Tuesday, 13 October 2015

ထောင်ဒဏ် ချမှတ်ခံရသည့် စည်းကမ်းမရှိသော ဗ.က.သ ကျောင်းသား ၄ ဦး အယူခံဝင်မည် မဟုတ်


မန္တလေးမြို့ ရတနာပုံ တက္ကသိုလ်တွင် အမျိုးသား ပညာရေး ဥပဒေကို အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်မှုဖြင့် အမရပူရ မြို့နယ် တရားရုံးက ကျောင်းသား ၄ ဦးကို ထောင်ဒဏ် အသီးသီး ချမှတ်လိုက်သည့်အပေါ် အယူခံဝင်မည် မဟုတ်ကြောင်း ကျောင်းသားမျာ၏ အမှုလိုက် ရှေ့နေ ဦးသိန်းသန်းဦးက ဧရာဝတီသို့ ပြောသည်။
ယင်းကျောင်းသား ၄ ဦးသည် ဖေဖော်ဝါရီလ ၂၃ ရက်က မန္တလေးမြို့ ရတနာပုံ တက္ကသိုလ် ကျောင်းနံရံတွင် အမျိုးသား ပညာရေး ဥပဒေ ဆန္ဒပြနေသည့် ကျောင်းသား သပိတ်ကို ထောက်ခံကြောင်း မှုတ်ဆေးများဖြင့် ရေးသားခဲ့မှုကြောင့် ရတနာပုံတက္ကသိုလ် ကျောင်းသားများ သမဂ္ဂမှ တတိယနှစ် ကျောင်းသား ကိုနိုင်ရဲဝေနှင့် စတုတ္တနှစ် ကျောင်းသား ကိုအောင်ဆန်းဦး၊ တတိယနှစ် ကျောင်းသား ကိုဂျစ်တူးနှင့် စတုတ္တနှစ် ကျောင်းသား ကိုဥာဏ်လင်းထက်တို့မှာ ထောင်ဒဏ် ၆ လစီ ကျခံစေရန် အမိန့်ချမှတ်လိုက်ခြင်း ဖြစ်သည်။
ရှေ့နေ ဦးသိန်းသန်းဦးက“ဗ.က.သတို့ သမိုင်းမှာ ဘယ်တော့မှ အယူခံ မ၀င်ခဲ့ကြဘူး။ အခုလည်း သူတို့ ၄ ယောက်က အယူခံဝင်ဖို့ မရှိဘူးလို့ ပြောတယ်။ အားလုံး ပြစ်ဒဏ်တွေက တပေါင်းထဲ ကျခံရမှာဆိုတော့ နောက်သုံးလလောက်ပဲ နေရတော့မယ်”ဟု ဆိုသည်။



www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...