Thursday, 15 October 2015

ငိမ်းချမ်းရေးနိုဘယ်ဆုရှင် မပါဘဲ အောင်မြင်စွာပြီးဆုံးခဲ့သည့် ငြိမ်းချမ်းရေးလက်မှတ်ထိုးပွဲ


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် အစိုးရ၊ လွှတ်တော်၊ တပ်မတော်မှ တာဝန်ရှိသူများနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ရှစ်ဖွဲ့မှ ခေါင်းဆောင်ကြီးများ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်ကို အပြန်အလှန် လဲလှယ်ကာ လက်မှတ်ရေးထိုးခဲ့ကြသည်။
လက်မှတ်ရေးထိုးကြသူများမှာ -
၁။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်
၂။ ဒုတိယသမ္မတ (၁) ဒေါက်တာစိုင်းမောက်ခမ်း
၃။ ဒုတိယသမ္မတ (၂) ဦးဥာဏ်ထွန်း
၎။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်း
၅။ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်
၆။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
၇။ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း
၈။ ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာထွန်းရှင်
၉။ UPWC ဒုတိယဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်
၁၀။ UPWC ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း နှင့်
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ -
၁။ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး
၂။ RCSS/SSA ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ်
၃။ KNU/KNLA (Peace Council) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောဌေးမောင်
၎။ PNLO ဥက္ကဋ္ဌ ခွန်မြင့်ထွန်း
၅။ CNF ဥက္ကဋ္ဌ ပူးနန်လျန်ထန်
၆။ ALP ဒုတိယဥက္ကဋ္ဌ ခိုင်စိုးနိုင်အောင်
၇။ ABSDF ဥက္ကဋ္ဌ ရဲဘော် သံခဲ
၈။ DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောလားပွယ်
တို့ဖြစ်ကြပါသည်။

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...