Thursday, 15 October 2015

တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးနှင့် တပ်မတော်နှစ်ရပ် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်ရေး ဆွေးနွေး


နေပြည်တော် ၊ စက်တင်ဘာ ၂၄
ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်းသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာဟုန်းလျန် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၁၀ နာရီတွင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးဧည့်ခန်းမ၌ တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးအနေဖြင့် အစိုးရအချင်းချင်း၊ တပ်မတော်အချင်းချင်း ဆက်ဆံရေးကောင်းမွန်ခဲ့ကြောင်း၊ အစဉ်အလာအရ နှစ်နိုင်ငံဆွေမျိုးပေါက်ဖော် ညီအစ်ကိုအရင်းသဖွယ် နေ ထိုင်လာခဲ့ကြပြီး အရေးကြုံလာပါက အကူအညီပေးမှုများ ရှိခဲ့ကြောင်း၊ အနာဂတ်ကာလများတွင်လည်း နှစ်နိုင်ငံ ဆက်ဆံရေးနှင့် တပ်မတော်နှစ်ရပ် ပူးပေါင်းဆောင်ရွက်မှုများအား တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ရေဘေးဖြစ်စဉ်တွင် ရေဘေးသင့်ဒေသများသို့ တရုတ်နိုင်ငံမှလေယာဉ်များ၊ ယာဉ်တန်းများဖြင့် ကယ်ဆယ်ရေးပစ္စည်းများ ပေးပို့ခဲ့သည့်အပြင် သံအမတ်ကြီးကိုယ်တိုင် ရေဘေးသင့်ဒေသများသို့ သွားရောက် လှူဒါန်းခဲ့ခြင်းများအား ကျေးဇူးတင်ရှိကြောင်းနှင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးသည်။
တွေ့ဆုံရာ၌ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် အောင်သော် နှင့်တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...