Tuesday, 13 October 2015

အရာရှိ၊ စစ်သည်၊ မိသားစုများ၊ စစ်မှုထမ်းဟောင်းမိသားစုများနှင့် ပြည်သူ့စစ်(ဌာနေ) အဖွဲ့ဝင်များအား ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်


နေပြည်တော်၊ အောက်တိုဘာ ၁၂
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ်ထွန်းထွန်းနောင်သည် တာဝန်ရှိသူများနှင့်အတူ အောက်တိုဘာ ၁၀ ရက် နေ့လယ်ပိုင်းတွင် မိုးကောင်းတပ်နယ်ရှိ သစ်ကြားတောင်ခန်းမနှင့် မိုးညှင်းတပ်နယ်ရှိ နန့်ရင်းခန်းမများ၌ တပ်နယ်များမှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကား ပြောကြားပြီး ထောက်ပံ့ပစ္စည်းများ ပေးအပ်ကာ ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။
ဆက်လက်၍ မြို့နယ်စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် ပြည်သူ့စစ်(ဌာနေ) အဖွဲ့ဝင်များအား တွေ့ဆုံ အမှာစကားပြောကြားကာ ထောက်ပံ့ပစ္စည်းများနှင့် စစ်မှုထမ်းဟောင်း မိသားစုဝင် ကျောင်းသား၊ ကျောင်းသူ များအတွက် ပညာသင်ထောက်ပံ့ငွေ ၅၃၆၅၀၀၀၀ ကျပ်အား ပေးအပ်သည်။
ထို့နောက် ဗိုလ်ချုပ်ထွန်းထွန်းနောင်နှင့် အဖွဲ့ဝင်များသည် မိုးညှင်းမြို့၊ ပစ္ဆိမာရုံကျောင်းတိုက် ဆရာတော်အား သွားရောက်ဖူးမြော်ကာ အလှူငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
အောက်တိုဘာ ၁၁ ရက် နံနက်ပိုင်းတွင် ဗန်းမော်တပ်နယ်ရှိ တိမ်ကြားမင်းခေါင်ခန်းမ၌ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြားပြီး ထောက်ပံ့ပစ္စည်းများ ပေးအပ်ကာ ရင်းရင်းနှီးနှီး လိုက်လံနှုတ် ဆက်သည်။
ယင်းနောက် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် ပြည်သူ့စစ်(ဌာနေ) အဖွဲ့ဝင်များအား တွေ့ဆုံ၍ ထောက်ပံ့ ပစ္စည်းများ၊ ထောက်ပံ့ငွေ ၅၈၅၀၀၀ ကျပ်နှင့် စစ်မှုထမ်းဟောင်းမိသားစုဝင် ကျောင်းသား၊ ကျောင်းသူများ အတွက် ပညာသင်ထောက်ပံ့ငွေ ၁၇၂၅၀၀၀ ကျပ် တို့အားပေးအပ်ပြီး ဗန်းမော်မြို့ ရွှေကျီးနားစေတီတော် ဆရာတော်အား သွားရောက် ဖူးမြော်ကာ အလှူငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။


www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...