Tuesday, 13 October 2015

တရုတ်-မြန်မာ- အမေရိကန်


တရုတ်အစိုးရဟာ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူညီချက် (NCA) ကို နှောင့်နှေးအောင် ကြားဝင်နှောက်ယှက်ခဲ့ ကြောင်း “ငြိမ်းချမ်းရေးဆွေးနွေးပွဲ တရုတ်စွက်ဖက်နေကြောင်း မြန်မာ့ငြိမ်းချမ်းရေးစင်တာ တာဝန်ရှိသူစွပ်စွဲ” ဆိုတဲ့
ခေါင်းစဉ်နဲ့ သတင်းတစ်ပုဒ်ကို အောက်တိုဘာ ၁၀ ရက်နေ့ထုတ် 7DAY DAILY
မှာ ဖတ်လိုက်ရပါတယ်။
တရုတ်အထူးသံတမန် ဆွန်ကောက်ရှန်းရဲ့ ကြားဝင်နှောက်ယှက်မှုကြောင့် တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့ ၁၅ ဖွဲ့မှာ ၈ ဖွဲ့က သာ NCA လက်မှတ်ရေးထိုးဖို့ သဘောတူခဲ့တာဖြစ်ကြောင်း မြန်မာ့ငြိမ်းချမ်းရေးစင်တာ (MPC) က ဦးဆောင် ညှိနှိုင်းဆွေးနွေးသူတစ်ဦးဖြစ်တဲ့ ဒေါက်တာမင်းဇော်ဦးကပြောပါတယ်။ မြန်မာအစိုး
ရဘက်က MNDAA ခေါ် ကိုးကန့်အဖွဲ့ကို ငြိမ်းချမ်းရေး ဆွေး နွေးဖို့ ဖိတ်ခေါ်မှု
မလုပ်မချင်း လက်နက်ကိုင်တပ်ဖွဲ့အချို့ကို စာချုပ်လက်မှတ်မထိုးဖို့ ဆွန်ကောက်ရှန်း က ပြောကြားခဲ့တယ်လို့ သိ ရပါတယ်။ အထူးသဖြင့် UWSA နဲ့ KIA ကို စာချုပ် လက်မှတ်မထိုးဖို့တွန်းအားပေးခဲ့တယ်လို့ဆိုပါတယ်။ ဒေါက်တာမင်းဇော်ဦးရဲ့
ပြောကြားချက်ကိုတရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်ဟောင်လီက ငြင်း
ဆိုလိုက်ပြီး တရုတ် အစိုးရအနေနဲ့ မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ
ဖြစ်မြောက် လာဖို့ ထောက်ခံအားပေးခဲ့တယ်လို့ ပြန်လည်ပြောဆိုခဲ့ပါတယ်။
မြန်မာအစိုးရအနေနဲ့ အနောက်အုပ်စုနဲ့ မပြေလည်တဲ့အခါ အနောက်အုပ်စုရဲ့ မဟာမိတ်ဖြစ်တဲ့ ထိုင်းနိုင်ငံနဲ့ကပ်နေတဲ့ နယ်စပ် တစ်လျှောက်မှာရှိတဲ့ တိုင်းရင်း သားလက်နက်ကိုင်တွေအရေးကို ကိုင်တွယ်ရတာခက်ခဲသလို အရေ့အုပ်စု
အထူးသဖြင့် အိမ်နီး ချင်းတရုတ်နိုင်ငံနဲ့ အဆင်မပြေဖြစ်တဲ့အချိန်မှာ တရုတ်နယ် စပ်တစ်လျှောက်မှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင် အရေးပြေ လည်အောင်
ဖြေရှင်းရေးဟာ မလွယ်ကူကြောင်း အရိုးရှင်းဆုံးသော သာမန်အတွေးနဲ့တွေးမယ် ဆိုရင်တောင် သိနိုင်ပါတယ်။
တကယ်တော့ ကိုးကန့်ဒေသက ကိုးကန့်တွေဆိုတာ တရုတ်ပြည်မှာ စစ်ရှုံးလို့မြန်မာ့မြေ ထဲပြေးဝင်ခိုလှုံရာကနေ ပေါက်ဖွားလာတဲ့ ဟန်တရုတ်မျိုးနွယ်တွေလို့ ဆိုပါတယ်။ တရုတ်ပြည် မင်မင်းဆက်ရဲ့နောက်ဆုံးမင်းဆက်အနွယ် မှူးမတ်၊ တပ်ဗိုလ်၊ တပ်သားတွေ ရဲ့ အနွယ်တော်တွေက ဆင်းသက်လာတယ်လို့ ဆိုပါတယ်။ ၁၆၆၂ ခုနှစ် ဝန်းကျင်မှာ မင်မင်းဆက်ရဲ့ နောက်ဆုံးမင်းဖြစ်တဲ့ နန်း မိန်ဘုရင်ကို မန်ချူးစစ်သူကြီး ဝူစန်းကွေ့ က လေးညှို့ကုန်းနဲ့ ပိစူပိုးကုန်းထက်မှာ လည်မြိုညှစ်သတ်ခဲ့တဲ့အတွက် မင်မင်းဆက်
ပျောက်ကွယ်သွားပြီး နောက်ပါ တပ်မှူး၊ တပ်သားတွေ မြန်မာနိုင်ငံဘက်ကို ပြေးဝင်
ခို လှုံလာတာလို့ ဆိုပါတယ်။
ဒီဒေသဟာ ရှေး မြန်မာမင်းတွေလက်ထက်က မြန်မာသြဇာခံဖြစ်လိုက်၊ တရုတ်သြဇာ
ခံဖြစ် လိုက်၊ ရံဖန်ရံခါ နှစ်ဘက်စလုံး ရဲ့သြဇာခံဖြစ်လိုက်နဲ့ နေလာခဲ့တဲ့ဒေသဖြစ်ပါ
တယ်။ အင်္ဂလိပ်-တရုတ် ချုပ်ဆိုခဲ့တဲ့စာချုပ်တွေအရ ကိုးကန့်ဒေသဟာ ဟိုဘက် ပါလိုက်ဒီဘက်ပါ လိုက်ဖြစ်ခဲ့ပေမဲ့ ၁၉၆၀ ခုနှစ် တရုတ်-မြန်မာ နယ်နမိတ်စာချုပ်
