Friday, 2 October 2015

မဘသကန်တော့ဆွမ်းဟုစာတမ်းချိတ်ဆွဲသူများအားသာသနာပြိုကွဲစေရန် စည်းရုံးလှုံ့ဆော်မှုဖြင့် တရားစွဲဆိုရန် ပြင်ဆင်


မန်းလေးမြို့  ၃၂×၃၃ ကြား ၊ ၈၅ ×၈၆ ကြားရှိ၊ မလွန်ဈေးဗုဒ္ဓပူဇနိယကထိနအသင်းကြီးဝေယျာဝစ္စလူငယ်များ ဘုံဆွမ်းလောင်းအသင်းစာတမ်းအောက်တွင် မဘသကန်တော့ဆွမ်းဆိုသည့် စာကပ်ထားသူများအားသံဃာ့အဖွဲ့ အစည်းဥပဒေအရအရေးယူရန် ပြင်ဆင်လျက် ရှိကြောင်းသတင်းရရှိသည်။
မဘသအဖွဲ့ကြီးသည့် သံဃာ့အဖွဲ့အစည်းဥပဒေအရသံဃာ့မဟာနာယကအဖွဲ့ကြီး၏ သြ၀ါဒလမ်းညွှန်မှုကို ခံယူပြီး ဖွဲ့စည်းထားသော တရားဝင် အဖွဲ့အစည်း ဖြစ်ပြီးယင်းသို့ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်ကို ပြိုကွဲစေရန် လုပ် ဆောင်ခြင်းသည် ဥပဒေအရအရေးယူနိုင်သည့် လုပ်ရပ်ဖြစ်နေကြောင်း၊ အဆိုပါကိစ္စနှင့်ပတ်သက်၍ မည်သို့ ဆက် လက်လုပ်ဆောင်မည်ကိုဥပဒေကျွမ်းကျင်သူပညာရှင်များနှင့် တိုင်ပင် ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း မဘသဆရာတော်တစ်ပါးကမိန့်ကြားသည်။
“ဒီကိစ္စကသံဃာကိစ္စထက် သံဃာ့အဖွဲ့အစည်းကိစ္စ ဖြစ်လာနေပါတယ်။ ဦးဇင်းတို့အနေနဲ့ သံဃာ့အဖွဲ့အစည်းတွေ ပြိုကွဲအောင် ဒီလိုမျိုးလုပ်ဆောင်လာတဲ့သူတွေက NLD ပါတီဝင်တွေ ဖြစ်နေတာကိုစိတ်မကောင်းစွာနဲ့ပဲသိရှိရပါတယ်။ မြန်မာပြည်သူတွေထဲမှာကိုယ်ကြိုက်တဲ့ပါတီကိုယ်ထောက်ခံကြမှာ ဖြစ်တဲ့အတွက် သံဃာတွေကိုပါ ဒီလိုမျိုး ခွဲခြားပြီးဖယ်ကြဉ်မယ် ဆိုတဲ့ အယူအဆဟာအရမ်းကို အန္တရာယ်ကြီးမားနေပါတယ်။ မဘသဆိုဆွမ်းမလောင်းနဲ့ ဆိုတဲ့အယူအဆကအွန်လိုင်းပေါ်မှာ ဘာသာခြားတွေက စတင်လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။ ဒီနောက်ပိုင်းမှာ NLD ပါတီဝင်တွေက ဒီအယူအဆကိုဆက်ပြီး ဖြန့်ချိ နှိုးဆော်တာတွေ လုပ်ဆောင်လာခဲ့ပါတယ်။ အခုမြေပြင်မှာ လုပ်ဆောင်လာတာတွေ တွေ့ရပါတယ်။ ဒါကိုဦးဇင်းတို့ အမြန်ဆုံးအင်းစိန်ဆရာတော်ကြီးကိုတင်ပြပြီး သြ၀ါဒ ခံမယ်။ ဥပဒေကြောင်းအရလုပ်သင့်လုပ်ထိုက်တာတွေကိုဥပဒေအကြံပေးတွေနဲ့ ညှိနှိုင်းမှုတွေ လုပ်သွားမှာပါ။ မဘသ ဆရာတော်တွေ၊ သာသနာတော်ကိုထိန်းသိမ်းစောင့်ရှောက်လိုသူတွေ စည်းလုံးညီညွတ်ကြဖို့ လိုပါတယ်။ သံဃာ့အားဘုရားတောင် မလွန်ဆန်ခဲ့ပါဘူး။ သံဃာတော်တွေကိုဒီလိုမျိုးခွဲခြားပြီး ဖယ်ကြဉ်တာဟာဘာသာတရားအရ ဘယ်လို မှ မသင့်တော်ပါဘူး။ ဒါကိုတင်းတင်းကျပ်ကျပ် ကိုင်တွယ်သင့်တယ် လို့ သဘောရပါတယ်” ဟုမဘသဆရာတော် ဦးသောဘိတ က မိန့်သည်။
