Tuesday, 13 October 2015

ဖာပွန်မြို့နယ် အတွင်းရှိ ကျေး ရွာ များ ၌ လူ သစ် စု ဆောင်း မှု များ ကြောင့် ကျေးရွာသူ၊ ကျေးရွာသားများ ထွက်ပြေး တိမ်းရှောင်


နေပြည်တော် အောက်တိုဘာ ၁၂
ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ် အတွင်းရှိ ရွှေဖလားကျ ကျေးရွာ၊ မျဉ်းတပြေး ကျေးရွာ၊ ဟတ်ကြီး ကျေးရွာ၊ ပိုင်လာကျေးရွာ နှင့်အနီး ပတ်ဝန်းကျင် ကျေးရွာများ၌ စက်တင် ဘာလနှင့် အောက်တိုဘာလ တို့အတွင်း KNLA တပ်မဟာ(၅) လက်အောက်ခံ အဖွဲ့များက လူသစ် စုဆောင်းမှုများ ပြုလုပ်ခဲ့ကြသည်။
ထိုသို့လူသစ် စုဆောင်းမှုများ ပြုလုပ်နေခြင်းကြောင့် ကျေးရွာသူ၊ ကျေးရွာသားများသည် မြိုင်ကြီးငူရှိ နီးစပ်ရာ ဆွေမျိုးများထံသို့ ထွက်ပြေးတိမ်းရှောင် လျက်ရှိရာ အောက်တိုဘာ ၉ရက်အထိ စုစုပေါင်း ကျေးရွာ သူ၊ ကျေးရွာ သား ၂၄ဝဝကျော် ရောက်ရှိ တိမ်းရှောင်လျက်ရှိကြောင်းနှင့် တာဝန်ရှိသူများက စားသောက် ဖွယ်ရာများနှင့် အဝတ်အထည် များအား ကူညီထောက်ပံ့ ပေးလျက်ရှိသည်။ KNLA တပ်မဟာ(၅) လက်အောက်ခံအဖွဲ့များ၏ အတင်း ဓမ္မ လူသစ် စုဆောင်းမှုများကြောင့် ဒေသခံနယ်မြေ လူထုအနေဖြင့် စီးပွားရေး၊ လူမှုရေးများစွာထိခိုက်နစ်နာရသည့်အပြင် ထွက်ပြေးတိမ်းရှောင်လာရသည့် အိမ်ထောင်စုဝင်များမှကျောင်းသူ၊ ကျောင်းသား ၁၇ဝဦး ခန့်သည်လည်း မြိုင်ကြီးငူ ကျေးရွာရှိ အခြေခံ ပညာကျောင်းများတွင် တက်ရောက်ပညာ သင်ကြားရလျက်ရှိကြောင်းသတင်းရရှိသည်။


www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...