Thursday, 8 October 2015

လုပ်ခလစာ နှင့် အချိန်ပိုကြေးများ မရရှိသောကြောင့် ဗစ်တိုးရီးယားကုန်တိုက် အလုပ်သမားများ ဆန္ဒပြ


ရန်ကုန်၊ အောက်တိုဘာ ၇
အစိုးရက တရားဝင် သတ်မှတ်ထားသည့် အနိမ့်ဆုံးလုပ်ခ ၃၆၀၀ ကျပ် နှင့်အချိန်ပိုကြေးများ မရရှိသည့် လှိုင်သာယာမြို့နယ် န၀ဒေးအိမ်ရာအနီးဗစ်တိုးရီးယား ကုန်တိုက်မှ အလုပ်သမား ၃၀၀ ဝန်းကျင် သည် အောက်တိုဘာလ ၇ ရက်နေ့ နံနက်ပိုင်းက ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ၎င်းအလုပ်သမားများထံမှ သိရှရသည်။
လုပ်သက်နှစ်အလိုက် လစာ ၄သောင်းကျပ်မှ ၆ သောင်းအထိ ရရှိနေသည့်ဝန်ထမ်းများသည် ပိတ်ရက်မရှိ အချိန်ပြည့် လုပ်ကိုင်နေရပြီးတနင်္ဂနွေနေ့အတွက် အချိန်ပိုကြေး ၂၂၀၀ ကျပ်သာရရှိကြောင်း၊ အောက်တိုဘာလ ၆ရက်နေ့က ထုတ်ပေးသည့် စက်တင်ဘာလ လစာတွင် အလုပ်သမား ဥပဒေအရ ပြဌာန်းချက်များအတိုင်း ပါဝင်လာခြင်းမရှိသောကြောင့် ဆန္ဒပြရခြင်းဖြစ်ကြောင်း အလုပ်သမားများကပြောဆိုသည်။
ကုန်တိုက်ဝန်ထမ်းများသည် နံနက် ၉ နာရီမှ ည ၉ နာရီအထိ အလုပ်လုပ်ရပြီးတစ်လလျှင် ၃ရက်အထက် အလုပ်ပျက်ကွက်ပါက လစဉ် ထောက်ပံ့ကြေးအဖြစ် ပေးထားသည့် ကျပ်လေးသောင်းကို အဖြတ်ခံရသည့်အပြင် ပျက်သည့်ရက်အလိုက် အခြေခံလစာထဲမှ အချိုးချ၍ ထပ်မံအဖြတ်ခံခြင်းများ ကြုံတွေ့နေရကြောင်းအလုပ်သမားတစ်ဦးဖြစ်သူ ကိုလှိုင်သူထွေးက ပြောဆိုသည်။
"မနက် ၉နာရီကနေ ည၉ နာရီထိဆင်းရတယ်။စားသောက်ချိန် တစ်နာရီကိုနုတ်မယ်ဆိုရင် Overtime က နေ့တိုင်း ၃ နာရီလောက်ဆင်းရတယ်။ကျွန်တော်တို့ကတော့ တစ်လကို ၃၆၀၀ နဲ့ တွက်တဲ့ နှုန်းထားရယ်၊ Overtime ကြေးရယ်၊ အလှည့်ကျ နားရက်လေးရချင်တယ်" ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
ယင်းဆန္ဒထုတ်ဖော်မှုနှင့် ပတ်သက်၍ အလုပ်သမားများ၏ တောင်းဆိုနေမှုကြောင့် အလုပ်ရှင်များနှင့်အလုပ်သမားကိုယ်စားလှယ်များမှာ
လှိုင်သာယာမြို့နယ်အလုပ်သမားညွှန်ကြားရေးမှုးဦးစီးဌာနတွင်ဆွေးနွေးညိနှိုင်းလျက်ရှိသည်။
"ကျွန်တော်တို့ဘက်က ဥပဒေအရ အဆင်ပြေအောင်လုပ်ပေးသွားမှာပါ" ဟု အလုပ်သမား ညွှန်ကြားရေးမှုးဦးစီးဌာန သို့ လာရောက်ဆွေးနွေးသူဗစ်တိုးရီးယားကုန်တိုက် အထွေထွေမန်နေဂျာ ဦးလှမောင်က ပြောဆိုသည်။
အစိုးရက တရားဝင်သတ်မှတ်ထားသည့် တစ်ရက်လျှင် အနိမ့်ဆုံးလုပ်ခ ၃၆၀၀ ကျပ်မရရှိမှု ၊ စနေ့နေ့တွင် နေ့လည် ၁၂ နာရီထက် ကျော်လွန် အလုပ်လုပ်ရပါကအချိန်ပိုကြေး မရရှိမှု များ ကြောင့် လှိုင်သာယာမြို့နယ်မှ စက်ရုံအလုပ်သမားများ ဆက်တိုက် ဆန္ဒပြလျက်ရှိနေကြောင်း အလုပ်သမားရေးဆောင်ရွက်သူများထံမှ သိရှိရသည်။
တရားဝင်သတ်မှတ်ထားသည့် နှုန်းထားနှင့် အလုပ်သမားများရရှိသည့်နှုန်းထားများ တိုက်ဆိုင် စစ်ဆေးနိုင်ရန် စက်တင်ဘာလနှင့် အောက်တိုဘာလနှစ်လစာ ဝန်ထမ်းလစာချေပေးမှု စာရွက်စာတမ်းများကိုအလုပ်သမားညွှန်ကြားမှုဦးစီးဌာနက စက်ရုံများကို တောင်းခံလျက်ရှိနေသည်။


www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...