Thursday, 8 October 2015

အရူးဘစိုး ဘစိုးအရူး

အမှန်အတိုင်း ၀န်ခံရရင် ...
အခုနောက်ပိုင်း ဒေါ်စုရဲ့  ပြောစကားတွေကို ...
တဖြည်းဖြည်းနဲ့  ဥာဏ်မီတော့ဘူး ...
ဒီရက်ပိုင်းအတွင်း ....
အိန္ဒိယ ရုပ်သံအစီအစဉ် To The Point ကို ...
ပြောတဲ့  စကားတွေကတော့ ...
နားထောင်ရတဲ့ သူကိုပါ ...
ရူးကြောင်ကြောင် ဖြစ်သွားစေတယ် ...
ဘာလို့ လဲ ?
NLD ရွေးကောက်ပွဲနိုင်လို့  အစိုးရဖြစ်ရင် ...
အစိုးရ အဖွဲ့ ခေါင်းဆောင်က သူပဲ လို့  ..
ဒေါ်စုက ထုတ်ပြောတယ် ...
အိန္ဒိယ ရုပ်သံက ပြန်မေးတယ် ....
ခင်ဗျား သမ္မတ မဖြစ်ရင် ...
အစိုးရအဖွဲ့ရဲ့ ခေါင်းဆောင်ဘယ်လိုဖြစ်လာမလဲတဲ့  .....
ဒေါ်စု ပြန်ဖြေတာက ...
ဘာလို့မဖြစ်နိုင်ရမလဲ ...
နိုင်ငံကို ဦးဆောင်ဖို့ သမ္မတ ဖြစ်ဖို့ လိုလို့လား တဲ့  ...
အိန္ဒိယ ရုပ်သံက ရှင်းအောင်ထပ်မေးတယ် ....
ဒါဆို ဒါဟာ ဒေါက်တာမန်မိုဟန်ဆင်း သမ္မတဖြစ်ခဲ့တုံးက ...
အိန္ဒိယမှာ ဆိုနီယာဂန္ဒီရဲ့ အခန်းကဏ္ဍလိုမျိုးပေါ့ တဲ့  ...
( ဆိုနီယာဂန္ဒီဟာ အီတလီနိုင်ငံဖွား အိန္ဒိယအမျိုးသမီး ...
၁၉၉၁ မှာ လုပ်ကြံခံရလို့ သေဆုံးသွားတဲ့  ...
အိနိံ္ဒယ ၀န်ကြီးချုပ် ရာဂျစ်ဂန္ဒီရဲ့  ဇနီး ...
သူဟာ အဲဒီအချိန်ကစလို့  ...
အိန္ဒိယနိုင်ငံရေးမှာ ထင်ရှားခဲ့တယ် ...
လက်ရှိ အိန္ဒိယ အမျိုးသား ကွန်ဂရက်ပါတီရဲ့ အကြီးအကဲ ဖြစ်တယ် ...
အဲဒီနေရာကို သူယူထားတာ ၁၉၈၈ ကတည်းက ဖြစ်တယ် ...
သူအနေနဲ့  အီတလီမှာမွေးခဲ့သူဖြစ်လို့  ...
အိန္ဒိယ ၀န်ကြီးချုပ်ဖြစ်ဖို့ အတွက် ...
ပြသနာတွေ အများကြီးရှိနေတယ် ...
ဒါကြောင့် သူ ၀န်ကြီးချုပ် လုပ်လို့ မရဘူး ....
သို့ သော် အိန္ဒိယမှာ တက်လာတဲ့ အစိုးရအဆက်ဆက်ဟာ ....
သူ့ အကြံဥာဏ်ကို ယူကြရတယ် ...
သူ ဟာ လက်ရှိအချိန်အထိ ...
အိန္ဒိယ နိုင်ငံရေးမှာ သြဇာကြီးတဲ့  ....
ပုဂ္ဂိုလ်ကြီးတစ်ယောက်အဖြစ် တည်ရှိနေတယ် ...
ဒါကို ရည်ရွယ်ပြီး ဒီလိုပုံစံလားလို့  ...
အိန္ဒိယ ရုပ်သံက မေးတာဖြစ်တယ် ... )
ဒေါ်စု ပြန်ဖြေတာက ရှင်းတယ် ...
မဟုတ်ဘူး တဲ့  ...
အပြည့်အစုံက ဒီလို ....
မဟုတ်ပါဘူး။ အဲဒီလိုမျိုး မဟုတ်ပါဘူး ....
ရှင်စောင့်ကြည့်ပါ ....
