Thursday, 15 October 2015

ကျွန်တော်တို့ နိုင်ငံမှ လေးချောင်းထောက်များ


သဘောမျိုးသာဆောင်နေပါတယ်။ လွတ်လပ်ခွင့်နှင့်အတူ ၀ါဒမှိုင်းတွေတိုက်ခံနေရသလိုပါပဲ
ဘာကြောင့်လည်းဆိုရင် လက်ရှိအစိုးရကိုသာတိုက်ခိုက် အတိုက်အခံများရဲ့ သတင်းများသာဝေေ၀ဆာဆာ ဖော်ပြနိုင်ပီဆိုရင် လူဖတ်များမယ်၊ရောင်းအားတက်မယ်။
တကယ်တော့ စာနယ်ဇင်း လွတ်လပ်ခွင့် တစ်နှစ်ကျော်ကာလမှာ ဖော်ပြလို့တောင် မရနိုင်တဲ့ တိုးတက်မှုတွေ အများကြီး ရှိခဲ့ပါတယ်။ ပြည်သူတွေ အတွက် အဖိုးမဖြတ်နိုင်တဲ့ စာအုပ်စာတန်းတွေကို ဘယ်ခေတ်ကာလနဲ့မှ မတူအောင် ပုံနှိပ်ဖော်ပြလာနိုင်ပါတယ်။ မဏ္ဍိုင်ကြီး ၃ ရပ်ကို ထောက်ပြနိုင်တဲ့ သတင်း၊ သတင်းဆောင်းပါးတွေလည်း အများအပြား ရေးလာနိုင်ပါတယ်။ ဒါပေမယ့် ငါးခုံးမ တစ်ကောင်နှစ်ကောင်ကတော့ ရှိခဲ့ပါတယ်။ စာနယ်ဇင်း ကျင့်ဝတ် ချိုးဖေါက်ပြီး အစိုးရ နဲ့ ပုဂ္ဂလိကတွေကို ပုဂ္ဂိုလ်ရေး ထိုးနှက်တာတွေ အပါအ၀င် မဆင်မခြင် ရေးချင်သလို ရေး၊ ဖော်ပြချင်သလို ဖော်ပြတဲ့ သတင်းစာ ဂျာနယ်တွေလည်း ရှိန်ေခဲ့ပါတယ်။ လူဗြိန်းကြိုက်ဖြစ်တဲ့ အတွက် အဲဒီ စာစောင်တွေ ဈေးကွက်ထဲမှာ ရောင်းလည်း ကောင်းပါတယ်။ ခက်တာက အဲဒီ သတင်းစာ ဂျာနယ်တွေရဲ့ စာနယ်ဇင်း ကျင့်ဝတ် ချိုးဖေါက်တာတွေကို ထောက်ပြသူ မရှိတာပါ။ အစိုးရကလည်း စာနယ်ဇင်း လွတ်လပ်ခွင့် ပိတ်ပင်တယ် အမြင်ရောက်မှာစိုးလို့ ဘယ်လောက် ဆိုးဆိုး တရားမစွဲပါ။ အဲလို ဖြစ်လာလေလေ၊ စာနယ်ဇင်းကျင့်ဝတ် ချိုးဖေါက်မှုက များလေလေပါပဲ။ ခုတော့ အဲဒီ နည်းနဲ့ လူကြိုက်များ၊ ဈေးကွက်ရ၊ ၀င်ငွေဖြောင့်တာ တွေ့လာလို့ အခြားနယ်ပယ်က လူတွေပါ စာနယ်ဇင်းလောကထဲ ဒိုင်ပင်ပစ် ၀င်လာနေကြပါပြီ။ ဈေးကွက်ကလည်း စာနယ်ဇင်း ကျင့်ဝတ် အချိုးဖေါက်ဆုံး၊ အဆဲနိုင်ဆုံး စာစောင် ရောင်းကောင်းတဲ့ အခြေအနေ ဘက် ဦးတည်နေပပါတယ်။

