Monday, 12 October 2015

ကိုရဲမိုး ဖေ့ဘုတ်စာမျက်နှာမှ

တစ်ချို့ ကိစ္စတွေဟာ ...
ပြန်ရှင်းရတာလဲ ကလေးကလားနိုင်တယ် ...
မရှင်းဘဲနေတော့လဲ အချိန်ကြာလာချိန် ...
အမှားတွေဟာ အမှန်ဖြစ်လာတယ် ...
အဓိက ပြသနာကတော့ ...
ကိုယ်ထောက်ခံတဲ့  ပါတီခေါင်းဆောင်ကို ...
အမွှမ်းတင်ချင်တာက စတယ် ...
အမွှမ်းတင်ရင်းတင်ရင်း အရှိန်လွန်သွားရာကနေ ...
တစ်ဖက်အုပ်စုကို အပုတ်ချတဲ့  ကိစ္စတွေ ဖြစ်လာတယ် ...
ပထမတော့ တကယ်ဖြစ်ခဲ့တာတွေ ပြောတာပဲ ....
နောက်ပိုင်းမှာ တဖြည်းဖြည်းနဲ့  အရှိန်လွန်ပြီး ....
ထိုးဇာတ်တွေ လုပ်ဇာတ်တွေနဲ့  ....
ဇာတ်က နာသထက် နာလာတယ် ...
၁၉၉၀ ရွေးကောက်ပွဲ မတိုင်မီမှာ ....
မြေပေါ်မြေအောက် အုပ်စုတွေ ... အနောက်အုပ်စုတွေပေါင်းပြီး ...
ဒေါ်စုရဲ့ ပုံရိပ်ကို အလွန်အမင်းမြှင့်တင်ပေးလာတယ် ...
ဒေါ်စုကို ရှေ့ တန်းကို ထိုးတင်ခဲ့တယ် ...
၁၉၈၈ နှစ်မှာ မြန်မာပြည် ပြန်ရောက်လာတဲ့ ဒေါ်စုဟာ ...
၂၆.၈.၁၉၈၈ ရွှေတိဂုံလူထု ဟောပြောပွဲက စလို့ ...
နိုင်ငံရေးကို ၀င်ရောက်ခဲ့တယ် ....
၂၀.၇.၁၉၈၉ မှာ နေအိမ်အကျယ်ချုပ် ချခံရတယ် ...
ဘာလို့ လဲဆိုတော့ ၁၉.၇.၁၉၈၉ အာဇာနည်နေ့ မှာ
အာဇာနည်ကုန်းကို ချီတက်ကြဆိုပြီး လူထုကိုမြှောက်ပေးခဲ့လို့  ....
စစ်အစိုးရက ငါးယောက်တစ်တွဲလာပြီး ဂါရ၀ ပြုကြပါ ....
လူအုပ်စုနဲ့  မလုပ်ပါနဲ့  ...
လုပ်ရင် လူစုခွဲရမယ်လို့  အကြိမ်ကြိမ်ကြေငြာခဲ့တယ် ...
အန်အယ်လ်ဒီက ဆက်မြှောက်ပေးတယ် ...
မတရားတဲ့  အမိန့် ဟူသမျှ တာဝန်အရ ဖီဆန်ကြ ...
ဘာညာဆိုတဲ့  ဆောင်ပုဒ်တွေဟာ ...
အဲဒီတုန်းက ထွက်လာခဲ့တာ ...
၁၉.၇.၁၉၈၉ မနက်မှာမှ ...
NLD ဟာ ကြေငြာချက်တစ်ခု ကမန်းကတန်း ထုတ်တယ် ...
သူတို့ မပါတော့ဘူး အစီအစဉ်ဖျက်လိုက်ပြီ ဆိုတဲ့  ကြေငြာချက် ...
လူထုကတော့ မသိတော့ဘူး ... အချိန်မမီတော့ဘူး ...
ချီတက်တယ် ... ဟိုကလဲ သေနတ်နဲ့ ပစ်တယ် ...
သေတယ် အများကြီးဖမ်းခံရတယ် ...
ဒါနဲ့  အမျိုးသားထောက်လှမ်းရေးက ဒေါ်စုအိမ်ကို ၀င်စီးပြီး ...
ဒေါ်စု ... ခင်ဗျား အကျယ်ချုပ် နဲ့ နေဆိုပြီး လုပ်ခဲ့တာ ....
၁၉၉၀ မှာ အန်အယ်လ်ဒီ ရွေးကောက်ပွဲနိုင်တယ် ...
၁၉၉၁ မှာ ဒေါ်စု နိုဗယ်ဆုရတယ် ...
တောင်အာဖရိကမှာ ...
အသားအရောင်ခွဲခြားမှု ပပျောက်ရေးအတွက် ...
ဘ၀တစ်လျောက်လုံး တိုက်ပွဲဝင်နေတဲ့  နယ်ဆင်မန်ဒဲလားဟာ ...
အဲဒီအချိန်မှာ ထောင်ကျနေတာ ၂၈ နှစ်ရှိခဲ့ပြီ ....
မန်ဒဲလား နိုဗယ်ဆုရတာ ၁၉၉၂ ...
ထားတော့ ....တစ်ချို့ ကိစ္စတွေဟာ ...
အတိတ်မှာ ထားခဲ့တာပဲ ကောင်းတယ် .....
၁၉၉၀ နှောင်းပိုင်းက စလို့  ...
တစ်ဖက်နဲ့ တစ်ဖက် အပြန်အလှန် အပုတ်ချကြတဲ့  ...
ဝါဒဖြန့် ချိရေး စစ်ကြီး ဖြစ်ခဲ့ကြတယ် ....
