Thursday, 8 October 2015

"နတ်မောက်သမိုင်း ရိုင်းမှာစိုးတယ်..."


တိပိဋကဓရဆရာတော်ကြီးတွေ ၊ ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော်ကြီးတွေကိုယ်တိုင် ထောက်ခံဆန္ဒပြုထားတဲ့ အမျိုးစောင့်ဥပဒေကို အခုထိကန့်ကွက်နေသေးတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို "အမေစု"မှ "အမေစု"လို့ မျက်စိမှိတ် ကိုးကွယ်ပြီး သံဃာတွေကိုစော်ကားနေသေးတဲ့ "လူ့အခွင့်အရေးသမားတွေ"ကို နတ်မောက်သမိုင်း ရိုင်းမှာ ကျန်မှာ စိုးလို့ မေ့ထားတဲ့ တချို့အချက်တွေ အမှန်အတိုင်းသိစေရအောင် ဖော်ကောင်ဘညွန့်ပြန်လုပ်လိုက်ပါတယ် ။
ကျွန်တော် (၁၉၄၇) ဗိုလ်ချုပ်ကွယ်လွန်ချိန်ကစပြီး ရှင်းရမယ် ။ အဲဒီအချိန် ဒေါ်အောင်ဆန်းစုကြည် (၂)နှစ်သမီးပဲ ရှိသေးတယ် ။ (၁၆/၁၇)နှစ်မှာ အင်္ဂလန် အောက်စ်ဖို့ဒ်တက္ကသိုလ်ရောက်တယ် ၊ ခင်ဗျားတို့သိပြီးသားနော် ။
ဒါဆို - ၁၉၄၈ လွတ်လပ်ရေးရပြီးနောက် ဗိုလ်ချုပ်နေ၀င်းအစိုးရ အာဏာသိမ်းတာ ၁၉၆၂ နော် ၊ ဗိုလ်ချုပ်အောင်ဆန်း သေပြီး (၁၅)နှစ်ကြာမှ ဗိုလ်နေ၀င်းအာဏာ စရတာ ၊ အဲဒီအချိန် စုကြည် ဘယ်နှစ်နှစ်ရှိပြီလဲ??? (၁၇)နှစ်ရှိပြီ ၊ ခင်ဗျားတို့ဘယ်လောက်ညာညာ သမိုင်းဆိုတာ အချိန်၊ရက်စွဲတွေနဲ့ဖွဲ့တည်ထားတာ ။
မှတ်ထား - နုတင်-ဆွေငြိမ်း အကွဲမှာ ဒေါ်ခင်ကြည်က ဦးနု(ဖဆပလ)ဘက်က ထောက်ခံ မဲဆွယ်ပေးခဲ့လို့ ကျေးဇူးဆပ်တဲ့အနေနဲ့ရော ၊ ဦးစောလို လူယုတ်မာတွေသတ်လို့ အောင်ဆန်းမျိုးဆက်ပြတ်မှာစိုးလို့ရော ၊ ဒီအကြောင်းတွေကြောင့် ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိတ်ဆွေရင်း မစ္စတာနေရူးရှိတဲ့ အိန္ဒိယနိုင်ငံကို သံအမတ်ကြီးအဖြစ်နဲ့ ဦးနုကိုယ်တိုင်ခန့်အပ်လွှာလက်မှတ်ထိုးပြီး ပို့ခဲ့တာ ။ (ဘာတဲ့ - ခင်ဗျားတို့ဒီမိုတွေပြောနေတာ - ဒေါ်စု အင်္ဂလိပ်နဲ့ရတာ အာဏာရှင်နေ၀င်းက အင်္ဂလန်ကိုပို့လို့)တဲ့ ။ ကျုပ်က "မဆလ"ပါတီကို အပြုတ်တိုက်ခဲ့တဲ့ "၈၈၈၈"ကျောင်းသား ၊ ဒါပေမယ့် မဟုတ်တာနဲ့တော့ ကျုပ်လာမဆွယ်နဲ့ ။
အင်္ဂလန်အောက်စ်ဖို့တက္ကသိုလ်ပညာတော်သင်ရတော့ သူနဲ့ဒါမှတန်တယ် ပို့ပေးပါ ပူဆာခဲ့ချိန်က ဒေါ်ခင်ကြည် တားမရ ၊ မစ္စတာနေရူးက ကလကတ္တားတက္ကသိုလ်လဲရှိပါတယ် ၊ တဂိုးရဲ့ ရှန်တိနိကေတန် ဒီမိုကရေစီကျောင်းတော် ကြီးလဲရှိပါတယ်လို့ နားချတာတောင် သူမ နားမ၀င်ခဲ့ ၊ ဒီလိုနဲ့ အောက်စ်ဖို့ဒ်ရောက်သွားတာ ။
