Thursday, 8 October 2015

ဒီချုပ်ဟောပြောပွဲအနီး သစ်ပင်ရှိပျားအုံ ခဲဖြင့်ပစ်ခတ်ခံရ၍ တက်ရောက်သူအချို့ ပျားတုပ်ခံရပြီး ဟောပြောပွဲရပ်ဆိုင်း

မကွေးတိုင်း ချောက်မြို့ နယ် စလေတိုက်နယ်အတွင်းရှိ ဥယျာဉ်ကျေးရွာ ရှင်ပင်စာကြို ဘုရားဝင်းအတွင်း အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်အောင်နိုင်ရေး ဟောပြောပွဲပြုလုပ်နေစဉ် အနီးရှိ မန်ကျည်းပင်ပေါ်မှ ပျားအုံကြီးကို ခဲဖြင့်ပစ်ခတ်ခံရ၍ တက်ရောက် လာသည့် ပရိသတ်အချို့ ပျား တုပ်ခံရသောကြောင့် အစီအစဉ် မပြီးမီ ဟောပြောပွဲ ရပ်တန့်ခဲ့ရ ကြောင်း ချောက်မြို့ ဒီချုပ်အောင် နိုင်ရေးအဖွဲ့မှ သတင်းရရှိသည်။အောက်တိုဘာ ၆ ရက်နေ့ လယ်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လူ ခြောက်ဦးခန့် ပျားတုပ်ခံရကာ တစ်ဦးမှာ နားအတွင်းထိ ပျားဝင် သွားသဖြင့် ဆေးရုံတက်၍ ထုတ်ခဲ့ရကြောင်း ချောက် အမှတ် (၂) တိုင်းလွှတ်တော် ကိုယ်စား လှယ်လောင်း ဦးစိုးဝင်းက ပြော သည်။
‘‘ပါတီ အောင်နိုင်ရေးအ တွက် ဖျော်ဖြေအစီအစဉ်လည်း ပါတယ်။      ‘‘ပါတီအောင်နိုင်ရေးအတွက် ဖျော်ဖြေရေး အစီအစဉ်လည်း ပါတယ်။ နောက် ကိုယ်စားလှယ် လောင်းမိတ်ဆက် အစီအစဉ် လည်း လုပ်မယ်ပေါ့၊ စီစဉ်ထားခဲ့ တာ။ သီချင်းနှစ်ပုဒ်လောက်အပြီး ပဲရှိဦးမယ်။ အဲဒီမန်ကျည်းပင်ကြီး အောက်က ပရိသတ်တွေ ရုတ် ရုတ်သဲသဲဖြစ်တယ်။ ပျားတွေ တုပ်ခံရတယ်ပေါ့။ အဲဒါကြောင့် မလိုလားအပ်တဲ့ ပြဿနာတွေ ထပ်မဖြစ်အောင် မိတ်ဆက်တာ တောင် မလုပ်တော့ဘဲ ရပ်နားခဲ့ တယ်’’ဟု ၎င်းက ပြောသည်။
www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...