သစ်အရ ကိုးကန့်နယ်မြေကို မြန်မာပိုင် နယ်မြေအဖြစ် တရုတ် - မြန်မာ နှစ်နိုင်ငံ
စလုံးက အသိအမှတ်ပြုခဲ့ပြီးသားဖြစ်ပါတယ်။
တစ်ချိန်က ကိုးကန့်ဒေသမှာ အဓိကလက်နက်ကိုင်တပ်ဖွဲ့ကြီး သုံးဖွဲ့ရှိပါတယ်။ အဲဒီ အဖွဲ့တွေကတော့ ဂျင်မီရန်းလို စော်ဘွားတွေ ဦးစီးပြီး မြန်မာအစိုးရကို ဆန့်ကျင်တဲ့ လက်နက်ကိုင်တပ်ဖွဲ့၊ ဖုန်ကျားရှင်ဦးစီးတဲ့ မြန်မာအစိုးရဆန့်ကျင်ရေးတပ်ဖွဲ့၊ လော်စစ်
ဟန် ဦးစီးတဲ့ မြန်မာအစိုးရလက်အောက်ခံ လက်နက်ကိုင်တပ်ဖွဲ့တို့ဖြစ်ပါတယ်။
၁၉၆၃ ခုနှစ်မှာ မြန်မာအစိုးရက ကိုးကန့်စော်ဘွား လက်နက်ကိုင်အဖွဲ့တွေကိုဖမ်းဆီး ရုံတင်မက လော်စစ်ဟန်ကိုပါဖမ်းဆီးခဲ့တဲ့အတွက် မူလကစိတ်ဝမ်းကွဲနေတဲ့ ကိုးကန့် လက်နက်ကိုင်အဖွဲ့အသီးသီးကို ပြန်လည်ပေါင်းစည်းပေးလိုက်သလို ဖြစ်သွားပါတယ်။
မြန်မာအစိုးရရဲ့အထိန်းအသိမ်းခံလိုက်ရတဲ့ လော်စစ်ဟန်ဟာ အစိုးရယုံကြည်မှုကိုပြန် လည်ရရှိလာပြီး အစိုးရရဲ့ကမကထပြုပေးမှုနဲ့ ကိုးကန့်ကာကွယ်ရေးလက်နက်ကိုင်
တပ် ဖွဲ့ကို ပြန် လည်ဖွဲ့စည်းခွင့်ရခဲ့ပါတယ်။
၁၉၆၇ ခုနှစ်မှာ မြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ တရုတ်-မြန်မာ အရေးအခင်းကြောင့် ယူနန်
ပြည်နယ်၊ မန်စီနယ်မှာ တရုတ်တွေစီတန်း လှည့်လည်ဆန္ဒပြကြတယ်။ တရုတ်ကျောင်း သားတွေစုရုံးပြီး ဦးနေဝင်းပုံတူစက္ကူရုပ်ကို မီးရှို့ဆန္ဒပြကြပါတယ်။ မြန်မာပြည်က တရုတ် အရေးအခင်းဟာ မြန်မာနဲ့တရုတ်တို့ကြောင့်ဖြစ်တာမဟုတ်ဘဲ ရခိုင်မှာဖြစ်ပွားခဲ့တဲ့ ဆန်လုပွဲကြီးကနေ ပြည်သူကိုအာရုံလွှဲ ဖို့ ဦးနေဝင်းကကြံစီခဲ့တာလို့ တရုတ်ဘက်က ရှုမြင်ပါတယ်။ ဒီလိုနဲ့ ဦးနေဝင်းကိုနာကျည်းတဲ့တရုတ်တွေဟာ ဦးနေဝင်းကို မြန်မာပြည် ရဲ့ချန်ကေရှိတ်လို့ နာမည်ပေးပြီး မြန်မာ့မြေက ဗမာပြည်ကွန်မြူနစ်ပါတီကို ပုံအော
ထောက်ပံ့ဖို့ ဆုံးဖြတ်လိုက်ကြတယ်။
၁၉၆၇ ခုနှစ်၊ နိုဝင်ဘာလမှာ ယူနန်ပြည်နယ် ပေါင်စန်ခရိုင်၊ နုကျန်းမြစ်ဝှမ်းမြေပြန့်ဒေသ (မြန်မာမှာ သံလွင်မြစ်) နဲ့ ကျဲန့်ခန်းခရိုင်၊ ထျဲ့စွတ်ကုန်းမှာ ဗကပပြည်သူ့တပ်မတော်ကို တရားဝင်ဖွဲ့စည်းတည်ထောင်လိုက်ပါတယ်။ အဲဒီဗကပတပ်ကို တရုတ်ပြည်မှာ ပညာ
တော်သင်ရောက်နေတဲ့ ဗကပတွေ၊ တရုတ်ပြည်နယ်မှာ လေလွင့်နေတဲ့ နော်ဆိုင်းတပ် ဖွဲ့တွေ၊ ဖုန်ကျားရှင်တပ်ဖွဲ့တွေနဲ့ ဖွဲ့ စည်းခဲ့တာ ဖြစ်ပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီ
ကို ၁၉၃၉ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့မှာ ရန်ကုန်မြို့၊ ဘားလမ်းမှာရှိတဲ့ တိုက်ခန်း ငယ်လေးတစ်ခုမှာ မြန်မာပညာတတ်လူငယ်တစ်စုက စတင်တည်ထောင်ခဲ့တာပါ။
၁၉၆၃ ခုနှစ်နောက်ပိုင်း ဗကပရဲ့ ဖြုတ်၊ ထုတ်၊ သတ် လမ်းစဉ်နဲ့အတူ အစိုးရရဲ့ ဖြတ်
လေးဖြတ်စစ်ဆင်ရေးကြောင့် ဗကပတွေ ပဲခူးရိုးမကို စွန့်ခွာခဲ့ကြရတယ်။ အဲဒီကနေ ထွက်လာတဲ့ ဗကပတွေနဲ့ ကျန်အဖွဲ့တွေပေါင်းပြီး တရုတ်ကပြန်လည်ဖွဲ့စည်းပေး လိုက်တာပါ။
၁၉၆၈ ခုနှစ်၊ နှစ်ဆန်း ၁ ရက်နေ့မှာ မြန်မာ့မြေထဲက မုန်းကိုးတပ်စခန်းကို နော်ဆိုင်းဦး