ကျမတို့ ရွေးကောက်ပွဲကို ရာနှုန်းပြည့် နိုင်တယ်လို့ မျှော်လင့်ပါ ...
အဲဒီနောက် ကျမစိတ်ထဲရှိတာ ရှင်သိရမှာပါ .... တဲ့  ...
ဒါ ဒေါ်စုဖြေတာ ...
ဒါနဲ့ ဟိုက ထပ်မေးတယ် ...
အစိုးရတစ်ရပ်ကို ဖွဲ့စည်းနိုင်တဲ့ အခြေအနေ တစ်ရပ်ရှိရင် ....
အဲဒီအစိုးရရဲ့ ခေါင်းဆောင်ဟာ သမ္မတ ဟုတ်ဟုတ် မဟုတ်ဟုတ် ...
ဒေါ်အောင်ဆန်းစုကြည် ဖြစ်မယ်ဆိုတာလား ... ?
ဒေါ်စု က ပြန်ဖြေတယ် ...
.“သိပ်မှန်တာပေါ့ ....
NLD အစိုးရ အဖွဲ့ရဲ့ ခေါင်းဆောင်ဟာ ကျမပဲ ဖြစ်ဖို့ရှိတာပေါ့ ....
ဘာဖြစ် လို့လဲဆိုတော့ ...
ကျမက ကျမပါတီရဲ့ ခေါင်းဆောင် ဖြစ်နေလို့ပဲ” တဲ့  ....
ဒေါ်စု ပြောစကားအားလုံးကို နားထောင်ပြီးချိန်မှာ ...
ဒီလို သဘောပေါက်မိတယ် ...
အန်အယ်လ်ဒီ ပါတီက နိုင်ရင် ...
သူ့ ဆီက တင်တဲ့ သမ္မတ တက်လာမယ် ....
အဲဒီ သမ္မတက အစိုးရအဖွဲ့ ကို ဖွဲ့ စည်းမယ် ....
ပြီးရင် အဲဒီ သမ္မတ ဦးစီးတဲ့  အစိုးရအဖွဲ့ ကို ...
သူက ဦးဆောင်မှာ ....
ရှင်းရှင်းပြောရင်တော့ အဓိပ္ပာယ်က ဒီလိုရတယ် ...
ဒေါ်စု ချုပ်ကိုင်မယ့် ရုပ်သေးအစိုးရ ...
ဒါဆို သေချာသွားပြီ ...
ဒေါ်စုလိုချင်တာ ဒီမိုကရေစီမဟုတ် ...
သမ္မတ ကဲ့ သို့ နေရာ ...
သူ့ ခြေသူ့ လက် ...
စိတ်ကြိုက်လုပ်နိုင်မယ့်  အာဏာရှင်နေရာ ...
ဒါပဲ ဖြစ်တယ် ...
ဖွဲ့ စည်းပုံ အခြေခံဥပဒေအရ ..
သမ္မတဟာ မိခင်ပါတီရဲ့ တာဝန်တွေကို မထမ်းဆောင်ရဘူး ...
အဓိပ္ပာယ်က ...
တိုင်းပြည်တာဝန် သမ္မတတာဝန်ကို ထမ်းဆောင်ရာမှာ ...
ပါတီရဲ့ အရိပ်က လွတ်စေချင်တာ ...
အခုဟာက သူ့ ပါတီနိုင်ရင် ...
တက်လာတဲ့  သမ္မတရော ...
အစိုးရအဖွဲ့ ကိုရော သူဦးဆောင်မှာတဲ့  ...
သေချာပါတယ် ...
ဒေါ်စု ရူးနေပြီ ...
မဟုတ်ဘူး ဆောရီး ...
သူ မရူးဘူး ...
သူက နိုဘယ်ဆုရှင် ..
ကမ္ဘာသိ မြန်မာသိ အင်္ဂါဂြိုလ်သိ ...
ဒီမိုကရေစီ ရဲ့  အိုင်ကွန်...
ဖြစ်နိုင်တာကတော့ ....
ကျွန်တော်ပဲ ရူးတာနေမှာ ...
ရူးပြီ ...မူးပြီ ...
ချာချာလည်ပြီ ...
ငိုးမ ဘစိုး ... ရူးပြီလေ ...
frown emoticon frown emoticon frown emoticon frown emoticon frown emoticon .....
( ရဲမိုး )




www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...