Friday, 9 October 2015

"လသာဒီချုပ် ကိုယ်စားလှယ်လောင်း အောင်နိုင်ရေးဆိုင်းဘုတ် ဖျက်ဆီးခံရ"


(ရန်ကုန်၊ အောက်တိုဘာ ၉)
ဒေါက်တာအောင်သူ၊ ဒေါ်ခင်မို့မို့အောင်နှင့် ဦးကျော်မင်းဟန် တို့၏ဓါတ်ပုံများ ပါဝင်သည့် လသာမြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ၊ လွှတ်တော် ကိုယ်စားလှယ်အောင်နိုင်ရေးဆိုင်းဘုတ် ဖျက်ဆီးခံထားရသည်ကို ယနေ့ မနက်ကတွေ့ရှိရပါတယ်။
မဲဆွယ်စည်းရုံးခွင့် စတင်ခွင့်ပြုလုပ်သည့် စက်တင်ဘာလ ပထမအပတ် မှစတင်ကာ ပြည်နယ်နဲ့အတိုင်းအသီးသီးမှာ ရှိတဲ့နိုင်ငံရေးပါတီတွေရဲ့ မဲဆွယ် ဆိုင်းပုဒ်တွေဟာဆိုရင်လည်း အခုလိုပဲ ဖျက်ဆီးခံရမှုတွေ ကြုံတွေ့ခဲ့ရပါတယ်။ နိုင်ငံရေး ပါတီတွေ မဲဆွယ် စည်းရုံးရေးပြုလုပ်ရာမှာ ယခုလို ပြိုင်ဘက် ပါတီတွေရဲ့ မဲဆွယ်စည်းရုံးမှု အပေါ်မှာ နှောက်ယှက်ဖျက်ဆီးမှု မပြုလုပ်ဘူး ဆိုတာကို ကတိက၀တ်ပြုပြီး ရေးဆွဲထားတဲ့ ကတိက ၀တ်စာချုပ်(CODE OF CONDUCT) ကို လည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ကြံ့ခို်င်ရေးပါတီ အပါအ၀င် အခြားနိုင်ငံရေးပါတီတွေ ကလည်း ပါဝင်လက်မှတ် ထိုးထားခဲ့ပါတယ်။
ယခုလို ကတိက၀တ်စာချုပ်ကို လိုက်နာခြင်းမရှိဘဲကိုယ့်ရဲ့ ပြိုင်ဘက်ပါတီ အပေါ်ကို နှောက်ယှက်ဖျက်ဆီးမှုပြုလုပ်တာဟာ ရွေးကောက်ပွဲအတွက် ရုပ်ဆိုး အကျဉ်းတန်ခြင်းဖြစ်တယ်လို့လည်း ပါတီအချို့က သုံးသပ်ပြောဆိုနေကြပါတယ်။

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...