Friday, 9 October 2015

အိန္ဒိယနိုင်ငံရေတပ်မှ စစ်ရေယာဉ်တစ်စင်း ပြန်လည်ထွက်ခွာ


နေပြည်တော်၊ အောက်တိုဘာ ၈
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင် ချစ်ကြည်ရေးခရီးစဉ်အဖြစ် ရောက်ရှိနေသော အိန္ဒိယနိုင်ငံ ရေတပ်မှ စစ်ရေယာဉ် INS KHUKRI သည် ယနေ့နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် ရန်ကုန်မြို့၊ သန်လျင် သီလ၀ါဆိပ်ကမ်း MITT တံတားမှ ပြန်လည်ထွက်ခွာရာ တပ်မတော်(ရေ)မှ အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယစစ်သံမှူးနှင့် အရာရှိ၊စစ်သည်၊ မိသားစုများမှ ပို့ဆောင်နှုတ်ဆက်ကြသည်။
အဆိုပါ စစ်ရေယာဉ်တွင် အိန္ဒိယနိုင်ငံရေတပ်မှ CDR P SASIKUMAR ဖြစ်သူဦးစီး၍ အရာရှိ ၁၈ ဦး၊ အခြားအဆင့် ၁၂၅ ဦး၊ စုစုပေါင်း ၁၄၃ ဦး လိုက်ပါလာပြီး မြန်မာနိုင်ငံတွင် အောက်တိုဘာ ၆ ရက်မှ ၈ ရက်အထိ သုံးရက်ကြာနေထိုင်၍ လေ့လာရေးခရီးစဉ်များ သွားရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...