စီးတဲ့ ဗကပတွေဝင်ရောက်သိမ်းပိုက်ခဲ့ သလို တစ်ချိန်တည်းမှာပဲ ဖုန်ကျားရှင်ဦးစီးတဲ့ ဗကပတွေဟာ ကိုးကန့်နယ်မြေကို ပြန်လည်ဝင်ရောက် သိမ်းပိုက်ခဲ့ပါတယ်။ တိုက် ပွဲအစပိုင်းမှာ မြန်မာ့တပ်မတော်က ခံလိုက်ရပေမဲ့ နောက်ပိုင်းမှာ စစ်ရေးအရှိန်မြှင့် တင်ပြီး ပြန်လည်တိုက်ခိုက်ခဲ့လို့ ဗကပတွေ အရေးနိမ့်ခဲ့တယ်။ နေရာတိုင်းလိုလိုမှာ အကျအဆုံးများပြားလာတဲ့အတွက် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က လက် ရွေးစင်တပ်သားတွေကို ဆန္ဒပြုစိစစ်ရွေးချယ်ပြီး ဗကပတပ်အသွင်ပြောင်း လိုက်တယ်။ အဲဒီတပ်ဖွဲ့ဝင်တွေကို “လက်ဝဲအကူအညီ ပေးရေးတပ်ဖွဲ့” လို့ခေါ်တယ်။
တချို့က တရုတ်ကလွှတ်လိုက်တာ ဗော်လန်တီယာတပ်ဖွဲ့ပါဆိုပြီးတော့ ခပ်ပေါ့ပေါ့ပြော ကြပါတယ်။ တကယ်က PLA ကနေ အထူးရွေးချယ်ပြီး လွှတ်ပေးလိုက်တာပါ။ တရုတ် အကူအညီအပြည့်ရရှိနေတဲ့ ဗကပကို မြန်မာ့တပ်မ တော်ဟာ အတော်ခက်ခက်ခဲခဲ ရင်ဆိုင်တိုက်ခိုက်ခဲ့ရပါတယ်။
တပ်မတော်နဲ့ ဗကပဟာ ခြောက်နှစ်ကြာတိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့ပြီးတဲ့နောက် ဗကပအနေနဲ့ ၃၀၃ စစ်ဒေသ၊ ၄၀၄ စစ်ဒေသ၊ ၂၀၂ စစ်ဒေသ၊ ၁၀၁ စစ်ဒေသတို့ကို ထူထောင်ခဲ့ပြီး တရုတ်နယ်စပ်နဲ့ကပ်နေတဲ့ ၂၀၀၀၀ စတုရန်း ကီလိုမီတာကျယ်ဝန်းတဲ့
ဒေသကြီးတစ်ခုကို ထိန်းချုပ်နိုင်ခဲ့တယ်။ ပန်ဆိုင်း (ကြူကုတ်) အပါအဝင် နမ့်ခမ်းမျက်နှာ ချင်းဆိုင် နယ်မြေဒေသ အမြောက် အမြားနဲ့ ကချင်ပြည်နယ် ကန်ပိုက်တီးဒေသကို
လည်း ထိန်းချုပ်နိုင်ခဲ့တယ်။
၁၉၇၆ ခုနှစ်မှာ တရုတ်ပြည်က ၄ ဦးဂိုဏ်းခေါ် ရက်ဒီကယ်လက်ဝဲဂိုဏ်းက တိန့်ရှောင်ဖိန် ကို ဖြုတ်ချလိုက်တယ်။ တခြားဒေသ တွင်းကွန်မြူနစ်တွေက အခြေအနေကြည့် ရေငုံနုတ် ပိတ်နေခဲ့ပေမဲ့ ဗကပကတော့ အဲဒီ ရက်ဒီကယ်လက်ဝဲဂိုဏ်းကို ကျယ်ကျယ် လောင်လောင်
ထောက်ခံခဲ့တယ်။ ဒါပေမဲ့ ၁၉၇၇ အစောပိုင်းကာလလောက်မှာ တိန့်ရှောင်ဖိန် အာဏာပြန် ရလာပြီး ဗကပတိုက်ပွဲ သတင်းတွေ၊ ပါတီလှုပ်ရှားမှုသတင်းတွေကို ဝါဒဖြန့်ပေးနေတဲ့ တရုတ်ပြည်တွင်းက ပီကင်းအသံလွှင့်ဌာနနဲ့ တရုတ်စာစောင်တွေ ရဲ့လှုပ်ရှားမှုတွေကို ရပ်တန့်လိုက်ပါတယ်။
အဲဒီအချိန်က ကမ္ဘောဒီးယားမှာ တရုတ်တွေထောက်ခံအားပေးတဲ့ ခမာနီအစိုးရသစ်ကို နိုင် ငံတကာက ထောက်ခံအားပေးမှု အပူ တပြင်းလိုအပ်နေချိန်မှာ ဦးနေဝင်းဟာ ၁၉၇၇ ဒီဇင်ဘာလမှာ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်ပင်ကို တရားဝင်အလည် အပတ်သွား လိုက်
တယ်။ ဦးနေဝင်းဟာ ခမာနီအစိုးရတက်လာပြီး ပထမဦးဆုံးရောက်လာတဲ့ နိုင်ငံအကြီး အကဲဖြစ်သွားတယ်။ တရုတ်တို့က ဦးနေဝင်းခရီးစဉ်ဟာ ကမ္ဘာ့နိုင်ငံတွေက ဝိုင်းပယ် ခံထားရတဲ့ ခမာနီအစိုးရကို ဆွဲထုတ်ကယ် တင်လိုက်တဲ့ ခရီးစဉ်လို့မြင်တယ်။ ဦး နေ
ဝင်းရဲ့ ဖနွမ်းပင် ခရီးစဉ်ကြောင့် ၁၉၇၅ ခုနှစ် ပဲခူးရိုးမကျပြီးကတည်းက တရုတ်ပြည် တွင်းမှာ အခြေစိုက်ခွင့်ပြုခဲ့တဲ့ ဗကပ ဌာနချုပ်နဲ့ အသံလွှင့်ရုံကို ၁၉၇၈ ခုနှစ် နှစ်ဦး မှာပဲမြန်မာပြည်တွင်းမှာ ပြောင်းရွှေ့စေခဲ့ပြီး မြန်မာပြည်ထဲမှာရောက်နေတဲ့ တရုတ် တပ်ဖွဲ့ဝင်တွေကိုလည်း ပြန်ခေါ်ယူခဲ့တယ်။ တရုတ်အစိုးရဟာ ဗကပထဲက တရုတ်စစ် အကြံပေးတွေနဲ့ တရုတ်တပ်ဖွဲ့ဝင်တွေကို ပြန်ထုတ်သွားခဲ့တယ်ဆိုပေမဲ့ မုန်းဖေါဒေသ
က တပ်မဟာ ၂ တပ်မှူး ကျန်းကျိမိန်၊ ဗကပရဲ့ တိုက်စွမ်းရည်အထက်ဆုံးဆိုတဲ့ တပ်
မဟာ ၆၈၃ က တပ်မှူးလီကျစ်ရှုနဲ့ ၈၁၅ စစ်ဒေသမှူး လင်မိန်ရှန်တို့လို အရည်အချင်း
ရှိတဲ့ တရုတ်စစ်ခေါင်းဆောင်တချို့ကိုတော့ ဗကပနဲ့အတူ ထားရစ်ခဲ့တယ်။ ထောက် လှမ်းရေးရည်ရွယ်ချက်နဲ့ ထားရစ်ခဲ့တယ်လို့ ဆိုကြတယ်။