သူမ အင်္ဂလန်ရောက် သွားချိန် ဒီမှာ ရန်ကုန်အစိုးရဘ၀နဲ့ ပြည်တွင်းစစ်မီးဝိုင်းနေတာ ဗမာ့တပ်မတော်က အသည်းအသန်ကာကွယ်နေရချိန်ပဲ ဖြစ်တယ် ။ သူမ အိန္ဒိယမှာ ၊ အင်္ဂလန်မှာ ၊ တက္ကသိုလ်မှာ ဘယ်သူနဲ့ဘာတွေဖြစ်လို့ ဘယ်သူနဲ့ ဘယ်လို ရသွားမှန်း မြန်မာပြည်က စိတ်ဝင်စားဖို့အချိန်တောင်မရခဲ့တာပါ ။ သူမ လင် မျိုးနွယ် နယ်ချဲ့တွေ သပ်လျှို သွေးခွဲ ခဲ့တဲ့ ဒဏ်ရာဒဏ်ချက်ကြောင့် တိုင်းရင်းသားတွေရော မြန်မာတွေပါ ငိုကြွေးပူဆွေး နေရတဲ့အချိန်ပေါ့ ။
မိခင်ကြီးဒေါ်ခင်ကြည် ကျမ်းမာရေးကိစ္စနဲ့ မြန်မာပြည်ပြန်လာတာ ၊ ဒီမှာအရေးတော်ပေါ်နေ ၊ ခေါင်းဆောင် မျှော်နေ ၊ အဖေ့အရှိန်အ၀ါနဲ့ အဆင်သင့်တက်ရုံ ၊ ဒီအချိန် ညီမလေးအရေးအခင်းကြားပိတ်မိနေလို့ ငါဘာကူညီပေးရမလဲ လို့ စိုးရိမ်စိတ်နဲ့ပြန်လာတဲ့အကိုကြီးကို သူမ တုံ့ပြန်လိုက်ပုံက ( အကို ပြန်တော့ ၊ ကျမလုပ်မယ် ) တဲ့ ။ ဒီမှာ ဘာမှမသိ တဲ့ နောက်ပေါက်ဒီမိုတဖက်ပိတ်လေးတွေ - ငါတို့မျှော်တာ အမျိုးဖျက်တဲ့မိန်းမတယောက်ကို မဟုတ်ဘူးကွ ၊ မြန်မာ့ သွေးစစ်စစ် ၊ ဗိုလ်ချုပ်သားကြီး ဦးအောင်ဆန်းဦးကို မျှော်ခဲ့တာ ။
ဟောပြောပွဲတွေမှာ အဖေ့အကြောင်း ခဏခဏထည့်ပြောတတ်ပေမယ့် အကိုကြီးအကြောင်းတော့ တခွန်းမှ "မဟ" ခဲ့ဘူး ။ (သူ့ထက်သာတဲ့ စီနီယာဆိုတာ ပြည်သူတွေမြင်သွားမှာစိုးလို့လား) ထားပါတော့ ၊ အဖေ့ကြောင်းပြော အဖေ့ကို ချစ်တယ် ၊ လေးစားတယ်ဆိုရင် အဖေက (ကိုကြီးနု)လို့ တလေးတစားခေါ်ခဲ့တဲ့ ဦးနုကြီးကို အာဏာရူးအဖိုးကြီးလို့ ဘာကြောင့် ခေါ်ခဲ့ပါသလဲ ??? (၀ိဓူရ သခင်ချစ်မောင်က မိုက်လိုက်တဲ့သမီးရယ် တဲ့ ၊ ယူကြုံးမရပြောခဲ့ရှာတယ်)
အခု "ဦးအောင်ဆန်းဦး"အကြောင်းပြောမယ် ။ ဗိုလ်ချုပ်က ရှင်းရှင်းပဲ ၊ တနှစ်တယောက်မွေးတာ ။ အောင်ဆန်းစုကြည် အထက်မှာ အောင်ဆန်းလင်း (ရေနစ်သေသွားရှာတယ်) ၊ သူ့အထက် အကိုအကြီးဆုံး ကိုအောင်ဆန်းဦး ၊ စုကြည်နဲ့ အထက်/အောက် ညီမလေးက မွေးပြီးပြီးချင်းဆုံးတယ် ။ ဗိုလ်ချုပ်ခမျာ သမီးငယ်လေးအတွက် မျက်ရည်ကိုချုပ်လို့ နိုင်ငံ့အရေးအတွက် အစည်းအဝေးတက်ခဲ့ရရှာတယ် ။
