Monday, 12 October 2015

ကေအိုင်နှင့် မြန်မာ့တပ်မတော် နောက်ဆုံးအခြေနေများ


KIAလက်နက်ကိုင်အဖွဲ့အနေဖြင့် တစ်နိုင်ငံလုံးအပြစ်အခတ် ရပ်စဲရေးစာချုပ် NCAတွင်လက်မှတ်မထိုးဟုငြင်းဆိုပြီးနောက် အပြစ်မဲ့ရှမ်းတိုင်းရင်းသားများအား အကြောင်းမဲ့သတ်ဖြတ်ခြင်း၊ ဆက်ကြေးကောက်ခြင်းများအား ဆိုးရွားစွာ ပြုလုပ်လျက်ရှိသည်။
၂၀၁၂ခုနှစ်က မြန်မာ့တပ်မတော်နှင့်KIAတို့၏ ပြည်တွင်းစစ်တွင် မြန်မာ့တပ်မတော်က တပ်ရင်းတစ်ရင်းသာစေလွှတ်ခဲ့ပြီး လိုင်ဇာမြို့အနီးရှိ စစ်ရေးအရ အရေးပါသော ပွိုင့်တောင်ကုန်းများအားသိမ်းပိုက်နိုင်ခဲ့သည်။
ထို့နောက် သမ္မတဦးသိန်းစိန်၏ ထိုးစစ်ရပ်အမိန့်ကြောင့် မြန်မာ့တပ်မတော်အနေဖြင့် ထပ်မံတိုက်ခိုင်းခြင်းမပြုပဲ လိုင်ဇာမြို့အနီးတွင်ပင် တပ်စွဲထားခဲ့သည်။
သို့သော် သမ္မတကြီး၏ ထိုးစစ်ရပ်အမိန့်ကို အခွင့်ကောင်းယူ၍ KIAအဖွဲ့သည် သစ်မှောင်ခိုလုပ်ငန်းမှ ရရှိသောငွေဖြင့် လက်နက်စုဆောင်းခြင်း၊ အပြစ်မဲ့ရှမ်းတိုင်းရင်းသားများအား ဖမ်းဆီးခြင်းဖြင့် KIAအဖွဲ့အား ကြီးထွားအောင် ကြိုးစားခဲ့ကြသည်။
KIAအဖွဲ့ကို သြဇာလွှမ်းမိုးမှုရှိသည့် KBC(ကချင်ခရစ်ယာန်သာသနာပြုအဖွဲ့)သည်လည်း KIAအဖွဲ့အား နောက်ကွယ်မှ ဒုက္ခသည်အမည်တပ်ကာ ငွေအင်အားပံ့ပိုးပေးခြင်း၊ ကချင်လူငယ်လေးများအား Sunday Schoolဟုအမည်တပ်ကာ ဘာသာရေး လူမျိုးရေးမှိုင်းတိုက်ခြင်း၊ နိုင်ငံတကာသို့ သတင်းတုများ ဖြန့်ဝေခြင်း၊ KIAအဖွဲ့စစ်ရေးအရ အရေးနိမ့်နေချိန်တွင် ဒုက္ခသည်အမည်တပ်ကာ ကယ်ထုတ်ခြင်၊း နိုင်ငံတကာအဖွဲ့အစည်းများမှ အကူအညီရယူပေးခြင်း စသည်များကို အစီအစဉ်တကျ လုပ်ဆောင်လျက်ရှိသည်။
ရှမ်းခေါင်းဆောင်များကလည်း KIAအဖွဲ့၏ ဆက်ကြေးကောက်မှု၊ လူမျိုးတုန်းသတ်ဖြတ်မှုများကို ကမ္ဘာ့ကုလသမ္မဂအဖွဲ့ထံ တိုင်ကြားထားသည်ဟု သိရသည်။
၂၀၁၂ခုနှစ်က တပ်ရင်းတစ်ရင်းသာ စေလွှတ်ခဲ့သော မြန်မာ့တပ်မတော်သည် ယခုရက်ပိုင်းတွင် ကုန်လမ်းရေလမ်းများမှ ထပ်မံ၍ တပ်းရင်းနှစ်ရင်းအားဖြည့်ခဲပြီး ယခုလည်း စစ်အင်အား(၂၀၀)ကျော်ကို လက်နက်ကြီးများဖြင့် လိုင်ဇာမြို့အနီးသို့စေလွှတ်ခြင်းမှာ KIAဌာနချုပ်ကို သိမ်းပိုက်တော့မည်လားဟု ပြည်သူများက မေးခွန်းထုတ်လျှက်ရှိသည်။

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...