၁၉၈၁ ခုနှစ်၊ မေလက တရုတ်ပြည်မှာကျင်းပတဲ့ တရုတ်-မြန်မာ ကွန်မြူနစ်ပါတီဆွေး
နွေးပွဲမှာ ဗကပဟာ ကိုယ့်ဒူးကိုယ်ချွန် ရုန်းကန်သင့်တဲ့အကြောင်း တိန့်ရှောင်ဖိန် ကပြောဆိုလာတဲ့အတွက် သခင်ဗသိန်းတင်နဲ့ တိန့်ရှောင်ဖိန်တို့ စကားများပြီး အစည်း အဝေးကို စိတ်မချမ်းမြေ့စွာနဲ့ အဆုံးသတ်လိုက်ရတယ်။ ၁၉၈၅ ခုနှစ်၊ ဧပြီလကုန်မှာ
ဗကပ အမြဲတမ်းဗဟိုကော်မတီဝင် ၇ ဦးကို မေဒေးနေ့တက်ဖို့ဆိုပြီး တရုတ်က
ဖိတ်တယ်။ အဲဒီအချိန်မှာ ဦးနေဝင်းလည်း တရုတ်ကိုရောက်နေတယ်။ တကယ်က
ဗကပနဲ့ ဦးနေဝင်းကို ရင်ကြားစေ့ပေးဖို့ တရုတ်ကကြိုးစားကြည့်တာပါ။ အဓိကက
တော့ သူ့အကျိုးပါပဲ။ အဲဒီမှာ သခင်ဗသိန်းတင်တို့အဖွဲ့နဲ့ တရုတ်ကွန်မြူနစ်ပါတီက အထွေထွေအတွင်းရေးမှူး ဟူရောက်ပန်းတို့ မပြေမလည်ဖြစ်ကြတယ်။ နောက်ဆုံး ဟူရောက်ပန်းက “ဗကပကို ထောက်ပံ့နေတဲ့ စစ်အသုံးစရိတ်နဲ့ စစ်ရေးဆိုင်ရာကူညီ
ထောက်ပံ့မှုတွေအားလုံးကို ရပ်တန့်လိုက်ပါတယ်။ စီးပွားရေး ဆိုင်ရာ ကုန်ပစ္စည်းအကူ အညီတွေကိုသာ ဆက်လက်ပေးသွားမယ်” လို့ တရားဝင်ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
၁၉၈၆ ခုနှစ် နိုဝင်ဘာ ၁၆ ရက်နေ့မှာ မုန်းပေါ်နဲ့ ပန်ဆန်းကြားရှိ စီစီဝမ် တောင်ကုန်းမှာ တပ်စွဲထားတဲ့ တပ်မတော်စခန်းကို ဗကပအင်အားအလုံးအရင်းနဲ့ ဝင်တိုက်ခဲ့တယ်။
ဒါပေမဲ့ မကြာခင်မှာပဲ တပ်မတော်က တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့လို့ ၁၉၈၆
ဒီဇင်ဘာ ၇ ရက်နေ့မှာ ဗကပတွေ စီစီဝမ်တောင်ကုန်းကို လက်လွတ်ဆုံးရှုံးလိုက်
ရတယ်။ ၁၉၈၇ ခုနှစ် ဇန်နဝါရီလ ၃ ရက်မှာ တပ်မတော်က မုန်းပေါ်ကိုဆက်သိမ်း
တယ်။ ဇန်နဝါရီလ ၆ ရက်မှာ ပန်ဆိုင်း (ကြူကုတ်)ကို တပ်မတော်က ဆက်လက်
သိမ်းပိုက် ခဲ့တယ်။ ဇန်နဝါရီလ ၁၃ ရက်နေ့မှာ ရွှေလီမြစ်ကိုကျော်ပြီး ကွန်ဟိန်းနဲ့ မန်ဟီးရိုးတို့ကို ဆက်လက်သိမ်းပိုက်ခဲ့တယ်။ ဒီလိုနဲ့ နမ့်ခမ်းကနေ ပန်ဆိုင်းအထိ ကီလိုမီတာ ၆၀ ခန့်ရှိတဲ့ နယ်နိမိတ်မျဉ်းတစ်လျှောက်ဟာ တပ်မတော်ထိန်းချုပ်မှုအောက် ကို ရောက် ခဲ့ပြီး တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး တရားဝင်ပြန်ဖွင့်နိုင်ခဲ့တယ်။
စီစီဝမ်တိုက်ပွဲမှာ အရင်လို လူလှိုင်းလုံးစစ်ဆင်ရေးကို အသုံးပြုခဲ့တာမို့ ဗကပအောက်
ခြေရဲဘော်တွေ အကျအဆုံးများပြီး ထိပ်ပိုင်း ခေါင်းဆောင်တွေအပေါ် မကျေနပ်မှုတွေ တိုးပွားလာခဲ့တယ်။ ၁၉၈၈ ခုနှစ်မှာ ခလရ ၁၁ ရှေ့တန်း အခြေစိုက် စခန်းထားရှိတဲ့
မိုင်း ယန်းမြို့ကို ဗကပတွေဝင်ရောက်သိမ်းပိုက်ခဲ့ရာမှာလည်း တပ်မတော်ရဲ့တန်ပြန်ထိုး စစ်ကြောင့် ဗကပတွေအတုံးအရုံး ကျဆုံးကုန် လို့ မကျေနပ်မှုတွေ ပိုပြီးတိုးပွားလာတယ်။
၁၉၈၉ ခုနှစ် မတ်လ ၁၁ ရက်နေ့မှာ ဖုန်ကျားရှင်ဦးဆောင်တဲ့ ကိုးကန့်တပ်တွေဟာ ဗကပကို ပုန်ကန်ပြီး အရှေ့မြောက်ဒေသက မုန်းကိုးကို သိမ်းပိုက်လိုက်သလို ၁၉၈၉ ဧပြီလ ၁၆ ရက်နေ့ ညသန်းခေါင်ကျော်မှာ ဝတပ်ဖွဲ့ဝင်တွေက ဗမာပြည်ကွန်မြူနစ်ပါတီ ဌာနချုပ် ပန်ဆန်းကိုသိမ်းပိုက်လိုက်ပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီဟာ ပါတီ တည်
ထောင်ပြီး နှစ်ပေါင်း ၄၁ နှစ်အကြာ ကိုးကန့်ပုန်ကန်မှုစတင်ပြီး တစ်လအတွင်းမှာပဲ
နိဂုံးချုပ် အဆုံးသတ်သွားခဲ့ရပါတော့တယ်။
