ပြီးခဲ့တဲ့၂၀၁၄ခုနှစ်မှာတော့ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်များအသင်းရဲ့ကောင်းမှုနဲ့ အစ္စရေးနိုင်ငံဂျေရုစလင်မြို့မှာ
ကျင်းပတဲ့E-Government သင်တန်းကိုသွားရောက်လေ့လာပြီးတဲ့အခါမှာတော့ သောင်းစုငြိမ်းဟာ သူ့အဖေအရှိန်နဲ့ ၀န်ကြီးရုံးတွေ အခြားအစိုးရရုံးတွေမှာ
E-office E-Governmentစတဲ့ ဆော့ဝဲတွေကို ဈေးနှုန်းမတန်တဆနဲ့ရောင်းချပါတော့တယ်။အဲ့သည့်E-Office E-Governmentစနစ်တွေဟာအခုချိန်ထိလဲအောင်မြင်မှုမရှိပဲ
ဝါးတားတားသာဖြစ်နေပါတယ်၊
အခုလိုဝန်ကြီးဌာနနဲ့စီးပွားရှာနိုင်ဖို့ဆက်သွယ်ရေးဝန်ကြီးဦးစိုးသာမှစပြီး အဆက်ဆက်နဲ့ပိုင်အောင်ပေါင်းခဲ့ပြီး အခုလက်ရှိမှာလဲ အောင်စိုးသာတို့နဲ့ပေါင်းသင်းနေသူတစ်ယောက်ဖြစ်ပါတယ်။
ဦးစိုးသာပြီးတဲ့နောက်မှာတော့ ဆက်သွယ်ရေးဝန်ကြီး ဦး သိန်းဇော်ဖြစ်လာတော့ဦးသိန်းဇော်နားအဘအဘနဲ့ပြေးကပ်ပြီး လက်ရှိဝန်ကြီးတွေအဆက်ဆက်နဲ့ပါမကင်းခဲ့သူပါ။
အဘအဘနဲ့ လုပ်စားလာခဲ့တာ မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းအများစုမှာ သူဟာနေရာတစ်ခုရလာခဲ့ပါတယ်၊
Informatrixလို IT Companyထောင်ကာမြန်မာနိုင်ငံထဲမှာ ရှိတဲ့ ITလုပ်ငန်းတွေနဲ့ပက်သက်သမျှလုပ်ငန်းတွေမှာလဲ ပါဝင်နေပြီးတော့မြန်မာနိုင်ငံကွန်ပျူတာပညာရှင်များအသင်းမှာလဲ
အတွင်းရေးမှုးရာထူးကိုရယူထားခဲ့ပါတယ တကယ်လုပ်ရတော့မဲ့အချိန်တွေမှာဆိုရင်လဲရှောင်ထွက်သွားတတ်ပါတယ်၊
အခုရွေးကောက်ပွဲကာလမှာ သောင်းစုငြိမ်းအနေနဲ့ NLDဖက်ကိုရုတ်တရက်ကြီး ပင်းသွားခဲ့တာကိုတွေ့ရှိရပါတယ်၊
သူပိုင်ဆိုင်တဲ့ 7Day Newsဂျာနယ်,7Day Daily စတဲ့ Print media စာမျက်နှာပေါ်မှာ NLDအတွက်မဲဆွယ်စည်းရုံးမှုကိုကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နေရုံသာမက
NLDရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ပန်ဖလက်တွေလဲ တစ်နိုင်ငံလုံးဖြန့်ချိဖို့အတွက်ကို သူက ဒီဇိုင်းဆွဲပေးဖြန့်ချိပေးစသဖြင့်ပြုလုပ်ခဲ့ပါတယ်၊
အရင် စစ်အစိုးရခေတ်ကောင်းခဲ့စဉ်က အဘအဘနဲ့ တစ်သက်လုံးကောင်းစားလာတဲ့သောင်းစုငြိမ်းဟာ အခုအချိန်မှာ ဘယ်လိုကနေဘယ်လိုကြောင့်ချက်ချင်း
ကြီးကိုအမအမ ဖြစ်သွားရသလဲဆိုတာကတော့ 7Dayရဲ့စာဖတ်ပရိတ်သတ်တစ်ယောက်အနေနဲ့အတော်လေးကိုစဉ်းစားရကြပ်လာပါတယ်၊
စတုတ္ထမဏ္ဍိုင်ဆိုတာဟာ ဘက်လိုက်မှုမရှိပဲ ကြားနေပြီးမျှမျှတတရေးသားကာပြည်သူ့အကျိုးဆောင်ရွက်မှသာ စတုတ္ထမဏ္ဍိုင်လို့ ခေါ်ထိုက်တာပါ၊
တစ်ဖက်ဖက်ကို ပင်းနေရင်တော့ စတုတ္ထမဏ္ဍိုင်မဖြစ်နိုင်ပဲ
အဘဘက်ပင်းရင်တော့ အဘဘောမမဏ္ဍိုင်ဖြစ်ပြီး၊ အမဘက်ပင်းရင်တော့ တဖုတ်သ မဏ္ဍိုင်လို့ပဲ စာရှုသူတွေကမည်တပ်မှာပါ။
အရင်တုန်းက စစ်အစိုးရဆီက ကပ်စားခဲ့ပြီး အခုအချိန်ကျမှ စစ်အစိုးရမကောင်းပါဘူးလို့ ဂျာနယ်စာမျက်နှာကြီးထက်မှာ တွင်တွင်အော်နေတာတော့ စဉ်းစားဥာဏ်ရှိသူတွေ
အဖို့တော့ သူရောကောင်းရဲ့လားဆိုတာစဉ်းစားစရာဖြစ်လာပါတယ်။
စစ်အစိုးရခေတ်က ၀န်ကြီးတွေနဲ့ပေါင်းစားခဲ့တဲ့သူကြီး၊လက်ရှိအစိုးရ၀န်ကြီးတွေနဲ့လဲ မကင်းသူကြီး၊တစ်ချိန်ကနိုင်ငံခြားရေးဝန်ကြီးရဲ့သားဖြစ်သူကြီး၊
နေ့ချင်းညချင်းဆိုသလို အဘအဘကနေ အမအမ ဘ၀ကိုပြောင်းသွားတဲ့သူကြီး
7Day အုပ်စုရဲ့ ပိုင်ရှင်ကြီး သောင်းစုငြိမ်း ဘာလဲ ဘယ်လဲဆိုတာတော့ကျနော်တို့ ပြည်သူ စာဖတ်ပရိတ်သတ်တွေက သိချင်လှပါတယ်ဗျာ့။
From:__ Admin: PS

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...