Wednesday, 7 October 2015

Harkat-ul-Jihad-al-Islami စစ်သွေးကြွအဖွဲ့ ရခိုင်တွင်လှူပ်ရှားလျက်ရှိ

ပီးခဲ့တဲ့ တနင်္ဂနွေနေ့က အိန္ဒိယ-ပါကစ္စတန်နယ်စပ်က သီရိနာဂ မြို့နားက အွမ်တီပိုရာ ဆိုတဲ့ ရွာမှာ ဘယ်သူဘယ်ဝါ အတည်မပြုနိုင်တဲ့ အလောင်း ၂ လောင်းတွေ့တယ်လို့ ဟန္ဒို တိုင်းမ် မှာ ဖတ်ရတယ်ဗျ။ အခု အဲဒီအလောင်း ၂ လောင်းက မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ထဲမှာ လှုပ်ရှားနေတဲ့ Harkat-ul-Jihad-al-Islami ဆိုတဲ့ စစ်သွေးကြွ အဖွဲ့ရဲ့ အဖွဲ့ဝင်ဖြစ်နေတယ်လို့သိရတယ်။
ဘယ်လို ဘယ်လို …. Harkat-ul-Jihad-al-Islami စစ်သွေးကြွအဖွဲ့ ဆိုပါလား။ နာမည်ကို နှစ်ခါပြန်ဖတ်ယူရတယ်။
ကိုယ် ကိုယ်တိုင်အပါအဝင် လူအများစုသိထားတာက ရခိုင်ပြည်နယ်ထဲမှာ လှုပ်ရှားနေတဲ့ ဘင်္ဂါလီစစ်သွေးကြွအဖွဲ့ဆို RSO တစ်ဖွဲ့ဘဲ သိကြတာ။ RSO ဆိုတာကလည်း မိုးခေါင်တဲ့နှစ် စိုက်မိတဲ့ စပါးလို့ဘဲ ကြို့တို့ကျဲတဲမို့ ဖြစ်ဖြစ် မြောက်မြောက် မရှိဘူး။ (ပြည်တွင်းနေ ဘင်္ဂါလီအများစုက မထောက်ခံတာကြောင်းလည်း ပါချင်ပါမှာပေါ့)
အခု Harkat-ul-Jihad-al-Islami ဆိုတဲ့ အဖွဲ့ကို တစ်ခါမှမကြားမိခဲ့ဖူးတာ။
အဲဒါနဲ့ ဒီအဖွဲ့အကြောင်းကို နဲနဲရှာဖွေကြည့်လိုက်တော့ ထူထောင်သူက မူလန်နာ အဘ်ဒူ ကွက်ဒက်စ် (Maulana Abdul Quddus) လို့ခေါ်တဲ့ မြန်မာ မွတ်ဆလင် တစ်ယောက်ဖြစ်နေပါတယ်။ သူက ၁၉၈၀ ခုနှစ်များမှာ မြန်မာနိုင်ငံကနေ ပါကစ္စတန်နယ်ထဲကို ထွက်ပြေးခဲ့ပြီးတော့ ကရန်ချီမှာရှိတဲ့ ကိုရမ်ဂျီမှာ လှုပ်ရှားတယ်။ သူထောင်ထားတဲ့ ဒီအဖွဲ့က အယ်လ်ကိုင်ဒါရဲ့ တပ်မဟာ ၃၁၃ ကို ဦးဆောင်တဲ့ Ilyas Kashmiri ဆိုတဲ့ အယ်လ်ကိုင်ဒါ လက်ခွဲအဖွဲ့နဲ့လည်း နီးနီးကပ်ကပ် ပူးပေါင်းလှုပ်ရှားမှုတွေရှိတယ်လို့ သိရတယ်။
သေသွားတာက သူ့အဖွဲ့သား နှစ်ယောက် ဒီနှစ်ယောက် အိန္ဒိယ ပါကစ္စတန် နယ်စပ်ကို ရောက်လာကြတဲ့အကြောင်းအရင်းက ပါကစ္စတန် အခြေစိုက်ဖြစ်ပုံရတဲ့ Jaish-e-Muhammad (JeM) ဆိုတဲ့ စစ်သွေးကြွအဖွဲ့ကို လာပူးပေါင်းဖို့ ရလာတာလို့ သိရတယ်။

အဓိက ပြောချင်တာကတော့ သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းတွေ သတိချပ်ကြဖို့ သံချောင်းခေါက်ချင်တာပါ။ ရခိုင်ပြည်ထဲက ဘင်္ဂါလီလက်နက်ကိုင်အဖွဲ့ဆို RSO တစ်ဖွဲ့ထဲ ရှိနေတာမဟုတ်ဘူးဆိုတာ သတိထားရမယ်။ အခု Harkat-ul-Jihad-al-Islami ဆိုတဲ့အဖွဲ့အပြင် နောက်ထပ် တခြားအဖွဲ့အစည်းတွေလည်း ရှိကောင်းရှိနိုင်တယ်။ သူတို့မှာလည်း အဆက်အသွယ်ကောင်း ကွန်ယက်ကောင်းတွေနဲ့ အချိတ်အဆက်တွေ ရှိနေနိုင်တယ်။ တွင်တွင်ကျယ်ကျယ် ကြီးကြီးမားမား လှုပ်ရှားမှုတွေ မလုပ်သေးတာဟာ ပြည်တွင်းနေ ဘာသာတူ ဘင်္ဂါလီတွေကိုထောက်နေလို့ ဖြစ်ကောင်းဖြစ်နိုင်သလို မိမိတို့ အတွေးနဲ့တောင် မတွေးကောင်းတဲ့ တခြားအကြောင်းပြချက်တစ်ခုခုကြောင့် လက်ရှိအချိန်မှာငြိမ်နေကြတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဘာဘဲဖြစ်ဖြစ် သတိချပ်ကြဖို့ တိုက်တွန်းနှိုင်းစော်ပါရစေ။
www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...