ဒီတော့ ဗိုလ်ချုပ်ကွယ်လွန်ချိန် အောင်ဆန်းဦး (၄)နှစ်/(၅)နှစ်သား လောက်ပဲရှိသေး ။ ဗိုလ်ချုပ်သားအကြီးဆုံး ၊ ရန်သူတွေဝိုင်းနေတာ ၊ အာရှကြယ်ပွင့်ကြီး မျိုးဆက်တော့ အပြတ်မခံနိုင် ဘူးဟဲ့ ဆိုပြီး တောင်အာရှ (အင်ဒိုချိုင်းနားကျွန်းဆွယ်) မဟာမိတ်တပ်ပေါင်းစုဗိုလ်ချုပ်ကြီး လော့ဒ်မောင့်ဘက်တန် - ( မြန်မာပြည် လွတ်လပ်ရေးအတွက် အောင်ဆန်းကိုယုံကြည်စွာ လုံးဝလွတ်လပ်ရေးပေးဖို့ ပါလီမန်နဲ့ နန်းရင်းဝန်အက်တလီကို တိုက်တွန်းခဲ့သူ) အဲဒီဗိုလ်ချုပ်ကြီးက အောင်ဆန်းဦးကို အပြီးအပိုင် မွေးစားခဲ့တာ ။
ကဲ - စုကြည်ထက်အရင် အင်္ဂလန်ကိုရောက်တာ ၊ နောက် မောင့်ဘက်တန်ထောက်ခံချက် ၊ သူ့ကိုယ်ပိုင်စွမ်းဆောင်ချက် နဲ့ အမေရိကန် မရိန်းတပ်ဗိုလ်မှုးအဆင့်ထိ ဖြစ်ခဲ့တာ အဲဒါ(၁၉၈၈)မှာဖြစ်နေပြီ ။ လူပျိုပေါက်ဘ၀ လော့ဒ် တယောက်ရဲ့မွေးစားသား ၊ လူလားမြောက်တော့ အမေရိကန်မရိန်းတပ်ဗိုလ်မှုး ၊ အင်္ဂလန်သူ ၊ အမေရိကန်သူ နာမည်ကျော်မိန်းမချောတွေ ၀ိုင်းဝိုင်းလည်နေချိန်မှာ လူပျိုကြီးဂုဏ်ကိုထိန်းလို့ မျိုးနွယ် စောင့်ခဲ့ရှာတယ် ။
ဒီအချိန် - သူ့ညီမ အင်္ဂလန်သားနဲ့ မျိုးနွယ်တိုက်ပွဲကျသွားပြီ ၊ ဗိုလ်ချုပ်မြေးတွေ ကပြားဖြစ်ရပြီ ဆိုတဲ့ အချိန်မှာ သူနဲ့ အဆက်အသွယ်မပြတ်တဲ့ သူ့ငယ်သူငယ်ချင်းတွေက အင်္ဂလိပ်စာပြဆရာမ ၊ မန္တလေး "ဖဆပလ"အမတ်ရဲ့သမီး မြန်မာအမျိုးသမီးတယောက်နဲ့ တွေ့ပေးခဲ့တယ် ။ သူက အာဏာတွေ ၊ ရေရှည်အမွေတွေ ဘာမှတွေးတာမဟုတ်ဘူး ၊ ရိုးရိုးလေးပဲ အဖေ့ချွေးမ မြန်မာဖြစ်ရမယ် - ဒီအတွေးနဲ့ သူတို့လက်ထပ်ခဲ့ကြတယ် ။
အခု အငြိမ်းစား အမေရိကန်ရေတပ်ဗိုလ်မှုးကြီးဘ၀နဲ့ ဘယ်မှာ နေတယ်ထင်သလဲ ။ ကြီးပွားရာကြီးပွားကြောင်း ရန်ကုန်လဲ သူမရွေးခဲ့ ၊ တိုးတက်ရာတိုးတက်ကြောင်း နေပြည်တော်လဲ သူခြေမချခဲ့ ၊ မြန်မာတို့ရဲ့အစ မဟာပုဂံ က ရွာလေးတရွာမှာ သူ့အဖေစကားအတိုင်း ရိုးသားစွာ ခြံစိုက်စားနေလေရဲ့ ။ တစ်ခုတော့ ကြိုပြောထားမယ်နော် ။ အမေရိကန်မရိန်းတပ်ဗိုလ်မှူးကြီးအဆင့် ထိရောက်ခဲ့သူတယောက်ရဲ့ ၀င်ငွေဟာ ခန့်ခန့် ငြားငြားနေနိုင်တဲ့အဆင့်အထိတော့ရှိတယ်ဆိုတာ ကြိုပြောလိုက်မယ် ။
