Friday, 9 October 2015

သာမန်ပြည်သူတစ်ဦးရဲ့  နစ်နာမှုကို .... တာဝန်ရှိသူများ ဘယ်လိုဖြေရှင်းပေးမလဲ သိပါရစေ ?


စစ်တောင်း Mobile team အဖွဲ့က ကျနော့ကားကို 7.10.2015 ည (၇)နာရီမှာဖမ်းတယ်။ ကားအမျိုးအစားက Suzuki swift ပါ။ ကားနံပါတ် 1G/4476 ပါ။ ဖမ်းဆီးသူက ဦးတင်မိုးဆွေ (လက်ထောက်ညွှန်ကြားရေးမှူး - စီးပွားကူးသန်းဝန်ကြီးဌာန)ကပါ။ ယာဉ်နှင့်ပတ်သက်ပြီး အထောက်အထားများကိုစစ်ဆေးသူက ဦးဝင်းစိုး (ကညန - စက်မှုကျွမ်းကျင် ၂) ပါ။
ကျနော့ကိုဖမ်းဆီးတဲ့အခါမှာ အကြောင်းပြချက်က က ည န မှထုတ်ပေးသော ဘီးခွန်ကပ်ပြား သံသယ ရှိတယ်ဆိုတဲ့အကြောင်းပြချက်ပါ။ ကျနော်ဖက်က ဘယ်လိုသက်သေပြရမလဲမေးတော့ မော်တော်ယာဉ် owner book တောင်းပါတယ်။ ကျနော်က လောလောဆယ်မပြနိုင်ဘူးပြောတော့ owner book ပြနိုင်ရင်ကားကိုပြန်လွှတ်ပေးမယ် လို့ပြောတယ်။
ရန်ကုန်မြို့မှာနေတဲ့ ကျနော်တို့ပြည်သူတစ်ဦးအတွက် မိုင်90 လောက်ဝေးတဲ့ အိမ်ပြန်ပြီး owner book ပြန်ယူဖို့ဆိုတာ စဉ်းစားပေါ့။ ကားကလည်းဖမ်းထားပြီး။ ကားပေါ်မှာ အသက်(3)နှစ်အရွယ်ကလေးတစ်ယောက်အပါအဝင် လူ(6)ယောက်ပါတယ်။ အချိန်က ည (8) နာရီထိုးပြီး။ မိုးကလည်းတအားရွာနေတယ်။ လမ်းခုလတ်ကြီးမှာ ပစ္စည်းတွေကလည်းတစ်ပုံတစ်ပင်။ ပြည်သူဖက်က ခံစားပေးသင့်တယ်။
မတတ်နိုင်ဘူး။ ဒုက္ခခံပြီးရန်ကုန်ကိုပြန်မယ်။ ကား owner book ညတွင်းချင်းယူရမှာပေါ့။

