Tuesday, 6 October 2015

ဦးတင်ဦး မဘသ ကိုဘာကြောင့်တိုက်ခိုက်ရသလဲ?


27-9-2015
မြန်မာနိုင်ငံရဲ့ အတိုက်အခံပါတီကြီး တစ်ခုဖြစ်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD)ပါတီ နာယက၊ စစ်ဗိုလ် ချုပ်ဟောင်း ဦးတင်ဦးဟာ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေ ကြတဲ့ (မဘသ) အဖွဲ့က ဆရာတော်ကြီးတွေနဲ့ သံဃာတော်တွေ ကို ပေါ်ပေါ်ထင်ထင်ပဲ ဝေဖန်ပြောဆို တိုက်ခိုက်မှုတွေ ပြုလုပ်လိုက်ပါတယ်။ NLD ပါတီရဲ့ သဘောထားမှန်ကို ပြသလိုက်ခြင်းဖြစ်တဲ့အတွက် ဗုဒ္ဓဘာသာမြန်မာလူမျိုး အများစု အနေနဲ့ စိုးရိမ်ထိတ်လန့်ခဲ့ကြပါတယ်။
ဦးတင်ဦးဟာ တစ်ချိန်က မြန်မာ့တပ်မတော်မှာ ကာချုပ်အဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့ဖူးသူ တစ်ယောက်ဖြစ်ပြီး ဦးနေ၀င်းအစိုးရလက်ထက် လာဘ်ပေးလာဘ်ယူမှုတွေကို ပြင်းပြင်းထန်ထန်တိုက်ဖျက်နေချိန် လာဘ်စားမှုတစ်ခု ကြောင့် ၁၉၇၆ ခုနှစ်မှာ ကာချုပ်ရာထူးကနေ အနားပေးခံခဲ့ရသူတစ်ဦးဖြစ်ပါတယ်။ အဲဒီနောက် NLD ပါတီကို တည်ထောင်ခဲ့သူစာရင်းမှာပါလာခဲ့ပြီး လက်ရှိအခြေအနေမှာတော့ NLD ရဲ့ သက်ကြီး ပုဂ္ဂိုလ်အနေနဲ့ ပါတီ နာယက တာဝန်ထမ်းဆောင်လျက်ရှိပါတယ်။
NLD နာယကကြီး ဦးတင်ဦးဟာ ဒေါ်စုရဲ့ ညွှန်ကြားချက်အောက် ကနေ တည်ဆဲအစိုးရအဆက်ဆက်နဲ့ တပ်မတော်ကို ဝေဖန်ရေးလုပ်ရင်း စစ်တပ်ရဲ့အားနည်းချက်တွေကို အမြဲ ဝေဖန်နေပေမယ့် ၎င်းကာချုပ်ဖြစ် ခဲ့စဉ်က တပ်မတော်ပြုပြင်ပြောင်းလဲရေးအတွက် ဘာတစ်ခုမှမလုပ်ခဲ့ဘူးလား ဆိုတဲ့ မေးခွန်းတွေနဲ့အတူ တန်ပြန်ဝေဖန်မှုတွေကိုလည်း ခံနေရဆဲဖြစ် ပါတယ်။ အမျိုးသားရေးကို သစ္စာမဖောက်ဘူးလို့ ကျိန်ဆိုထားတဲ့ တပ်အဖွဲ့အစည်းကြီးတစ်ခုရဲ့ အမြင့်ဆုံးရာထူးတာဝန်ကို ထမ်းဆောင်ခဲ့ ဖူးသူတစ်ဦးအနေနဲ့ အခုချိန်မှာ အမျိုးဘာသာ သာသနာ မကွယ်ပျောက်ရေး အတွက် မဆုတ်မနစ် ကြိုးပမ်းဆောင်ရွက်နေကြတဲ့ ဆရာတော်တွေ သံဃာတော်တွေကို ကလေးကလားဆန်စွာ ဝေဖန်တိုက်ခိုက်ခြင်း
ကလည်း NLD နာယကအပေါ် ပြည်သူတွေ မျက်မုန်းကျိုးစရာဖြစ် လာခဲ့ပါတယ်။ ဦးတင်ဦးအနေနဲ့ ပါတီနာယက၊ သက်ကြီးဝါကြီး ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါလျက် ဘာသာသာသနာကို မထောက်ရှုဘဲ အခုလိုစကားကို အထိန်းအကွပ် မရှိ ပြောဆိုလိုက်ခြင်းဟာ NLD ပါတီရဲ့ လောင်းရိပ်ကြောင့်လား? ကိုယ်တိုင်အမျိုးမစောင့်ခဲ့တဲ့ ပါတီဥက္ကဋ္ဌ ဒေါ်စု ရဲ့အရှိန်အ၀ါကြောင့်လားဆိုတဲ့ မေးခွန်းတွေ လည်း ပေါ်ထွက်လာခဲ့ပါတယ်။
အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့(မဘသ)အဖွဲ့အနေနဲ့ NLD ပါတီရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေး ကို နှောင့်ယှက်နေတယ်လို့ နာယက ဦးတင်ဦးက မီဒီယာတွေကို ပြောကြားလိုက်တာဖြစ်ပါတယ်။ တကယ်တော့ မဘသ ဆိုတာ ဘယ်ပါတီ၊ အဖွဲ့အစည်းရဲ့ ကျောထောက်နောက်ခံမှမရှိဘဲ ဘာသာ သာသနာအကျိုး အတွက် သာ ဆောင်ရွက်နေတဲ့ အဖွဲ့ဖြစ်ပါ တယ်။ ရွေးကောက်ပွဲမှာလည်း ဘာသာ သာသနာအတွက် အကျိုးပြုမယ့် ပါတီ ကိုသာ မဲထည့်ဖို့ ဆော်သြခဲ့တာဖြစ်ပါတယ်။ ဒါကို NLD ပါတီက ၎င်းတို့ကို မဘသ က နှောက်ယှက်နေတယ်လို့ ထုတ်ဖော် ပြောဆို လိုက်တာဟာ NLD အနေနဲ့ ဘာသာ သာသနာအကျိုးကို မဆောင်ရွက်နိုင် ဘူးလို့ တစ်ဖက် လှည့်ပြောဆိုရာလည်း ရောက်သွားတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက မြန်မာ့နိုင်ငံရေးမှာ ဘာသာရေးမရောယှက်သင့်ဘူးလို့ အနောက်အုပ်စုက ကြေညာချက်ထုတ် ခဲ့ပါတယ်။ တစ်ဆက်တည်းမှာ ဘဲ ဒေါ်စုက အဲဒီလိုစကားမျိုးကို မဲဆွယ်ပွဲတစ်ခုမှာပြောခဲ့ပါတယ်။ ဗဟိုအလုပ်မှု ဆောင် ဦးဥာဏ်ဝင်းကလည်း ၁၉၈၂ အက်ဥပဒေ ဟာ ပြင်သင့်တဲ့ ဥပဒေလို့ဆိုလိုက်ပါတယ်။ အဲဒီဥပဒေဟာ လူ့အခွင့်အရေးနဲ့ မညီဘူးလို့လဲ ဒေါ်စုကိုယ်တိုင်က ပြောကြားထားတာမျိုးရှိပါတယ်။ မကြာခင်မှာပဲ ဦးကိုနီက မွတ်စလင်တွေအနေနဲ့ ၎င်းတို့ရဲ့ အကျိုးကို ဖြည့်ဆည်းပေးမယ့် ပါတီကိုသာ မဲပေးသင့်တယ်လို့ ဆိုလိုက်ပြန် ပါတယ်။ နောက်တော့ ပါတီနာယက ဦးတင်ဦးက မဘသ အဖွဲ့ဟာ NLD အောင်နိုင်ရေးကို နှောက်ယှက်နေ တယ်လို့ မီဒီယာတွေကတစ်ဆင့် ဝေဖန်တိုက်ခိုက်မှုတွေ ပြုလိုက်ပါတယ်။
NLD ထိပ်ပိုင်းခေါင်းဆောင်တွေအနေနဲ့ လူ့အခွင့်အရေးဆိုတဲ့စကားကို ဗန်းပြပြီး ဘာတွေကြံစည်နေသလဲဆိုတာ စဉ်းစားစရာဖြစ်လာပါပြီ။ အမျိုးသားရေးကို မျက်ကွယ်ပြုလာတဲ့ ၎င်းတို့ရဲ့ လုပ်ဆောင်ချက်တွေ ကို ပြည်သူတွေ ကလည်း နားလည်လာပြီး NLD အပေါ်မှာ ဝေဖန်ရှုတ်ချ မှုတွေလုပ်လာခဲ့လို့ ပြည်သူထောက်ခံမှုလည်း သိသိ သာသာကျဆင်း လာလျက်ရှိပါတယ်။ NLD အနေနဲ့ ရှက်ရမ်းရမ်းပြီး မဘသ အဖွဲ့ကို တိုက်ခိုက်လာတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ NLD ပါတီဝင်တွေနဲ့ ထောက်ခံ သူတွေဟာ အွန်လိုင်းစာမျက်နှာတွေကသာ ဆရာတော်တွေ ကို မိုက်မိုက်ရိုင်းရိုင်း ဆဲဆိုမှုတွေ ပြုခဲ့ရာကနေ အခုအခါမှာ ပါတီထိပ်ပိုင်းခေါင်းဆောင်တွေကပါ မဘသကို ပေါ်ပေါ်ထင်ထင် တိုက်ခိုက်လာတာတွေက NLD ရဲ့ အနာဂတ်ရည်မှန်းချက်မှာ အမျိုးဘာသာ သာသနာ အကျိုး ဆိုတဲ့ စီမံချက်မပါဝင်ခြင်းကြောင့်လားလို့ပဲ မေးခွန်း ထုတ်ရတော့မှာဖြစ်ပါတယ်….။
ဝံသာနု
မျိုးစောင့် ဥပဒေ ပြဋ္ဌာန်းရေး
www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...