Friday, 2 October 2015

မဘသ ကန်တော့ဆွမ်း

မနေ့ က လူမှုကွန်ယက်မှာ ...
ဓာတ်ပုံတစ်ချို့  စတက်လာပါတယ် ...
မန်းလေးမြို့  မလွန်ဈေး
ဗုဒ္ဓပူဇနိယကထိနအသင်းကြီး 
ဝေယျာဝစ္စလူငယ်များ ဘုံဆွမ်းလောင်းအသင်း
( ၃၁×၃၂ကြား ၊ ၈၅ ×၈၆ ကြား ) စာတမ်းအောက်မှာ ...
မဘသ ကန်တော့်ဆွမ်းဆိုတဲ့  စာကပ်ပြီး ...
ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဓာတ်ပုံနဲ့  တွဲလျက် ...
ဓာတ်ပုံ ရိုက်ခံနေတဲ့ ပုံတွေပါ ...
ဒီနေ့ မနက် လူမှုကွန်ယက်မှာ ...
အဲဒီကိစ္စ စပြီး ပွစပြုလာပါပြီ ...
ကျွန်တော်တို့ မြန်မာပြည်မှာ ...
သံဃာအင်အား ငါးသိန်းနဲ့ အထက်ရှိပါတယ် ...
ဒီ သံဃာတော်တွေနဲ့  ပတ်သက်တဲ့  အရေးကိစ္စတွေကို ...
သာသနာရေး ၀န်ကြီးဌာန ...
နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့  ...
သက်ဆိုင်ရာ တိုင်း မြို့ နယ် ...
သံဃာ့ နာယက အဖွဲ့ တွေက ကြီးကြပ်ပါတယ် ...
သံဃာတော် အများစုဟာ ရဟန္တာ မဟုတ်သေးတဲ့ အတွက် ...
လောဘ ၊ ဒေါသ ၊ မောဟတွေ မကင်းစင်ကြသေးပါဘူး ...
ဒါကြောင့် သူ့ အကြိုက် ... ကိုယ့်အကြိုက် ...
သူ့ အစွဲ ကိုယ့်အစွဲတွေ ...
သူ့ ပါတီ ကိုယ့်ပါတီဆိုတဲ့  ကိစ္စလေးတွေ ရှိပါတယ် ...
ဒါကို ကျွန်တော်တို့  ဘာမှ မှတ်ချက်မပြုလိုပါဘူး ...
မဘသကို ကြိုက်ခြင်း မကြိုက်ခြင်း ...
NLD ကို ကြိုက်ခြင်း မကြိုက်ခြင်း ...
ပြည်ခိုင်ဖြိုးကို ကြိုက်ခြင်း မကြိုက်ခြင်း ...
အခြားနိုင်ငံရေးပါတီများကို ကြိုက်ခြင်း မကြိုက်ခြင်း ...
ဒါတွေဟာ သက်ဆိုင်ရာရဟန်း ၊ လူ ပုဂ္ဂိုလ် နဲ့  ...
သက်ဆိုင်ရာ အသင်းအဖွဲ့ တွေရဲ့  သဘောထားသာ ဖြစ်ပါတယ် ....
ထိုနည်းတူ ဆွမ်းလောင်းခြင်း မလောင်းခြင်းဆိုတဲ့  ကိစ္စဟာလဲ ...
ကိုယ် မကြိုက်ရင် မလောင်းရုံပဲ ဖြစ်ပါတယ် ...
ဘာမှ ကန့် ကွက်ဖွယ် အကြောင်းမရှိပါဘူး ...
ဇွတ်အတင်း ဆွမ်းလောင်းရမယ်လို့  ...
တိုက်တွန်းစရာ အကြောင်းလဲ မရှိပါဘူး ....
သို့ သော် ...
ယခု ပုံထဲကလို ...
မဘသ ကန်တော့  ဆွမ်းလို့ စာကပ်ပြီး ...
မသင့်မလျော် လုပ်ဆောင်လာတဲ့ ကိစ္စဟာ ...
သံဃာထုအတွင်းရော ...
ဆရာ ဒါယကာထုအတွင်းမှာပါ ...
အများကြီး ပြသနာ ကြီးလာနိုင်တဲ့  အနေအထားဖြစ်ပါတယ် ...
မဘသ ကန့် တော့ဆွမ်းလို့ စာကပ်တာကို လက်ခံရင် ...
NLD ထောက်ခံသူ ကိုယ်တော်များ ကန်တော့ ဆွမ်း ...
ပြည်ခိုင်ဖြိုး ထောက်ခံသူ ကိုယ်တော်များ ကန်တော့ ဆွမ်း ...
စတဲ့  စာတွေ ပြန်ကပ်လာရင်လည်း ...
လက်ခံရတော့မယ့် အနေအထား ဖြစ်နေပါတယ် ...
သံဃာ့အဖွဲ့ အစည်းဆိုင်ရာ ဥပဒေ ပုဒ်မ ၁၀မှာ ...
မည်သူမဆို သာသနာရေးအဖွဲ့ အစည်းအဆင့်ဆင့်ကို ...
ပြိုကွဲပျက်စီးစေရန် ...
စည်းရုံးခြင်း ၊ လှုံ့ ဆော်ခြင်း ၊ဟောပြောခြင်း ၊
ရေးသားဖြန့် ချိခြင်း မပြုရလို့  ပြဋ္ဌာန်းထားပါတယ် ...
ပြစ်ဒဏ်အနေနဲ့  ထောင်ဒဏ် ၆လမှ ၃ နှစ်အထိ ...
ကျခံရနိုင်တဲ့ ပုဒ်မဖြစ်ပါတယ် ...
သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရ တာဝန်ရှိသူများအနေနဲ့  ...
ဒီလို လက်လွတ်စပယ် လုပ်ဆောင်လာတာကို ...
ဝင်ပြီး ကြီးကြပ်သင့်တဲ့  အနေအထားကို ...
ရောက်ရှိလာနေပြီ ဖြစ်ကြောင်း ...
သတိပေးတင်ပြအပ်ပါတယ် ... ။ ။
Ye Moe 

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...