Tuesday, 6 October 2015

မျိုးစောင့်ဥပဒေဆိုသည်မှာ အပေါ်ယံဆန်သည့် အပေါစား နိုင်ငံရေးဟု NLD ပါတီ သုတေသနမှူးဆို


NLD ပါတီမှ သုတေသနမှူး ဆိုသူ မျိုးရန်နောင်သိန်းက သံတော်ဆင့်ဂျာနယ်နှင့်အင်တာဗျူးတွင် မျိုးစောင့်ဥပဒေဆိုသည်မှာ အပေါ်ယံဆန်သည့် အပေါစား နိုင်ငံရေးဟု ပြင်းပြင်းထန်ထန် ရှုတ်ချဝေဖန်ခဲ့ကြောင်း သတင်း ရရှိသည်။
“ဘုန်းကြီးတို့အနေနဲ့ ဒေါ်စုကို လေးစားပါတယ်။ ဒါပေမယ့် ရဟန်းရှင်လူ ပြည်သူတွေ တစ်ခဲနက် ထောက်ခံလက်မှတ်ရေးထိုးထားတဲ့ မျိုးစောင့်ဥပဒေအပေါ် NLD ပါတီရဲ့ တာဝန်ရှိသတစ်ဦးက ဒီလိုမျိုး ပုတ်ခတ် စော်ကားလာတာကိုတော့ လက်မခံနိုင်ဘူး။ အင်းစိန်ရွာမ ဆရာတော်ဘုရားကြီးကအစ တစ်နိုင်ငံလုံးက အမျိုး ဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေး ဆောင်ရွက်နေတဲ့ သံဃာထုတစ်ရပ်လုံးကို အပေါစားတွေလို့ မိုက်မိုက်ရိုင်းရိုင်း စော်စော်ကားကား ပြောလိုက်တာလို့ပဲ နားလည်ပါတယ်။ ဒီဒကာကြီး ပြောတဲ့ စကားအတွက် NLD ပါတီက တာဝန်ယူဖို့ လိုတယ်။ ကာယကံရှင်အနေနဲ့ ရဟန်းသံဃာတွေကို ပြန်ပြီး ၀န်ချတောင်းပန်ဖို့ လိုတယ်။ ဘုန်းကြီးတို့အနေနဲ့ NLD ပါတီကလုပ်နေတဲ့ ပုဒ်မ ၄၃၆ လက်မှတ်ကောက်ခံတဲ့ ကိစ္စမှာ ဘာမှ ၀င်ပြီး ဝေဖန်တာ မလုပ်ခဲ့ဘူး။ ဘုန်းကြီးတို့ကို လာမေးတဲ့ ဒကာ၊ ဒကာမတွေကိုတောင် မိမိသဘောဆန္ဒနဲ့ လုပ်ကြဖို့ တိုက်တွန်းခဲ့ပါသေးတယ်။ ခုဟာက ဘုန်းကြီးတို့ လုပ်နေကိုင်နေတာတွေကို ရှုတ်ချတာကတော့ တရားလွန်လာပြီလို့ပဲ ပြောရမှာပဲ” ဟု အင်းစိန်ရွာမ အောင်ဆန်းတပ်ဦးကျောင်းတိုက်မှ သံဃာတော်တစ်ပါးက မိန့်ကြားသည်။
“မြန်မာတွေ အလုပ်သွားလုပ်နေတဲ့ ဆော်ဒီမှာ မြန်မာမိန်းကလေးတွေကို မယူရဘူး အမိန့်ထုတ်တယ်။ မလေးရှားမှာ မြန်မာတွေ လူမသိသူမသိ အသတ်ခံရတယ်။ ဘရူနိုင်းမှာ ရှီးယားလော ပြဌာန်းပြီး သူ့ဘာသာအတွက် ဆောင်ရွက်နေတယ်။ NLD ပါတီ ဘာတစ်ခွန်း ပြောခဲ့သလဲ။ မလေးရှားမှာ မြန်မာတွေ ဒုက္ခရောက်တော့ သီတဂူဆရာတော်ကြီး ကိုယ်တိုင် သွားရောက်ပြီး ကူညီခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီ ဘာတစ်ခု ကူညီခဲ့ဘူးသလဲ။ ပြည်သူတွေ ဒုက္ခရောက်နေချိန်မှာ အမျိုးသားရေး အင်အားစုတွေပဲ ကူညီစောင့်ရှောက်ခဲ့တာ။ NLD ပါတီ အသံတောင် မကြားရဘူး။ နိုင်ငံအတွက် လိုအပ်ချက်အရ သံဃာတော် တွေ စုစည်းပြီး ကြိုးပမ်းနေတာဟာ သံဃာတော်တွေ အကျိုးတစ်ခုမှ မပါဘူး။ အင်းစိန်ရွာမ ဆရာတော် ဘုရားကြီး ကိုယ်တိုင်လည်း ဒေါ်အောင်ဆန်းစုကြည်ကို ဆုံးမစကား ပြောထားပြီးသား။ ဒါကို NLD ပါတီက ခုလို လုပ်လာတာဟာ ကိုယ်တိုင်ကိုယ်ကျ နာယူထားတဲ့ ရွာမဆရာတော်ဘုရားကြီးကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဂရုမစိုက်ဘူး ဆိုတဲ့ အဓိပ္ပါယ် သက်ရောက်သွားတယ်။ ဆရာတော်ဘုရားကြီးလည်း စိတ်မကောင်းဘူး။ ဒေါ်အောင်ဆန်းစုကြည် ကတိ မတည်ဘူး ဆိုပြီး စိတ်နွမ်းနေတယ် လို့ သိရှိရတယ်။ သူ ပြောထားပြီးရဲ့နဲ့ ခုလို ထပ်ပြီး စော်ကားလာတာကိုတော့ ကျွန်တော်တို့ သည်းမခံနိုင်ဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီ ဒီကိစ္စကို ကြေကြေလည်လည် ဖြစ်အောင် ပြန်ဖြေရှင်းမှကျွန်တော်တို့ ကျေနပ်နိုင်မယ်။ NLD လုပ်ပေါက်က ခဏခဏ ရှိနေပြီ။ ဒီတစ်ခါတော့ ကျွန်တော်တို့ အပြတ် စိန်ခေါ်သွားမယ်” ဟု အမျိုးသားရေးကွန်ရက် National Network မှ ဦးဆောင်သူတစ်ဦးက ပြောသည်။
www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...