ဗမာပြည်ကွန်မြူနစ်ပါတီကို ဖြိုခွင်းဖို့အတွက် တပ်မတော်ထောက်လှမ်းရေး တပ်ဖွဲ့က လော် စစ်ဟန်အကူအညီနဲ့ ဖုန်ကျားရှင်ကို စည်းရုံးခဲ့တာလို့ဆိုပါတယ်။ လော်စစ်ဟန်နဲ့ ဖုန်ကျား ရှင်ဟာ ၁၉၄၆ ခုနှစ်က ကိုးကန့်မှာဖွင့်လှစ်ခဲ့တဲ့ ဝမ်ပူစစ်ကျောင်းက တစ် ကျောင်းတည်း ဆင်း သူငယ်ချင်းတွေဖြစ်တယ်။ အဲဒီကျောင်းကို ကူမင်တန်တွေက တည်ထောင်ထား တာလို့ ဆိုပါတယ်။
ဗကပပြိုကွဲပြီးတဲ့နောက် နှစ်ပေါင်းနှစ်ဆယ်ကျော်ကာလအတွင်းမှာလည်း ကိုးကန့်ဒေသ
မှာ အာဏာလုပွဲတွေ မကြာခဏ ဖြစ်ပွား လေ့ရှိပါတယ်။ ကိုးကန့်ဒေသမှာ တရုတ်ပညာ တတ်လူငယ်တွေဖြစ်တဲ့ ရန်းညီနောင်လေးဦးရှိတယ်။ အဲဒီလေးယောက်ထဲက ရန်းမောက် လျံနဲ့ ရန်းမောက်အန်းတို့နှစ်ယောက်က ဗကပတွေဖြစ်ခဲ့ပြီး ကျန်တဲ့ ရန်းမောက်ရှူးနဲ့ ရန်းမောက်စိန့်တို့ က ကုန်သည်တွေဖြစ်တယ်။ ဒီအထဲမှာမှ ရန်းမောက်စိန့်က တရုတ်ပြည် ထဲမှာ မူးယစ်ဆေးဝါးကုန်သွယ်မှုနဲ့ ၁၉၉၄ ခုနှစ်မှာ သေ ဒဏ်ချမှတ်ခံလိုက်ရတယ်။ ဖုန်ကျားရှင်ဦးဆောင်တဲ့ ကိုးကန့်အဖွဲ့ ဗကပကို ပုန်ကန်ပြီး ခွဲထွက်ကြတော့ ရန်းမောက်
လျံ နဲ့ ရန်း မောက်အန်းတို့နှစ်ယောက်ဟာ ဒုစစ်ဦးစီးချုပ်နဲ့ နိုင်ငံရေးဝန်ကြီးဌာန ဌာနမှူးရာထူးအသီးသီးကို ရကြတယ်။
၁၉၉၂ ခုနှစ်၊ နိုဝင်ဘာလမှာ ကိုးကန့်အဖွဲ့အတွင်း အချင်းချင်းအာဏာလုပွဲကြီးဖြစ်ကြတယ်။ ရန်းညီအစ်ကိုတွေက ဦးဆောင်လှုံ့ ဆော်တာဖြစ်တယ်။ ဖုန်-ရန်း ပဋိပက္ခအစပိုင်းမှာ တပ်မမှူးကြီး ဝေ့ချောင်ရင်က ရန်းညီနောင်ဘက်ကပါပေမဲ့ နောက်ပိုင်းမှာ ဘယ်ဘက်က မှမပါတော့ဘဲ ကြားနေပြီး တွေ့ဆုံဆွေးနွေးဖို့တိုက်တွန်းခဲ့တယ်။ ရန်းညီနောင်က ဝအဖွဲ့ ဆီအကူအညီသွားတောင်းတယ်။ ဝအဖွဲ့ကလည်း ခွန်ဆာအဖွဲ့နဲ့ တိုက်နေတဲ့အချိန်ဖြစ် တယ်။ ခွန်ဆာနဲ့ ဖုန်ကျားရှင်ကလည်း မကင်းရာမကင်းကြောင်းရှိနေတဲ့ မိတ်ဆွေ
တွေဖြစ်တယ်။ ဒီတော့ ဝတပ်ဖွဲ့က တပ်သားအင်အား ၁၅၀၀ စေလွှတ်ပြီး ရန်းညီနောင် အဖွဲ့ကို အကူအညီပေးတဲ့အတွက် ဖုန်ကျားရှင်အဖွဲ့ ကိုးကန့်နယ်မြေကနေ ဆုတ်ခွာပေး လိုက်ရတယ်။ ကိုးကန့်ဒေသကို ရန်းညီနောင်အဖွဲ့က ဆက်လက်ထိန်းသိမ်း လိုက်ပြီး ဘိန်းလုပ်ငန်းကို အကြီးအကျယ်လုပ်ကိုင်ဆောင်ရွက်တယ်လို့ ဆိုပါတယ်။
၁၉၉၅ ခုနှစ်၊ ဇူလိုင်လကုန်လောက်မှာ အာဏာလုပွဲထပ်ဖြစ်ပြန်တယ်။ အကြောင်းရင်း ကတော့ ခေါင်းဆောင် ရန်းမောက်အန်းက သားအငယ်ဖြစ်တဲ့ ရန်းခေါ့ရွှင်းကို တပ်ရင်းမှူး ရာထူးကနေ တပ်မဟာမှူးရာထူးတိုးမြှင့်ပေးလိုက်တာကနေစတယ်လို့ဆိုတယ်။ လက်ရှိ
တပ်မဟာမှူး လီတက်ဟွာကို ဖြုတ်ပစ်လိုက်တယ်။ လီတက်ဟွာက မကျေနပ်လို့ ပုန်ကန် ဖို့ကြံစီတယ်။ ၁၉၉၅ နိုဝင် ဘာလမှာ ဝခေါင်းဆောင်တွေက ရန်းကိုတိုက်၊ ဖုန်ကိုကူညီ ဆိုပြီး ဆုံးဖြတ်ချက်ချလိုက်တဲ့အခါ ဖုန်ကျားရှင်ပြန်ပြီး အသက်ဝင်လာတယ်။ ရန်းအဖွဲ့ ဟာ မြန်မာ့တပ်မတော်ထံမှာ လက်နက်ချလိုက်ရတယ်လို့ဆိုတယ်။ တပ်မတော်က
လည်း ကိုးကန့်၊ လောက်ကိုင် ဒေသနဲ့ ချင်းရွှေဟော်ကုန်းပြင်မြင့်ကိုပါသိမ်းပိုက်လိုက်ပြီး ၁၉၉၅ ဒီဇင်ဘာ ၂၀ ရက်နေ့မှာ ဖုန်ကျားရှင်ပါဝင်တဲ့ မူလဌာနေ ကိုယ် စားလှယ်အဖွဲကို ယာယီအုပ်ချုပ်ရေးအဖွဲ့ဖွဲ့ပေးလိုက်တယ်။
၂၀၀၀ ပြည့်နှစ်၊ စက်တင်ဘာလမှာ မုန်းကိုးဒေသမှာ မုန်းကိုးကာကွယ်ရေးတပ် ဒုတိယ
