Tuesday, 6 October 2015

KIA အဖွဲ့မှ လူသစ်အဖြစ် ဖမ်းဆီးထားသည့် ကချင်လူမျိုး၂၅ ဦး အနက် အသက် အရွယ်ကြီးရင့်သူ ၁၀ ဦး ပြန်လည်လွတ်မြောက်


အောက်တိုဘာလ ၅ ရက်၊ ၂၀၁၅
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ နန်ဗျူကျေးရွာအနီးတစ်ဝိုက်မှ လူသစ် အဖြစ်ဖမ်းဆီးထားသည့် လယ်ယာ လုပ်ကိုင်နေသူ ကချင်လူမျိုး ၂၅ ဦး အနက် အသက်အရွယ်ကြီးရင့်သူ ၁၀ ဦးမှာKIA အဖွဲ့ထံမှစက်တင်ဘာလ ၂၉ ရက်နေ့တွင် ပြန်လည်လွတ်မြောက်လာခဲ့ကြောင်းနှင့် ကျန်လူငယ်များအား ဖမ်းထားဆဲဖြစ်ကြောင်း ယင်းဒေသခံများထံမှ သိရှိရသည်။
“ ဒီဒေသမှာ လယ်ယာလုပ်ငန်းနဲ့ အသက်မွေးနေကြတာပါ၊ ဒါကို KIA အဖွဲ့တစ်ဖွဲ့ရောက်လာပြီး ချောင်းတစ်လျှောက်မှာ ရိုးရိုးသားသားနဲ့ လယ်ယာလုပ်ကိုင်နေတဲ့ ကချင်လူမျိုး ၂၅ ယောက်ကိုလည်း သူတို့စခန်းကို ဇွတ်အတင်းဖမ်းခေါ်သွားတယ်၊ အဲလိုဖမ်းထားတဲ့ လူသစ်တွေထဲက အသက်အရွယ်ကြီးတဲ့ ၁၀ ယောက်ပြန်လွတ်လာတယ်၊ သူတို့စခန်းမှာ မြက်ပေါက်ခိုင်းတယ်၊ ဆက်သွယ်ရေးမြောင်းတွေလည်း တူးခိုင်းတယ်၊ သစ်ခုတ် ၀ါးခုတ်တာတွေလည်း ခိုင်းတယ်၊ အစားအသောက်ကျတော့ ၀အောင်မကျွေးဘူး၊ နှိပ်စက်လိုက်၊ ခိုင်းလိုက်လုပ်နေတာ၊ မသေရုံတမယ် အရမ်းခိုင်းတာ၊ ကျန်တဲ့လူငယ်တွေကို လူသစ်ဆက်လုပ်ခိုင်းတယ်၊ ကြောက်လို့သာလုပ်နေရတာ၊ ဆန္ဒမပါတော့ ထွက်ပြေးချင်မှာပဲ’’ ဟု ၎င်းမှ ဆက်လက်ပြောပြပါသည်။
KIA အဖွဲ့သည် လယ်ယာလုပ်ကိုင်သူများအား အကြောင်းအမျိုးမျိုးပြကာ လူသစ်အဖြစ် ဖမ်းဆီးခြင်းနှင့် ကျေးရွာများအနီး မိုင်းထောင်ခြင်းတို့ကြောင့် ဒေသခံများအနေဖြင့် စားဝတ်နေရေးအတွက် လုပ်ကိုင်ရာတွင် အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်းနန်ဗျူကျေးရွာ ရပ်မိရပ်ဖတစ်ဦးမှ ပြောပါသည်။
နော်ဂျာ
www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...