Tuesday, 6 October 2015

အမျိုးသား တိုးတက် မြင့်မားရေး ပါတီ ပုသိမ်ရုံး ဦးဝီရသူ ဖွင့်လှစ


The Irrawaddy
ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် အမျိုးသား တိုးတက်မြင့်မားရေး ပါတီ(NPP)တိုင်းရုံး ဖွင့်ပွဲတခုကို အောက်တိုဘာလ ၄ ရက်နေ့က ကျင်းပ ခဲ့ရာ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့မှ ဦးဆောင်ဆရာတော် ဦးဝီရသူ တက်ရောက် ဖွင့်လှစ်ခဲ့ကြောင်း သတင်း ရရှိသည်။
ဦးဝီရသူနှင့်အတူ ရန်ကုန်တိုင်း မဘသ ဦးဆောင် ဆရာတော် ဦးပါမောက္ခလည်း ပါဝင်ပြီး NPP ပါတီ တိုင်းရုံး လာရောက် ဖွင့်လှစ်ပေးရ ခြင်းမှာ မိမိ၏သြ၀ါဒကို ခံယူပြီးတည်ထောင်ခဲ့သော ပါတီဖြစ်သည့်အတွက် အားပေးသည့်အနေဖြင့် လာရောက်ခြင်း ဖြစ်ကြောင်း ဆရာတော် ဦးဝီရသူက ဧရာဝတီသို့ မိန့်ကြားသည်။
အောက်တိုဘာ ၅ ရက်နေ့ နေ့လည်ပိုင်းက ကျင်းပသည့် အမျိုးသား တိုးတက်မြင့်မားရေးပါတီ(National Prosperity Party) ၏ ဧရာဝတီတိုင်းရုံး ဖွင့်ပွဲအခမ်းအနားသို့ ပါတီဝင်တချို့နှင့် အမျိုး၊ ဘာသာ၊ သာသနာစောင့်ရှောက်ရေး အဖွဲ့ဝင် တချို့လည်း တက်ရောက်ခဲ့ပြီး ဆရာတော် ဦးဝီရသူနှင့် ဦးပါမောက္ခတို့က ပါတီတိုင်းရုံးကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့သည်။
ယင်းပါတီ၏ ဆောင်ပုဒ်မှာ“အမျိုးသားရေး ဦးစားပေးမည် NPP” ဖြစ်ပြီး တိုင်းရုံးဖွင့်ပွဲ အခမ်းအနား၌ အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေး သီချင်းများ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
သတင်းနှင့် ဓာတ်ပုံ - ဆလိုင်းသန့်စင်/ဧရာဝတီ
www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...