ဒေါ်စုတို့ ဘက်က BBC ၊ VOA လို ရေဒီယိုတွေသုံးတယ် ...
အမှားအမှန်ရောထားတဲ့  သတင်းတွေ ကောလဟာလတွေ ....
အစိုးရကို သရော်တဲ့ ပုံပြင်တွေ အဆက်မပြတ် ထုတ်လွှင့်တယ် ....
စစ်အစိုးရဘက်ကလဲ နိုင်ငံပိုင်သတင်းစာတွေသုံးပြီး ...
ဒေါ်စု နဲ့  အန်အယ်လ်ဒီကို ပြန်တိုက်ခိုက်တယ် ...
ထားပါတော့ ...
စကားတွေ ရှည်ကုန်ပြီ ....
ကျွန်တော် ပြောချင်တာ တစ်ခုပဲ ရှိတယ် ...
ဒေါ်စုဟာ ထက်မြက်ပြီး စိတ်ဓာတ်ကြံ့ ခိုင်တဲ့ အမျိုးသမီးဖြစ်တယ် ...
ပင်ကိုယ်လဲ အရည်အသွေးရှိတယ် ...
လက်ရှိ အခြေအနေမှာ နိုင်ငံတကာက လေးစားကြတဲ့  ....
ခေါင်းဆောင်တစ်ဦးလဲ ဖြစ်တယ် ...
ရွေးကောက်ပွဲ အနိုင်ရဖို့ တာစူနေတဲ့  ...
အတိုက်အခံပါတီ ခေါင်းဆောင်လဲ ဖြစ်တယ် ....
ဆိုလိုတာက သူ့ ပုံရိပ်ကို ...
တကူးတက ထပ်မြှင့်ပေးစရာမလိုတော့ဘူး ...
လုပ်ဇာတ်တွေ ထိုးဇာတ်တွေခင်းပြီး ...
အိုဗာတင်းဖျော်တဲ့ ကိစ္စဟာ ...
တော်ရုံပဲ ကောင်းတယ် ....
တစ်ဘက်က ကာယကံရှင်တွေလဲ သေသေးတာမှ မဟုတ်ပဲ ....
၂၀၀၄ ခုနှစ် နှစ်ကုန်ပိုင်း ...
တပ်မတော်ထောက်လှမ်းရေး ဖျက်သိမ်းချိန်မှာ ...
ရန်ကုန်မြို့ မှာ ထောက်လှမ်းရေးတပ် ၁၅ တပ် ရှိတယ် ...
ဗထလ၊အကူ၁၊အကူ၂၊ လခတ
ထလတ ၆၊၇၊၁၂၊၁၄၊၂၆၊၃၀
ရေ ၁၊၂၊၃ လေ ၁၊၂ တို့ ပဲ ....
အဲဒီထဲကမှ ထလတ ၁၂ ဟာ ...
ဒေါ်စုနေအိမ် လုံခြုံရေးတာဝန်ယူရတယ် ...
တပ်မှူးက ဗိုလ်မှူးနေစိုး
တပ်ဖွဲ့ မှူး အရာရှိ ၅ယောက် ရှိတယ် ....
ဒေါ်စုအိမ်ရှေ့ မှာ ၁၂ က ရုံးဖွင့်ထားတယ် ...
နေ့ ရောညပါ တစ်ချိန်လုံး ...
အဆိုင်းတွေနဲ့  တာဝန်ထမ်းဆောင်ရတယ် ...
ဒေါ်စု လုံခြုံရေးကိုပါ တာဝန်ယူရတာ ...
( အကယ်လို့ များ ဒေါ်စု အိမ်မှာရှိနေတုန်း အသတ်ခံခဲ့ရရင် ...
အရင်ဆုံး မျိုးကန်းမှာ စစ်အစိုးရပဲ ဖြစ်တယ်ဆိုတာ ...
စစ်အစိုးရက ကောင်းကောင်း သဘောပေါက်ပြီးသား ဖြစ်တယ် )
ဒီ ထောက်လှမ်းရေးရုံးကို ဒေါ်စုတို့ လဲ သိတယ် ....
တက္ကသိုလ်ရိပ်သာလမ်း လုံခြုံရေးကိုလဲ ...
၁၂ကပဲ ကွပ်ကဲတယ် ....
ပြောချင်တာက ...
ဒီဖြစ်စဉ် ဖြစ်ခဲ့တယ်ဆိုရင် ...
ဘယ်နေ့ ဘယ်ရက် ဘယ်နှစ်ခုနှစ်မှာ ဖြစ်ခဲ့တာလဲ ....
တစ်ခါမှ မကြားဖူးလို့  မေးကြည့်တာဖြစ်တယ် ...
၁၂ မှာတာဝန်ကျခဲ့တဲ့  ထောက်လှမ်းရေးအရာရှိဟောင်းတွေ ....
အခုထိ အပြင်လောကမှာ ...
အရှင်လတ်လတ် ငုတ်တုတ်ကြီး ရှိနေသေးတယ် ...
ပြန်မေးလို့ ရတယ် ... ရှင်းလို့ ရတယ် ...
အရင်လဲ ပြောဖူးတယ် ...
ကြိုက်တာလုပ်လို့ ရတယ် ...
ကြိုက်သလို အမွှမ်းတင်လို့ ရတယ် ...
သို့ သော် သမိုင်းကို မပြင်နဲ့  ...
လုပ်ဇာတ်တွေ မခင်းနဲ့  ဒါပဲ ပြောချင်တယ် ။ ။
( ရဲမိုး )

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...