Wednesday, 14 October 2015

စစ်ရေးစွမ်းရည်ပြလိုက်သော ကရင်မလင်

ဆီးရီးယားပြဿနာထဲ ရုရှဝင်ရောက်လာရခြင်းရဲ့ နောက်ကွယ်မှာ အိုင်းဆစ်နှိမ်နှင်းရေးထက်ပိုတဲ့ ရည်ရွယ်ချက်တွေ ရှိနေပါတယ်.. စစ်အေးခေတ်နောက်ပိုင်း အင်အားပြန်လည်ကြီးထွားလာတဲ့ ရုရှရဲ့ပုံရိပ်ကို ပြန်လည်မြှင့်တင်လာတဲ့သဘောမို့ အနောက်ကမ္ဘာကလဲ စောင့်ကြည့်နေပါတယ်..
နာရီပေါင်း ၁၆၈ နာရီအတွင်း ဆီးရီးယားက အိုင်းဆစ်အမာခံ စစ်စခန်းပေါင်း ၁၁၀ တိတိကို လေကြောင်းကတဆင့် တိကျပြတ်သားစွာ တိုက်ခိုက်ပြသလိုက်ခြင်းဖြင့် ရုရှရဲ့စစ်လက်နက် အင်အားကိုသာမက ထောက်လှမ်းရေးစွမ်ရည်ကိုပါ မှင်သက်မိစေခဲ့တယ်.. နှစ်နဲ့ချီပြီး တိုက်လာကြတဲ့ အမေရိကန်လေကြောင်း စစ်ဆင်မှု့ တွေအပေါ် မေးခွန်းထုတ်လာကြတယ်..
အဆိုးဆုံးက အမေရိကန်နဲ့ ဥရောပတခွင်မှာ အစွန်းရောက် အစ္စလာမ်မိုက်ဇေးရှင်းကို ကန့်ကွက်ကြသူများကပါ ရုရှကိုထောက်ခံလာကြလို့ပါပဲ.. အကန့်အသတ်မဲ့ ဗလီဆောက်ခြင်းများကို ဆန့်ကျင်တဲ့ ဆန္ဒပြမှု့ တွေ ဝါရှင်တန်ဒီစီ.. မြူးနစ်နဲ့ မယ်လ်ဘုန်း မြို့များမှာ တပြိုင်တည်းချိတ်ဆက် လှုပ်ရှားမှု့ များအပြီး ရုရှတို့ရဲ့ အကြမ်းဖက်နှိမ်နှင်းရေး စစ်ဆင်မှု့ များကို Holy War အဖြစ်တင်စားလာကြပါတယ်..
ဒါဟာ အမေရိကန်နဲ့ ဗြိတိန်တို့အတွက် ထိုးနှက်ချက်တစ်ခုလို ဖြစ်ခဲ့ရပါတယ်.. ပြီးခဲ့တဲ့ အင်္ဂါနေ့ကတော့ ဗြိတိန်လေယာဉ်မှူးများအနေနဲ့ ဝေဟင်ပိုင်နက်ထဲမှာ ရုရှစစ်လေယာဉ်များကို ရင်ဆိုင်မိရင် ပစ်ချဖို့ အမိန့်ပေးထားတဲ့ သတင်းထွက်ပေါ်လာပါတယ်.. သက်ဆိုင်ရာက အတည်မပြုပေမဲ့ နိုင်ငံတကာ စစ်ရေးလေ့လာသူများအတွက်ကတော့ ဟာသတစ်ခုလို ဖြစ်ခဲ့ပါတယ်..
ဗြိတိန်လေတပ်မှာ နှစ်ပေါင်း ၃၀ သက်တမ်းရှိနေပြီဖြစ်တဲ့ တိုနေဒိုးတိုက်လေယာဉ်မျိုးဆက်ဟာ အနည်းငယ် အဆင့်မြှင့်တင်ခြင်းများသာ ပြုလုပ်ထားပြီး စစ်ရေးဘတ်ဂျက်လျှော့ချထားခြင်းကြောင့် ရုရှမျိုးဆက်သစ် တိုက်လေယာဉ်များကို ယှဉ်နိုင်ဖို့ မလွယ်ပါဘူး.. အစ္စလာမ်ဝါဒကို ကြားခံအသုံးချချင်တဲ့ အမေရိကန်အုပ်စုနဲ့ မွတ်ဆလင်မ်နဲ့ အစွန်းရောက်ခြင်းကို ပြတ်သားစွာ ပိုင်းဖြတ်ပြလိုတဲ့ ရုရှတို့အကြား ပြိုင်ဆိုင်မှု့ က အရှိန်ရလာပါပြီ..
အခုချိန်မှာတော့ ရုရှသမ္မတပူတင်ကို နိုင်ငံရေးသြဇာအရ ယှဉ်ပြိုင်နိုင်မဲ့ ခေါင်းဆောင်မျိုး ရှားပါးလာပါပြီ.. အမေရိကန်အပါအဝင် ဥရောပမှာ လူဝင်မှု့ ကြီးကြပ်ရေးပြဿနာများက ဖွဲမီးလို တလှိုက်လှိုက်လောင်ကျွမ်းလာပြီမို့ အဖြေရှာရခက်ခဲနေပါပြီ.. အပြစ်လို့မြင်လာကြပြီ.. အမေရိကန်ရွေးကောက်ပွဲ မဲဆွယ်တရားတွေမှာတောင် လူ့အခွင့်အရေးနဲ့ အစ္စလာမ်ဝါဒကြီးထွားလာမှု့ ကို ပြတ်သားစွာ ပိုင်းခြားဖို့ အရေးထားပြောလာရပါပြီ...။


www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...