ဒါတွေပြောနေရတာ ကျုပ်တို့အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ နတ်မောက်သမိုင်းရိုင်းမှာစိုးလို့ ပြောနေရတာ ။ သူအမျိုးဖျက်ခဲ့တာ ဗိုလ်ချုပ်သွေးမို့တကြိမ်ခွင့်လွှတ်မယ်လို့ ကျုပ်တို့စာနာနိုင်တယ်။(ခေါင်းဆောင် ငတ်နေလို့ပါ) ဒါပေမယ့် သူ့အမှားသူဝန်ခံ သံဝေဂယူပြီး အမျိုးကိုဆထက်တပိုးတိုးစောင့်လို့ အမျိုးစောင့်ဥပဒေ ပြည်သူ တွေအတွက် ထောက်ခံပေးရမဲ့အစား မိန်းမဥာဏ်နဲ့ရှက်ရမ်းရမ်းပြီး အပြင်းအထန်ကန့်ကွက်တော့ သူမကြောင့် သံဃာတော်တွေလဲ စော်ကားဆဲဆိုခံနေရပြီ ။ စိတ်ဝမ်းတွေလဲကွဲကုန်ကြပြီ ။
ဟိုတုန်းကစစ်အာဏာရှင်တွေ လုပ်ခဲ့သမျှကို ခုအစိုးရနဲ့ မဆီမဆိုင်ရောပြီး အပြစ်ပုံချချင်တယ်ဆိုရင် ၊ အခု သူမ လုပ်ရပ်တွေအတွက်လဲ သူမ တာဝန်ယူရမယ် ။
ကဲ - ကျုပ် ပြောချင်တာ ပြောပြီးပြီ ။ ခင်ဗျားတို့ ဗိုလ်ချုပ်ပေးတဲ့ လွတ်လပ်ရေးအမွေ ခွစားနေတဲ့ မြန်မာပြည်သူတွေ ကို ကျုပ် မေးခွန်းလေးတွေ မေးပါရစေ ။ - - - - -
(၁) ၂၀၁၆ မြန်မာနိုင်ငံခေါင်းဆောင် ဖြစ်မဲ့လူရဲ့ အရည်အချင်းနဲ့ စိတ်ဓါတ်ကို စတင် မေးပါရစေ ၊ ခင်ဗျား - မြန်မာ့ခေါင်းဆောင်ဖြစ်ခဲ့ရင် ( မြန်မာနိုင်ငံနဲ့ မြန်မာလူမျိုးကို ကာကွယ်စောင့်ရှောက်ဖို့ အဆင်သင့်ဖြစ်ပြီလား)
(၂) ခင်ဗျားတို့ကိုယ်တိုင်လဲ သိပ်မသေချာ ၊ ရလာဒ်အရ အကွဲကွဲ အပြားပြား ဖြစ်လာပြီး ညွန့်ပေါင်း ဖွဲ့ရ တော့မယ်ဆိုရင် - ခင်ဗျားတို့ - ပါတီကြီးဝါဒကိုင်စွဲပြီး ညွန့်ပေါင်းမဖွဲ့နိုင်ပဲ ပြည်သူကို အကွဲအပြဲ ဒုက္ခညွန်ထဲ ဆွဲထည့်ရက်ကြဦးမှာလား ။
(၃) ဗုဒ္ဓဘာသာမြန်မာနိုင်ငံတော် ဖြစ်တည်မှုနဲ့ မျိုးစောင့်ဥပဒေ ဆက်နွယ်နေပါတယ် ။ နောက်တက်မဲ့သမ္မတဟာ - မျိုးစောင့်ဥပဒေ(၄)ရပ်ကို ဖျက်ဆီးပြီး ဗုဒ္ဒဘာသာမြန်မာနိုင်ငံတော်အဖြစ်ကို ဖျက်ဆီးဖို့ (မြန်မာဖြစ်လျက်နဲ့) တွေးရက်၊ကြံရက်သူ ဖြစ်နေပါသလား ။
(၄) ဗိုလ်ချုပ်အမွေ မြန်မာပြည်ကို စောင့်လေမျိုးနွယ်မှ မကျေပွန်ခဲ့သူဆီကို ခင်ဗျားတို့ တဒင်္ဂသာယာမှု အခွင့်အရေး အတွက် ၀ကွက်ထိုးအပ် နိုင်ကြပါသလား ။
ဒါကိုဖြေနိုင်ပြီဆို - ခင်ဗျားတို့ ဘယ်သူ့ကိုမဲပေးသင့်လဲ ၊(ဘယ်သူ့ကိုမဲမပေးသင့်ဘူးလဲ) လိပ်ပြာသန့်စွာရွေးနိုင်ပြီလို့ ကျုပ်ယူဆပါတယ် ။

သခင် ခက်ထန်

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...