“ဥပဒေမှာသံဃာ့အဖွဲ့အစည်းတွေအတွက် ပြဌာန်းထားတာတွေ ရှိပါတယ်။ ချောင်းဦးမှာ ထင်လင်းဦးကို တရားစွဲသလိုမျိုးသံဃာအဖွဲ့အစည်းကသာသနာရေးကိုပြော၊ သာသနာရေးကရဲစခန်းမှာအမှုဖွင့်ရမယ့် သဘောလို့ အကြမ်းဖျင်းပြောနိုင်ပါတယ်။ ဒါကိုဥပဒေအထောက်အကူအဖွဲ့နဲ့ အစည်းအဝေးထိုင်ပြီးဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ဒီကိစ္စက အန္တရာယ် အရမ်းများတဲ့ အနေအထားကိုရောက်နေပါပြီ။ ကျွန်တော်တို့ကဆရာတော်ကြီးတွေ ကိုယ်စား ပိုပြီးအားထုတ် ကြိုးပမ်းသွားမှာပါ။ NLD ရဲ့ ဥပဒေအကြံပေးဆရာကြီးကဦးကိုနီဆိုတော့ ကျွန်တော်တို့ဘက်က လုပ်ဆောင်လာမယ့် အလားအလာတွေကို ကြိုပြီး ပြင်ဆင်နေတာတွေလည်းရှိနိုင်ပါတယ်။ အခု မဘသကန်တော့ဆွမ်း ဆိုတဲ့ အယူအဆဟာ NLD ပါတီထဲကလာတာပါ။ ပွင့်ပွင့်လင်းလင်းပြောရရင် ဘာသာခြားတွေကစပြီးလှုံ့ဆော်ခဲ့တာ ဖြစ်ပါတယ်။ အခုတော့ ရုပ်ရှင်ဒါရိုက်တာ ၀ိုင်းတို့ ကိုယ်တိုင် စော်စော်ကားကားလုပ်လာခဲ့ပါတယ်။ NLD ပါတီဝင်တွေ ကတော့ ရစရာမရှိလောက်အောင်ကိုသံဃာတွေကိုထင်တိုင်းကြဲစော်ကားနေတာတွေ ရှိပါတယ်။ မဘသ ဆရာတော်တွေကပြောတော့ NLD နာယကဦးတင်ဦးကိုယ်တိုင် တံဏိဘာဝေ အဖြေမပေးဘဲ၊ ထိန်းသိမ်းခြင်း မရှိဘဲလုပ်နေတာတွေ့ရပါတယ်။ ဒီတော့ NLD ခေါင်းဆောင်တွေကိုယ်တိုင် ချမှတ်ထားတဲ့ မူဝါဒ ဆိုတဲ့ သတင်းတွေ မှန်သလိုယူဆရတော့မှာပါပဲ။ အခုတော့ ဒီလုပ်ရပ်တွေကိုဥပဒေနဲ့ ဘယ်လိုတားဆီးနိုင်မလဲဆွေးနွေးပြီးဆရာတော် ကြီးတွေကိုတင်ပြသွားမှာပါ” ဟုမဘသဥပဒေအထောက်အကူပြု ပညာရှင်တစ်ဦးကပြောသည်။
မဘသကန်တော့ဆွမ်းရေးကပ်ခြင်း၊ ထိုဆောင်ရွက်ချက်ကိုFacebook တွင် ဓာတ်ပုံတင်ခြင်းသည် အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ဝင် ဘုန်းတော်ကြီးများကိုခွဲခြားဆက်ဆံရန် နိုင်ငံရေးရည်ရွယ်ချက်ဖြင့်NLD ပါတီဝင်များက လှုံ့ဆော်ခြင်းဖြစ်ပြီးအခြားသံဃာများကိုပါ နိုင်ငံရေးပယောဂများဖြင့် ခွဲခြားဆက်ဆံမှုပြုလာပါကသံဃာများကိုဂိုဏ်းဂဏကွဲပြားစေနိုင်သဖြင့် ဥပဒေအရ အရေးယူနိုင်သည့် နည်းလမ်းများကိုစဉ်းစားရခြင်း ဖြစ်ကြောင်းသိရသည်။
သံဃာ့အဖွဲ့ အစည်းဆိုင်ရာဥပဒေပုဒ်မ ၁၀ တွင် မည်သူမဆိုသာသနာရေးအဖွဲ့ အစည်းအဆင့်ဆင့်ကို ပြိုကွဲ ပျက်စီးစေရန် စည်းရုံးခြင်း ၊ လှုံ့ ဆော်ခြင်း ၊ဟောပြောခြင်း ၊ရေးသားဖြန့် ချိခြင်းမပြုရလို့  ပြဋ္ဌာန်းထားပြီး ပြစ်ဒဏ် အနေဖြင့် ထောင်ဒဏ် ၆လမှ ၃ နှစ်အထိချမှတ်နိုင်ကြောင်းပြဌာန်းထားသည်။
ပြည်သူ့အာဏာ

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...