အဲဒီအချိန်မှာ လူနှစ်ယောက်အနီးကပ်လာတယ်။ "ကူညီပါရစေ" တဲ့။ အစ်ကိုတို့မိသားစုကိုသနားတယ် တဲ့။ သူများကို ၃ သိန်း။ အစ်ကိုကြီးကို ကူညီချင်လို့ ၂ သိန်းပဲ တဲ့။ စိတ်ထဲမှာတော်တော်ခံပြင်းသွားပါတယ်။ အော် မြန်မာပြည်မှာ ပြည်သူဖြစ်ရတာ ဒီလိုတွေလည်းရှိတာကိုး။ ပြောလိုက်ပါတယ်။ ငါ့ကားဟာအမှန်ပါ လို့။ တစ်ပြားမှမပေးနိုင်ဘူး။ မှားနေရင်နိုင်ငံတော်ကသိမ်းလိုက်။ လူကိုပါဖမ်းချင်ဖမ်းပါ လို့။ သူတို့အသာလေး လစ်သွားကြတယ်။ သူတို့လုပ်တာ ကိုင်တာ ပြောတာ ဆိုတာ ကျွမ်းကျင်တယ်။ သင်တန်းတက်ထားတဲ့သဘောရှိပါတယ်။
ဒါနဲ့ပြန်လာတာပေါ့။ အိမ်ရောက်တယ်။ ကား owner book ယူတယ်။ ချက်ခြင်းပြန်သွားတယ်။ ည 1:00 နာရီထိုးပြီး။ မတရားစော်ကားခံလိုက်ရတယ် ဆိုတဲ့ စိတ်က စိတ်ပျက်အားငယ်စိတ်ကိုခံစားရစေပါတယ်။ လမ်းမှာ ဓါးပြတိုက်ခံရတာ ခံနိုင်ပါတယ်။ အခုဟာက ပြည်သူကျွေးတဲ့ထမင်းကိုစားနေတဲ့ ပြည်သူ့ဝန်ထမ်းတွေဆိုတော့ ပိုပြီးမခံမရပ်ဖြစ်ရတာပေါ့။ ဆိုးတာက ဝန်ကြီးဌာနတစ်ခုက စနစ်တကျ ထုတ်ပေးထားတဲ့ မော်တော်ယာဉ် အထောက်အထားတစ်ခုကို နောက်ဌာနတစ်ခုက သံသယ ဆိုတော့ ဒီသံသယဆိုတဲ့ပြသနာကြီးက ပြည်သူတစ်ဦးကို အတိုင်းအတာတစ်ခုအထိဒုက္ခပေးနိုင်တဲ့ လက်နက်တစ်ခုဖြစ်နေပြီလေ။
ည(3)နာရီလောက် စစ်တောင်းကိုပြန်ရောက်တယ်။ owner book ပြတယ်။ owner book ကြည့်ပြီးတော့ လူကြီးမင်းကားက မှန်ပါတယ်။ ပြန်ယူသွားပါ တဲ့။
သူပြောတာလွယ်လွယ်လေးဗျာ။ ကျနော့ဒုက္ခကိုတင်ပြတော့ ကျနော်တို့လည်းမတတ်နိုင်ဘူး။ အထက်ကခိုင်းလို့လုပ်ရတာ။ ကျနော်တို့လည်းပြည်သူတွေပါပဲ။ ဘယ်လုပ်ချင်မလဲ ဆိုပြီး သူတို့ဘဝအခြေအနေကိုသနားစဖွယ်ပြောပါတယ်။ (owner book ပြလိုက်တော့ တော်တော်လေး လေချိုသွေးတော့တာပါပဲ)။

အထက်က ဘယ်သူလဲမေးတော့ စီးပွားကူးသန်းဝန်ကြီးဌာန တဲ့။ အဲဒီဝန်ကြီးကို ကျနော်တော်တော်မုန်းသွားပါတယ်။ မကျေမနပ်ဖြစ်မိပါတယ်။ ဒါပေမဲ့ မေတ္တာပဲပို့ပေးလိုက်ပါတယ်။ မသေခြာတဲ့မူဝါဒ တွေချမှတ်လိုက်ခြင်းက ပြည်သူကိုအကျိုးပြုခြင်းထက် ဒုက္ခတွေပေးသလိုဖြစ်နေတာကိုတော့ ဝန်ကြီးမင်းတို့စဉ်းစားပေးပါ။
ပြည်တွင်းမှာ လိုင်စင်မဲ့ကားတွေ မှိုလိုပေါက်နေတာကို မီဒီယာတွေက ထောက်ပြနေပါပြီး။ ကျနော်တို့ဖက်ကလည်း ခရီးသွားရင် owner book ကားထဲထည့်သွားရမယ်ဆိုတာ သဘာဝမကျပါဘူး။

အမှန်တကယ်တော့ ကားနံပါတ်ပြားကိုစစ်လိုက်ရင်နဲ့ပဲ without car ဟုတ်/မဟုတ်ကို mobile team အဖွဲ့မှာပါတဲ့ က ည န ဝန်ထမ်းကခွဲနိုင်ပါတယ်။ ဒါကို owner book အိမ်ပြန်ယူခိုင်းတာ သဘာဝမကျပါဘူး။ တောင်ကြီးက ခရီးသွားတစ်ယောက်များဖြစ်ခဲ့ရင် ဘယ်လောက်ဒုက္ခရောက်မလဲ ကိုယ်ချင်းစာကြည့်ပေါ့ဗျာ။


Credit - Sann Aung 

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...