Tuesday, 13 October 2015

ဒေါ်အောင်ဆန်းစုကြည်၏ ရခိုင်ခရီးစဉ်တွင် ရခိုင်အမျိုးသားရေးပါတီမှ ဆန္ဒပြမည်

ရန်ကုန်၊ အောက်တိုဘာ ၁၃

NLD ရခိုင်ပြည်နယ်တောင်ပိုင်း ရွေးကောက်ပွဲအောင်နိုင်ရေး ခရီးစဉ်သို့ 
ဒေါ်အောင်ဆန်းစုကြည်အောက်တိုဘာ ၁၆ ရက်မှစ၍ သုံးရက်ကြာ 
လာရောက်မည့်ခရီးစဉ်နှင့်ပက်သတ်ပြီး ရခိုင်အမျိုးသားရေး ပါတီမှ 
ဆန္ဒပြမည်ဖြစ်ကြောင်းကိုမောင်ဝင်း က ပြောကြားသည်။

ဒေါ်စု လွှတ်တော် သက်တမ်းတစ်လျောက်တွင် တိုင်းပြည်အတွက်
အကျိုးရှိစေမည့် အဆိုများ တင်သွင်းချင်းမရှိသလို
အာဏာရမည့် အကြောင်းကိုသာ အမြဲမပျက်ပြောဆိုပြီး
ပုဒ်မ အမျိုးမျိုးအား ပြင်ဆင်မည်ဟု လမ်းပေါ်တွင် အော်ဟစ်နေခြင်းမှာ
တိုင်းပြည်အတွက် နစ်နာရသည်ဟု ၄င်းက ဆက်လက်ပြောကြားသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ကုလား အရေးအခင်းတွင် နိုဗယ်ဆုရှင်
ဒေါ်အောင်ဆန်းစုကြည် သည် ဘင်္ဂလီ ကုလားများဘက်မှ ဘက်လိုက်မှုကြောင့် ပြည်သူအများအပြား ၏ ထောက်ခံမှုကျဆင်းသွားကြောင်းကိုလည်း NLD ပါတီ၏ တာဝန်ရှိသူပြောပြချက်အရသိရှိရသည်။

ဒေါ်အောင်ဆန်းစုကြည် ၏ ရခိုင်ခရီးစဉ်နှင့်ပက်သတ်၍ ရခိုင်အမျိုးသားရေးပါတီအား သီးသန့် ဆက်သွယ်မေးမြန်းခဲ့ရာ " ဟိုအရင်ကတော့ ဗိုလ်ချုပ်သမီးဆိုတော့ ကျွန်တော်တို့ထောက်ခံခဲ့ပါတယ်။ ဒါပေမယ့် ရခိုင်အရေးအခင်းတွေ မိတ္ထီလာအရေးအခင်းတွေမှာ ဒေါ်စု ဆုံးဖြတ်ချက်တွေ ဘက်လိုက်မှုတွေကြောင့် ကျွန်တော်တို့ ရခိုင်သားတွေ အသဲပေါက်မတတ်ခံစားခဲ့ရတယ် ဒါကြောင့် ဒေါ်စု ခရီးစဉ်ကိုလက်မခံကြောင်း ဆန္ဒပြမှာပါ " ဖြစ်ပါတယ်လို့ ကိုမောင်ဝင်းကဖြေကြားထားပါတယ်။

ဒေါ်စုသည် ၂၀၁၅ ရွေးကောက်ပွဲအတွက် မျိုးနယ်အများအပြားသို့ မဲဆွယ်စည်းရုံးရောက်   အောင်နိုင်ရေး အတွက် လှည့်လည်ဟောပြောရာ အတော်အသင့် အောင်မြင်မှုရရှိပြီး ယခုလာမည့်   ရွေးကောက်ပွဲ တွင် နေရာအများအပြားအောင်နိုင်မည်ဟု ယုံကြည်ကြောင်း ပဲခူး မဲဆွယ်စည်းရုံးရေး တွင်ပြောထားပါတယ်။


From:__WLT

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...