သေနာပတိချုပ် လီလိမင်က သေနာပတိ ချုပ် မုန်ဇလပ်ကို ဖမ်းဆီးချုပ်နှောင်ပြီးအာဏာ သိမ်းလိုက်ပြန်တယ်။ လီလိမင်ရော မုန်ဇလပ်ပါ ဗကပအဆင့်မြင့်တပ်မှူးဟောင်း တွေ
ဖြစ်တယ်။ မုန်ဇလပ်ကိုသစ္စာစောင့်သိသူတွေနဲ့ လီလိမင်တပ်တွေ အပြင်းအထန်တိုက်ပွဲ
တွေဖြစ်ကြတယ်။ လီ - မုန် အချင်း ချင်း တိုက်ခိုက်နေကြပြီး ခြေကုန်လက်ပမ်းကျတဲ့ အချိန်ကို တပ်မတော်ကစောင့်ကြည့်နေပြီး တပ်မ ၉၉ တပ်ရင်းတွေဟာ မုန်းကိုး ဒေသ
ကို ဝိုင်းထားလိုက်ကြတယ်လို့ဆိုတယ်။ မုန်ဇလပ်နဲ့သူ့လူတွေအဖမ်းခံလိုက်ရပြီး လီလိ မင်နဲ့အဖွဲ့လည်း တပ်မတော်ကခြေ မှုန်းတာကို ခံလိုက်ရတယ်။ ၂၀၀၂ ခုနှစ်၊ နိုဝင်ဘာ လကုန်ပိုင်းမှာတော့ မြန်မာ့တပ်မတော်ဟာ မုန်းကိုးဒေသကို လုံးဝ သိမ်းပိုက် လိုက် ပါတော့တယ်။
ကိုးကန့်ဒေသနဲ့ မူယစ်ဆေးဝါးဆိုတာ ခွဲခြားမရဘူးလို့ဆိုပါတယ်။ ဌာနေတိုင်းရင်းသား အများစုက ဆင်းဆင်းရဲရဲ ရုန်းကန်ကြရ ပေ မဲ့ ကိုးကန့်ခေါင်းဆောင်တွေကတော့ အလွန် တရာချမ်းသာကြွယ်ဝကြတယ်လို့ သိရတယ်။ သူတို့ရဲ့လုပ်ငန်းတွေကနေ စီးဆင်း လည် ပတ်နေတဲ့ငွေဟာ ယွမ်ငွေသန်းတစ်သောင်း (ထရီလီယံ) ဝန်းကျင်ရှိတယ်လို့ဆိုပါတယ်။ ကိုးကန့်ဒေသမှာရှိတဲ့ လောင်း က စားဝိုင်းတွေရဲ့ ၈၀% ကိုစိုးမိုးထားသူကလည်း ဖုန်ကျား ရှင်ဖြစ်တယ်လို့ဆိုပါတယ်။ တစ်ဘက်နိုင်ငံကဝင်လာပြီး အလုပ်လုပ်ကိုင်နေကြတဲ့ တရုတ်
တွေကို တစ်ခါတလေ ငေါက်ငမ်းပြောဆိုပေမဲ့ ကိုးကန့်တွေတကယ်မုန်းတီးတာက သူတို့ က အသားမည်းတွေလို့ ကင်ပွန်းတပ်ထားတဲ့ ဗမာတွေဖြစ်ပါတယ်။
၂၀၀၉ ခုနှစ်၊ ရန်လုံကျိုင်းမှာ ကိုးကန့်တပ်ဖွဲ့တွေတရားမဝင် မူးယစ်ဆေးနဲ့ လက်နက်တွေ ထုတ်လုပ်နေတယ်ဆိုတဲ့သတင်းအရ စစ်ဆေးဖို့သွားရောက်တဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ပစ် သတ်ပြီး ဖုန်ကြားရှင်နဲ့သူ့နောက်လိုက်တွေ တရုတ်နိုင်ငံထဲကို ထွက်ပြေးသွားခဲ့ တယ်။ အဲဒီတုန်းက ဒီသတင်းကို တရုတ်အစိုးရက မြန်မာအစိုးရကိုပေးတာလို့ သတင်းတွေ ကြားရပါတယ်။ ထွက်ပြေးလာတဲ့ ဖုန် ကျားရှင်နဲ့နောက်လိုက်တွေဆီက လက်နက်တွေ သိမ်းပြီး တရုတ်အစိုးရက လက်ခံထားလိုက်တယ်။ တရုတ် အစိုးရဟာ ဖုန်ကျား ရှင်အ
ဖွဲ့ကို အခုလို လိုအပ်တဲ့အချိန်မှာအသုံးချလို့ရအောင် အဲဒီအချိန်က မြန်မာအစိုးရကို သတင်းပေးပြီး ပဋိပက္ခမဖြစ်ဖြစ်အောင် ဖန်တီးလိုက်သလားလို့တွေးစရာပါ။ တရုတ်နယ် စပ်မှာလှုပ်ရှားနေတဲ့ လက်ကိုင်အဖွဲ့အစည်းမှန်သမျှ တရုတ်အစိုးရကို အာခံလို့ မရဘူး မဟုတ်လား။ မြန်မာနိုင်ငံသာ တရုတ်နဲ့ပခုံးချင်းယှဉ်နိုင်တဲ့ အင်အားကြီးနိုင်ငံဆိုရင် ဒီလိုဘယ်လုပ်ရဲလိမ့်မလဲ။
၂၀၁၅ ခုနှစ် မတ်လ ၉ ရက်နေ့မှာ ဖုန်ကျားရှင်အဖွဲ့ဟာ လူသူလက်နက်အစုံအလင်နဲ့ တစ်ကျော့ပြန်ဝင်လာပြီး ကိုးကန့်ဒေသကို ပြန်လည်သိမ်းပိုက်ဖို့ ကြိုးစားခဲ့တယ်။ လောက် ကိုင်တိုက်ပွဲမဖြစ်ခင် တစ်လလောက်အလိုက ဖုန်ကြားရှင်အင်တာဗျူးကိုလည်း တရုတ် သတင်းစာကနေ ဖေါ်ပြခဲ့သလို အရင်ကပိတ်ထားခဲ့တဲ့ ဖုန်ကြားရှင်ရဲ့ဘဏ်အကောင့်
တွေကိုလည်း တရုတ်ဘဏ်တွေက ပြန်ဖွင့်ပေးခဲ့တယ်လို့သိရတယ်။ လက်ရှိအချိန်မှာ ဖုန်ကျားရှင်ဟာ ဝအထူးဒေသက သူ့သားမက် လင်းမိန်စန့် (ခ) စိုင်းလင်းဆီ မှာ ခိုလှုံ
နေတယ်လို့ သတင်းတွေထွက်နေပေမဲ့ တရုတ်နိုင်ငံထဲမှာလည်း ခိုလှုံနေထိုင်လို့ရပါတယ်။ ကိုးကန့်ခေါင်းဆောင်တွေ၊ ဝခေါင်းဆောင်တွေ၊ KIA ခေါင်းဆောင်တွေရဲ့ ပိုင်ဆိုင်မှု အများ စုဟာ တရုတ်နိုင်ငံထဲမှာရှိကြတာ များပါတယ်။
