Thursday, 8 October 2015

KIA ၊ TNLA နှင့် ကိုးကန့်ပူးပေါင်းအဖွဲ့မှ ဒေသခံရွာသား ၇ ဦးအား လူသစ်အဖြစ် အတင်းအကြပ် ဖမ်းဆီး

အောက်တိုဘာလ ၈ ရက်၊ ၂၀၁၅
 ရှမ်းပြည်နယ်မြောက်ပိုင်း ကွမ်လုံမြို့နယ်အတွင်းရှိ ကျေးရွာများသို့ KIA ၊ TNLA နှင့် ကိုးကန့်ပူးပေါင်း အဖွဲ့ တစ်ဖွဲ့ ရောက်ရှိလာပြီး ဒေသခံရွာသား ၇ ဦးအား လူသစ်အဖြစ် အတင်းအကြပ်ဖမ်းဆီးခေါ်ဆောင် သွားကြောင်း
ယင်းဒေသခံများထံမှ သိရသည်။ ကွမ်လုံမြို့နယ်၊ ဝေါခြုံကျေးရွာ အနောက်မြောက်ဘက်ရှိ ကိုယ်ပယ်ချင်းကျေးရွာ၊ နမ့်ဆန်းကျေးရွာ၊ ရှာကျိုင်း ကျေးရွာ၊ နမ့်ကျွမ်းကျေးရွာနှင့် ရှောက်ထင်ပါးကျေးရွာများသို့ အောက်တိုဘာလ ၅ ရက်နေ့ညပိုင်းတွင် KIA ၊ TNLA နှင့် ကိုးကန့်
ပူးပေါင်းအဖွဲ့တစ်ဖွဲ့ ရောက်ရှိလာပြီး ဒေသခံရွာသား ၇ ဦးအား လူသစ်အဖြစ် အတင်းအကြပ်ဖမ်းဆီး၍ အရှေ့မြောက်ဘက်ရှိ ကိုကိုက်ထန်ရွာသို့ ဆက်လက်ထွက်ခွာသွားကြောင်း ဝေါခြုံရွာသား တစ်ဦးမှ ပြောပြသည်။ “ဒီနားက ရွာတွေကို KIA ၊ TNLA နှင့် ကိုးကန့်ပူးပေါင်းအဖွဲ့တစ်ဖွဲ့ ရောက်လာတယ်၊ မင်းတို့ရွာထဲကို အစိုးရ တပ်တွေလာသေးလား၊ ရောက်လာရင်လည်း
ငါတို့ကို သတင်းပေးရမယ်၊ အစိုးရတပ်တွေနဲ့ အဆက်အသွယ် မလုပ်ရဘူးလို့ပြောတယ်၊ သူတို့အဖွဲ့ ရောက်နေတာကို သတင်းပေးရင်လည်း သတ်ပစ်
မယ်လို့ ခြိမ်းခြောက် တယ်၊ ဆက်ကြေးငွေလည်း မကြာခဏလာကောက်တယ်၊ ရိုးရိုးသားသားလုပ်ကိုင် စားသောက်နေတဲ့ ရွာသားတွေကိုလည်း အစိုးရသ
တင်းပေးတယ်လို့ စွပ်စွဲပြီးရိုက်ပုတ်တယ်၊ ပြီးတော့ ဒီနားပတ်ဝန်းကျင်က ရွာသား ၇ ယောက်ကိုလည်း လူသစ်အဖြစ် ဇွတ်အတင်းဖမ်းခေါ်သွားတယ်” ဟု
ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦးမှလည်း ပြောသည်။ KIA ၊ TNLA နှင့် ကိုးကန့်ပူးပေါင်းအဖွဲ့မှ လူသစ်အဖြစ် ဖမ်းဆီးခြင်းခံရသူ ၇ ဦးမှာ ကိုယ်ပယ်ချင်းကျေးရွာမှ လီရှင်ပေါင် နှင့် ရှီလောက်ကျောင်၊ နမ့်ကျွမ်းကျေးရွာမှ ယီချင် နှင့်လီဝူး၊ နမ့်ဆန်းကျေးရွာမှ လောက်စန်း၊ ရှာကျိုင်းကျေးရွာမှ
လျောက်လောက်၊ ရှောက်ထင်ပါးကျေးရွာမှ ကြူရွမ်းကို တို့ဖြစ်ကြောင်း
သိရသည်။ KIA ၊ TNLA နှင့် ကိုးကန့်ပူးပေါင်းအဖွဲ့သည် ကျေးရွာများအတွင်း
ဆက်ကြေးငွေများ မကြာခဏ ကောက်ခံခြင်း၊ ရွာသားများအား အကြောင်းအမျိုးမျိုးပြကာ လူသစ်အဖြစ်အတင်းအကြပ်ဖမ်းဆီးခြင်းနှင့် ကျေးရွာများအနီး
မိုင်းထောင်ခြင်းများ ပြုလုပ်နေသောကြောင့် ဒေသခံများအနေဖြင့် တိုက်ပွဲများပြန်လည် ဖြစ်ပွား လာမည်ကို စိုးရိမ်နေကြကြောင်း သိရှိရသည်။
 နော်ဂျာ


0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...