Thursday, 15 October 2015

နိုင်ငံအကြိးအကဲအား စော်ကားမူ့ 

ကာကွယ်ရေးဦးစီးချုပ်ကြီးကို စော်ကားလို့ အရေးယူတာဟာ
လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ ပုဂ္ဂိုလ်ကို စော်ကားလို့ အရေးယူတာမဟုတ်ပါဘူး၊
ကာကွယ်ရေးဦးစီးချုပ်ဆိုတဲ့ ရာထူးကို မည်သည့်ပုဂ္ဂိုလ်တာဝန်ယူ ထမ်းဆောင်နေပါစေ၊ ထိုပုဂ္ဂိုလ်စော်ကားတာနဲ့ အရေးယူတာဖြစ်ပါတယ်။
ထိုနည်းတူစွာ သမ္မတရာထူးကို မည်သူထမ်းဆောင်နေပါစေ(NLDပါတီဝင်ဖြစ်နေပါစေ)ထမ်းဆောင်နေတဲ့ ပုဂ္ဂိုလ်ကိုစော်ကားလျှင်လည်း အရေးယူမှာပဲဖြစ်ပါတယ်။
ချောစန္ဒီထွန်းကိစ္စဟာ ပုဂ္ဂိုလ်ရေးရာ အရေးယူခြင်းမဟုတ်ဘူးဆိုတာ သိစေချင်ပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို စော်ကားထားတဲ့အပြင် တပ်မတော်တစ်ရပ်လုံးရဲ့ ယူနီဖောင်းကိုလည်း စော်ကားထားခြင်းကြောင့်ဖြစ်ပါတယ်။
ကျွန်တော်တို့ ကျောင်းသားဘ၀မှာ ကျောင်းယူနီဖောင်း(ဖြူ/စိမ်း)ကို မြတ်နိုးကြပါတယ်။ ကျောင်းစိမ်းဝတ်စုံကို သရုပ်ပျက်ဝတ်ဆင်ခွင့်မပေးထားသလို၊ စော်ကားလှောင်ပြောင်ခြင်းလုပ်လျှင်လည်း ကျောင်းစည်းကမ်းအရ အပြစ်ပေးပါတယ်။
ကျွန်တော်တို့ တပ်မတော်သားတွေလည်း စစ်ယူနီဖောင်းကို မြတ်နိုးပါတယ်။ တပ်မတော်ယူနီဖောင်းကို စော်ကားရင်လည်း နိုင်ငံတော်မှာ ပြဋ္ဌာန်းထားတဲ့ ဥပဒေနဲ့အရေးယူတာ လူ့အခွင့်အရေးချိုးဖောက်တာမဟုတ်သလို၊ နိုင့်ထက်စီးနင်းပြုလုပ်ခြင်းလည်းမဟုတ်ပါဘူး။
မည်သူ့ကိုမျှ စော်ကားခြင်းမပြုလုပ်ပဲ၊ စစ်မှန်တဲ့ လက်တွဲခြင်းနဲ့ တိုင်းပြည်တာဝန်ကို ပုခုံးထမ်းတာဝန်ယူနိုင်ကြပါစေဗျာ .....
ME™
www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...