တရုတ်အစိုးရဟာ မြန်မာ့နိုင်ငံရေးပြုပြင်ပြောင်းလဲမှုကို အတော်လေး မျက်စိစပါးမွှေးစူး
နေပုံရတယ်။ ဒါ့ကြောင့် မြန်မာ့နိုင်ငံရေး မတည်မငြိမ်ဖြစ်အောင် နယ်စပ်အရေးရှုပ်ထွေး မှုတွေဖန်တီးဖို့ သူကြိုးကိုင်ခြယ်လှယ်နိုင်တဲ့ UWSA ၊ KIA နဲ့ MNDAA တို့ကို လိုသလို ထုတ်ကစားသွားဖို့ ရည်ရွယ်ထားပုံရတယ်။ မဟာဗျူဟာအရ အချက်အခြာကျလှတဲ့ မြန်မာ့
မြေကို အမေရိကန်စိတ် ကြိုက်အသုံးချခွင့်ရသွားမှာ တရုတ်က အတော်စိုးရိမ်ပုံရပါတယ်။
လက်ရှိ UWSA အဖွဲ့က ထိပ်သီးခေါင်းဆောင်အားလုံးဟာ ဝနာမည်ခံထားတဲ့ တရုတ်တွေ
ဖြစ်ပြီး တစ်ချိန်ကဝနာမည်နဲ့ ပိုင်ဆိုင် ထားတဲ့ ရန်ကုန်၊ မန္တလေးမြို့ကြီးတွေမှာရှိတဲ့ ပိုင် ဆိုင်မှုတွေဟာလည်း တရုတ်တွေလက်ထဲကို ရောက်ကုန်ပြီဖြစ်ကြောင်း မိတ်ဆွေတစ်
ယောက်ရဲ့ပြောစကားအရ သိရတယ်။ KIA တွေကို ကျောက်စိမ်းလုပ်ငန်းလုပ်တဲ့သူတွေ ဆက်ကြေးပေးရတယ်ဆိုပေမဲ့ ငွေလက်ခံသူတွေဟာ KIA ယူနီဖေါင်းဝတ်ထားတဲ့ တရုတ်
တွေဖြစ်နေတာတွေ့ရတယ်လို့ ဖားကန့်မှာကျောက်စိမ်းလုပ်ငန်းလုပ်ဖူးတဲ့ မိတ်ဆွေ တစ်
ယောက်ရဲ့အစ်ကိုပြောပြဖူးတာကလည်း စိတ်ဝင်စားစရာကောင်းပါတယ်။ MNDAA ကတော့ အထူးပြောစရာ မလိုပါဘူး၊ တရုတ်တွေပါပဲ။ ဒီတော့ တရုတ်ဟာ အထက်ပါ အဖွဲ့ သုံးဖွဲ့စလုံးမှာ သူ့လူတွေအများစုကို မြှုပ်နှံထားပြီးသားဖြစ်ပါ တယ်။ ပြည်တွင်းမှာ ပုံဖျက်
ပြီး မြှုပ်နှံထားတဲ့ သူလျှိုတွေ၊ ဒလန်တွေ ဘယ်လောက်ရှိဦးမယ်ဆိုတာ မသိနိုင်ပါဘူး။
လက်ရှိ မြန်မာ့နိုင်ငံရေးဟာ ဘေးကျပ်၊ နံကျပ်ကာလကို ရောက်နေတယ်လို့တောင် ပြော
နိုင်မယ်ထင်ပါတယ်။ ၁၉၄၉/ ၅၀ ဝန်းကျင်က မြန်မာနိုင်ငံပါလီမန်ဒီမိုကရေစီစနစ်ကျင့်
သုံး တာ ဘာမှရေးကြီးခွင်ကျယ်မဖြစ်ပေမဲ့ လက်ရှိအချိန်မှာ ကွန်မြူနစ်ပါတီကြီးစိုး ထား
တဲ့ ကမ္ဘာ့အင်အားကြီးတရုတ်နိုင်ငံဘေးမှာ တစ်ခါတုန်းက သူကယ်တင်ထောက်ပံ့ခဲ့ တယ်လို့ ယူဆထားတဲ့ နိုင်ငံငယ်လေးက သူနဲ့ဆန့်ကျင်ဘက်စနစ်ဖြစ်တဲ့ ဒီမိုကရေ စီစနစ်ကိုကျင့်သုံးပြီး သူ့ရဲ့ရန်သူတော်ကြီး အမေရိကန်နဲ့ ဖက်လှဲတင်းလုပ်နေမယ်ဆို
တာ အတော့်ကိုခံရခက်လှတဲ့ လုပ်ရပ်ဖြစ်ချင်ဖြစ်နေပါလိမ့်မယ်။
တကယ်တော့ မြန်မာ့နိုင်ငံရေးအပြောင်းအလဲဆိုတာ တရုတ်တို့ရဲ့ အတောမသတ်နိုင် တဲ့ လောဘကြောင့်ဖြစ်လာရတယ်ဆိုရင် လည်း မမှားပါဘူး။ တရုတ်အစိုးရကသာ မြန် မာနိုင်ငံအပေါ် စိတ်ကောင်း၊ စေတနာကောင်းထားပြီး မြန်မာ့ဖွံ့ဖြိုးတိုးတက်ရေးအ တွက် စေတနာမှန်မှန်နဲ့ ထိထိရောက်ရောက် ကူညီခဲ့မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ နိုင်ငံရေး စနစ်အကူးအပြောင်းဟာ ဒီ့ထက် နောက် ကျကောင်း နောက်ကျနိုင်ပါလိမ့်မယ်။ အခု
တော့ မြန်မာအစိုးရအနေနဲ့ တရုတ်နဲ့ပေါင်းရတဲ့ သံတမန်အကာအကွယ်ရတာကလွဲ
လို့ ကျန်တာ အရှူံးချည်းပဲလို့ ဆိုနိုင်မယ်ထင်ပါတယ်။ ဒါကို တပ်မတော်ခေါင်းဆောင်တွေ
ကလည်း နဂိုကတည်းက သိထားပုံရပါ တယ်။ တရုတ်နဲ့သာဆက်ပေါင်းရင် တိုင်းပြည် လည်း ထောင်းလမောင်းကြေတော့မယ်ဆိုတာ သိပုံရတဲ့ မြန်မာစစ်ခေါင်းဆောင် တွေ
ဟာ အမေရိကန်အစိုးရအဖွဲ့က တာဝန်ရှိသူတွေနဲ့ တိတ်တဆိတ်ဆက်သွယ်ညှိနှိုင်းထား ပုံရတယ်လို့ ယူဆရပါတယ်။ ဒါ့ ကြောင့် မြန်မာ့အပြောင်းအလဲအတွက် တရုတ်ကို