ဒီလို အခြေအနေကြောင့် စာနယ်ဇင်းလွတ်လပ်ခွင့် အစိုးရက ပြန်ထိန်းမယ် ဆိုတာမျိုးကိုတော့ မကြားရပါ။ စာနယ်ဇင်း ကျင့်ဝတ် ချိုးဖေါက်တဲ့ စာစောင်တွေကို တစ်ယောက်ချင်းစီဖြစ်ဖြစ်၊ စာစောင် တစ်ခုချင်းပဲဖြစ်ဖြစ်၊ MJA, MJN, MJU လို စာနယ်ဇင်း အဖွဲ့တွေကပဲဖြစ်ဖြစ်၊ စာနယ်ဇင်းကောင်စီကပဲ ဖြစ်ဖြစ် ပုံမှန်ဝေဖန်ထောက်ပြပေးနေဖို့ လိုပါတယ်။ ဝေဖန်ထောက်ပြ တာကို တရားစွဲမယ်လို့ ခြိမ်းခြောက်တာမျိုး၊ အခြားနည်းနဲ့ အကြပ်ကိုင်တာမျိုးတွေ ရှိခဲ့ရင်လည်း စာနယ်ဇင်းသမားတွေ ရဲရဲရင့်ရင့် ရင်ဆိုင်ကြရပါမယ်။နိုင်ငံတကာမှာ လူဆိုးဂုဏ်းတွေ၊ အဂတိလိုက်စားတဲ့ အစိုးရအဖွဲ့ဝင်တွေကို စုံစမ်းဖော်ထုတ်ရင်း၊ စစ်သတင်းလိုက်ရင်း အန္တရာယ်ကြုံကြရတဲ့ ဂျာနယ်လစ်တွေရဲ့ အခြေအနေလောက်လည်း မပြင်းထန်ပါဘူး။ မီဒီယာ လွတ်လပ်ခွင့်ရဖို့ ရဲရဲ့ဝန့်ဝန့် တိုက်ပွဲ ၀င်ခဲ့ကြသလို၊ ရလာတဲ့ စာနယ်ဇင်း လွတ်လပ်ခွင့်ကို အလွဲသုံးနေသူတွေ ဖျက်ဆီးနေကြတာကိုလည်း ပရော်ဖက်ရှင်နယ် စာနယ်ဇင်းသမားကောင်း မှန်သမျှ ကာကွယ်ရမယ်သာ ဖြစ်ကြောင်းပါ။

ကျွန်တော်တို့ နိုင်ငံ ရဲ့  စတုတ္ထမဏ္ဍိုင် ကြီးများအနေဖြင့် သဘာဝမကျရင်နေပါစေ မှန်ကန်သော သတင်းများဆောင်ကျဉ်းပေးစေ ချင်ပါတယ်။ ပါတီတစ်ခုခုအတွက် လော်ဘီတွေအဖြစ်ဖြင့် ရျှိနေတာမျိုးတွေ၊အဖွဲ့ စည်းတစ်ခုခုအတွက် ဆောင်ရွက်နေခြင်းမျိုး မဟုတ်ပဲ ဘက်မလိုက်သော၊အမှန်တရားများကို အသက်ထက်တန်ဖိုးထားတဲ့  မီဒီယာမျိုးကိုသာလိုလားမိပါတယ်။ လိုလားမိတယ်ဆိုမှတော့ ဒီလိုမီဒီယာမျိုးတွေကျွန်တော်တို နိုင်ငံမှာမရှိသေးလို့ ပါပဲ။ကလောင်တစ်ချောင်းစွမ်းခဲ့ ရင် လူအကျိုးဆောင်နိုင်သလို အဆိပ်ဖြစ်စေမယ့် ကလောင်မျိုးဆိုရင်လည်း များစွားအန္တရာယ်ရှိနိုင်တယ်ဆိုတာကို ဒုတိယ ကမ္ဘာစစ်ပွဲကြီးတွေမှာပါ တွေ့ ရှိခဲ့ ရပြီးဖြစ်ပါတယ်။လက်နက်ခဲယမ်းတွေနဲ့ တုက်ခိုက်သတ်ဖြတ်ခြင်းဟာ အရေတွက်တစ်ခုထိသာထိရောက်နိုင်ပါတယ်။ကလောင်သတ်ရင်တော့ လူတွေရဲ့ စိတ်တွေ၊ခံယူချက်တွေ၊မျှော်လင့်ချက်တွေအားလုံးကိုသတ်မှာ ဖြစ်တဲ့ အတွက် ရေတွက်လို့ မရနိုင်ပါဘူး။ယခုကျွန်တော်တို့ နိုင်ငံအနေဖြင့် မီဒီယာလွတ်လပ်ခွင့်တွေရရှိပြီးနောက်မှာ မီဒီယာလွတ်လပ်ခွင့် ဟာ လေးခြောင်းထောက်ကြီးများအနေဖြင့် ယခုအမြင်များဟာ သာမန်ထက်တော့ထူခြားမှု့ မရှိဘူးလို့ ပဲ မြင်မိပါတယ် ။လွတ်လပ်ခွင့်ကြီးဟာ ကာဗာ(Cover)




From:__Oo Myo Min

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...