Thursday, 8 October 2015

ရုရှား ရေတပ်မှ ISIS တပ်ဖွဲ့ အား ချေမူန်း

ရုရှ လေတပ်ကတော့ ဆီးရီးယားအရေးမှာ တိုက်ရိုက်ပါဝင်လာပါပြီ။ ဆီးရီးယားနိုင်ငံထဲမှ ISIS ပစ်မှတ်တွေကိုဝင်တိုက်ရင်း ဆီးရီးယား သမ္မတ အာဆတ် ဘက်မှ ရပ်တည် ဝင်ကူနေပါပြီ။
အမေရီကန်အနေနဲ့ အတော် ခံရခက်သောအနေထားဖြစ်ခဲ့ရပါတယ်။ စီးပွားရေးပြန်လည်ဦးမော့လာသောရုရှ သည် ၂၀၀၅ ခုနစ်မှစပြီး ယခင်ဆိုဗီယက်ပြည်ထောင်စုခေတ်က မဟာမိတ် နိုင်ငံများနှင့် ရင်းနှီးနွေးထွေးအောင် စစ်ရေး စီးပွားရေး လမ်းများဖောက်ခဲ့ပါတယ်။
လစ်ဗျား၊ ဆီးရီးယား၊အီဂျစ်၊ အာဖရိကဒေသ၊ ပင်လယ်နက် ဒေသများတွင် စစ်အခြေစိုက်စခန်းများပြန်လည်ဖွင့်လစ်နိုင်ရန်ကြိုးပမ်းလာခဲ့သည်။ 
အမေရီကန်အနေဖြင့် ဆိုဗီယက်ပြည်ထောင်စုပြိုကွဲပြီးနောက်ပိုင်း တစ်ဦးတည်းမဟာအင်အားကြီး အနေထားဖြင့် တစ်ကမ္ဘာ လုံးကိုလွှမ်းမိုးချုပ်ကိုင် ခဲ့ရသည့်အနေထားကို ထိပါးမခံနိုင်သောကြောင့် လစ်ဗျား၊ ဆီးရီးယား၊ အာဖရိကဒေသ၊ဘော်လ်ကန်ဒေသ၊ ပင်လယ်နက်ဒေသများကို မတည်ငြိမ်ဖြစ်အောင်ဖန်တီးကာ ပြည်တွင်းစစ်မီးတောက်လောင်စေသည့်နည်းဖြင့် ရုရှ၏ မဟာဗျူဟာသစ်များအရာမထင်အောင်ဖန်တီးလာခဲ့သည်။ ယခုလက်ရှိ လစ်ဗျားနိုင်ငံ မှာ အမေရီကန်၏ အာဏာရှင်ဖြုတ်ချရေးခေါင်းစဉ်တပ် ဝင်စွပ်ဖက်မူကြောင့် နိုင်ငံပြိုကွဲလုနီးပါး ပြည်တွင်းစစ်မီးတောက်လောင်နေသည်မှာ ယနေ့ထိပါ။ ဆီးရီးယား ကိုလည်း အာဏာရှင်ဖြုတ်ချရေးခေါင်းစဉ် တပ်ကာ ပြည်တွင်းစစ်မီးတောက်လောင်စေပြီး သူပုန်ဖက်မှ ထောက်ပံ့အားပေးကူညီရင်း ရုရှ ၏ မဟာဗျူဟာများကို ကြိုတင်ရိုက်ချိုးအထိနာစေခဲ့သည်။
အမေရီကန်၏ ကမ္ဘာအားတစ်ဦးတည်းချုပ်ကိုင်နိုင်ရေးအတွက် မဟာဗျူဟာအရ အရေးပါသည့်ဒေသများမှ နိုင်ငံများရှိပြည်သူများ၏ ကံကြမ္မာ မှာ အတိဒုက္ခရောက်ရခြင်းဖြင့်သာ ကြုံတွေ့နေရသည်ကများလှပေသည်။
ရုရှ အနေဖြင့်လည်း တစ်ဦးတည်းဗိုလ်ကျစိုးမိုးသည့် ကမ္ဘာ အားပြောင်းလဲလိုသည်။
အားကြီးသည့် ဝက်ဝံကြီး နိုးထ အင်အားပြ ကာ စည်းဝိုင်းထဲဝင်ရောက်ဖို့ ရည်ရွယ်လျက်ရှိနေပါသည်။
အမေရီကန်၏ ဒီမိုကရေစီ အရေခြုံ တစ်ကမ္ဘာလုံးအား လွှမ်းမိုးချုပ်ကိုင်နိုင်ရေး မဟာဗျူဟာ ရေရှည် မှာ အလုပ်ဖြစ်နိုင်ပါတော့မလားးးး



်SED
www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...