တောင် ကြံဖန်ကျေးဇူးတင်ရမလို ဖြစ်နေပါတယ်။
အမေရိကန်အစိုးရဟာ မြန်မာနိုင်ငံမှာ သူတို့စိတ်တိုင်းကျ လူ့အခွင့်အရေးအခြေအနေ
တွေ တိုးတက်မှုမရှိသေးပေမဲ့ မြန်မာ့ပြုပြင် ပြောင်းလဲမှုကို လှိုက်လှိုက်လှဲလှဲကြိုဆိုပြီး ယာယီသံရုံးတာဝန်ခံအဆင့်ကနေ သံအမတ်ကြီးအဆင့်အဖြစ် သံတမန်ဆက်သွယ်မှု ကိုပြန်လည်မြှင့်တင်ခဲ့တယ်။ ဒါတင်မကဘဲ သမ္မတဘားရက်အိုဘားမားတို့ နိုင်ငံခြား
ရေးဝန်ကြီး ဟီလာရီကလင်တန်တို့ကပါ မြန် မာနိုင်ငံကို လာရောက်အားပေးခဲ့ကြ တယ်။ မြန်မာ့မြေကို အမေရိကန်ခေါင်းဆောင်တွေ ခြေချနေတဲ့အချိန်မှာ တရုတ်ခေါင်း
ဆောင်တွေ အဖို့ ဒေါသအမျက်ချောင်းချောင်းထွက်နေပုံရတယ်။ မြန်မာအစိုးရကလည်း ဒါကိုသိပါတယ်။ အမေရိကန်တွေ မလာ ခင်ဖြစ်ဖြစ်၊ လာပြီးသွားတဲ့အချိန်ပဲဖြစ်ဖြစ်၊ လာနေဆဲကာလမှာပဲဖြစ်ဖြစ် တရုတ်ဘက်ကို သံတမန်လမ်းကြောင်းကနေဝင်ပြီး ချွေး သိပ်ပုံရတယ်။ ဒါပေမဲ့ နဂိုကတည်းက အကြံကြီးပြီး တစ်ဘို့တည်းအမြဲကြည့်တတ်တဲ့ တရုတ်အစိုးရဟာ မြန်မာ့နိုင်ငံရေး မတည် မငြိမ်ဖြစ်အောင်၊ ဒီမိုကရေစီဆိုတာကို မြန် မာပြည် သူတွေကိုယ်တိုင် စိတ်ပျက်သွားအောင် ဘယ်လိုလုပ်ရမလဲလို့ အကြံထုတ်နေ ပုံရတယ်။ ၂၀၁၀ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံမှာဖြစ်ပျက်ခဲ့တဲ့ ပြည်တွင်းအရေးအခင်း တချို့မှာ တရုတ်စနက်ကင်းရဲ့လားလို့ တောင် သံသယဖြစ်မိပါတယ်။
တိုင်းပြည်မတည်မငြိမ်ဖြစ်အောင် နောက်ကွယ်ကနေ လှုံ့ဆော်ဖန်တီးမယ့်သူတချို့ကို ငွေပုံ
ပေးပြီး ခိုင်းမယ်ဆိုလည်း ခိုင်းလို့ရပါတယ်။ အများအမြင်မှာ အဲဒီလူတွေဟာ ဒီမိုကရေ စီလိုလားသူတွေပေါ့။ Activist တွေပေါ့။ အခုလည်း မြန်မာ့ငြိမ်းချမ်းရေးလုပ် ငန်းစဉ် နှောင့်နှေးကြန့်ကြာအောင် လက်နက်ကိုင်အဖွဲ့အစည်းတချို့ကို ကြိုးကိုင်ခြယ် လှယ်ပြီး ကြိုးပမ်းနေတာကို MPC က ဒေါက်တာမင်းဇော်ဦးလို ပုဂ္ဂိုလ်ကတောင် တရားဝင်ထုတ်ပြောလာတာ တွေ့ရတယ်။ ဘာပဲဖြစ်ဖြစ် မြန်မာနိုင်ငံအခြေအနေက ဆူးကြားက ဘူးခါးလိုဖြစ်နေတဲ့ အခြေအနေမျိုးပါ။ ရှေ့မတိုးနောက်မဆုတ်သာဘဝမှာ ဒီအတိုင်း မျှော ပြီးကြာရှည်ရပ်တည်ဖို့ကလည်း မဖြစ်နိုင်ပါဘူး။ လှေနံနှစ်ဘက်နင်းနေရ တာ အန္တရယ်လည်း များပါတယ်။ ဒီကြားထဲမှာ ကိုယ့် တိုင်းပြည်ထဲမှာ အချင်းချင်း မညီညွတ်တော့ တရုတ်အတွက် ကစားကွက်ပိုကျယ်သွားပါတယ်။
သံတမန်လျှို့ဝှက်ဆက် ဆံရေးတွေအရ ဘာတွေ၊ ဘယ်လိုရှိမယ် မပြောနိုင်ပေမဲ့ လက်ရှိ အတိုင်းဆက်သွားရင် မြန်မာနိုင်ငံ အရှေ့မြောက်ဒေသရဲ့ လုံခြုံရေးဟာ စိုးရိမ်စရာဖြစ်
နေပြီး အကိုင် အတွယ်ချွတ်ချော်တိမ်းပါးခဲ့ရင် တစ်ချိန်မှာ အချုပ်အခြာအာဏာ ဆုံးရှုံး သွားနိုင်တဲ့ အန္တရာယ်ရှိပါတယ်။ ၁၉၈၈ ခုနှစ်က အမေရိကန်လေယာဉ်တင်သင်္ဘော
တွေ မြန်မာ့ပင်လယ်ပြင်ကို ရောက်နေ တဲ့အချိန်မှာ တရုတ်က တရုတ်-မြန်မာနယ်စပ် တစ်လျှောက်မှာ သန်းနဲ့ချီတဲ့ PLA တပ်တွေချထားပါတယ်။ အမေရိကန် လေယာဉ် တင်သင်္ဘောက စစ်အင်အားတွေ ရန်ကုန်မြေကိုခြေချတာနဲ့ တရုတ်က မန္တလေးအထိ ဝင်သိမ်းဖို့ စီစဉ်ပြီးသားဖြစ်တယ်ဆိုတဲ့ အ တိတ်သမိုင်းကြောင်းကိုလည်း မမေ့အပ် ပါကြောင်း တင်ပြလိုက်ရပါတယ်။
.
ရဲကျော်သူရ

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...