Friday, 9 October 2015

ကျောက်ဖြူမြို့နယ်မှ NLDပါတီကိုယ်စားလှယ်လောင်းများ၏ ဆိုင်းဘုတ် ဖျက်ဆီးခံရ

 ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်အတွင်း ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ ပါတီဗွီနိုင်းဆိုင်းဘုတ်များ ဖျက်ဆီးခံလိုက်ရကြောင်း ကျောက်ဖြူမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှ သိရှိရသည်။ကျောက်ဖြူ မြို့လယ်ရှိ နာရီစင်ကွင်းတွင် ရခိုင်အမျိုးသားပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီနှင့် တစ်သီးပုဂ္ဂလတစ်ဦးတို့ ဆိုင်းဘုတ်များစိုက်ထူထားရာ အောက်တိုဘာ(၆)ရက်က NLD ပါတီ ဆိုင်းဘုတ်သာ ဖျက်ဆီးခံလိုက်ရခြင်းဖြစ်သည်။“ပါတီဆိုင်းဘုတ် ဖျက်ဆီးခံလိုက်ရတာမှန်ပါတယ်။ မသမာသူ၊အမြင်ကျဉ်းသူတွေရဲ့ လုပ်ရပ် ဖြစ်တယ်လို့ ယူဆရတယ်။ အခုကပါတီမြို့နယ်ဥက္ကဌ၊ ကိုယ်စားလှယ်လောင်းတွေက နယ်ကိုမဲဆွယ်စည်းရုံးရေး သွားနေလို့ အမှုဖွင့် တိုင်ကြားမှုကိစ္စနဲ့ပတ်သက်ပြီးမပြောနိုင်သေးဘူး။” ဟု ကျောက်ဖြူမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီဝင် ဦးမောင်သိန်းက ပြောသည်။ရမ်းဗြဲမြို့နယ်တွင်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏ ဆိုင်းဘုတ်အချို့ဖျက်ဆီးခံရမှု ဖြစ်ပေါ်ခဲ့ကြောင်းဒေသခံများထံမှ သိရသည်။”ရခိုင်ပြည်သူတွေက ၂၀၁၂ ခုနှစ် ဘင်္ဂါလီ-ရခိုင် ပဋိပက္ခဖြစ်စဉ်အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘင်္ဂါလီများအပေါ်ဘက်လိုက်ပြီးသတင်းဌာနအင်တာဗျူး တစ်ခုကိုပြောစကားကြောင့် ဒေါ်အောင်ဆန်းစုကြည် နဲ့ NLD ပါတီပေါ် ထောက်ခံမှု ကျဆင်းသွားခဲ့ပြီး ပြည်နယ်တွင်း ၀င်ရောက်ယှဉ်ပြိုင်ခြင်းကို ကြိုက်နှစ်သက်မှု မရှိတဲ့အပြင် ပါတီက၀င်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းများကိုလည်း သစ္စာဖောက်လို့မြင်ကြပြီး မုန်းတီးမှုများဖြစ်ပေါ်နေတယ်။” ဟု ကျောက်ဖြူလူမှု ကွန်ယက်မှ အလုပ် အမှုဆောင် ဦးဘိုကျန်ကပြောသည်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ရခိုင်ပြည်နယ်တွင် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ ကျောက် တော်၊ မြေပုံ၊ ပေါက်တော၊ ရသေ့တောင်၊ ကျောက်ဖြူ၊ မာန်အောင်၊ ရမ်းဗြဲ၊ အမ်း၊ သံတွဲ၊ တောင်ကုတ်၊ ဂွမြို့တို့တွင် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။အဆိုပါ ဆိုင်းဘုတ်များ ဖျက်ဆီးခံရခြင်းနှင့် ပတ်သက်၍ ရဲစခန်းတွင် တစ်စုံတစ်ရာ အမှုဖွင့်တိုင်တန်းမှု မရှိသေးကြောင်း ကျောက်ဖြူမြို့မရဲစန်းမှရဲအရာရှိတစ်ဦးကဆိုသည်။



www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...