Friday, 2 October 2015

Nld ပါတီအား မန်းဆွမ်းလောင်းအသင်း စိန်ခေါ်ပြီ

သံဃာကိုသင်းခွဲသော မုဆိုးမပါတီ Nld
ပါတီချစ်လူယုတ်မာတစ်ချို့သိစေရန်
****************************
ပြောပြန်ရင်လည်း အောင်မင်းလွန်ရာကျအုန်းမယ်။ ဖားတုလို့ ခရုခုန် အိုင်ပျက်ရုံဘဲရှိတယ် ဆိုတာ ဒင်းတို့ပါတီ nld မသိလေရော့သလား။ ဘာတဲ့ မန္တလေးဘုံဆွမ်းလောင်းအသင်း ( ၂၉ ) သင်းက မဘသ ဆရာတော်တွေကိုပညာပြ ဆန့်ကျင်သောအားဖြင့် ဆွမ်းမလောင်းဘူးလို့ ၀ါ်ဒဖြန့်တဲ့ ဒေ၀ဒတ်လိုကောင်စားရယ်။ နောက်ပြီး ဘာတဲ့ သံဃာတွေကိုဆွမ်းကပ်မယ်ဆိုရင် မဘသ ဟုတ်မဟုတ် မေးခွန်း ( ၆ ) ခုမေးပြီးမှ ဆွမ်းကပ်ပါလို့ ဆိုလာပြန်တဲ့ မောဃပုရိသ စောက်ပိန်းကောင်ရယ် ။ အေး............. ။ မင်းတို့ပါတီ nld က တို့များကိုးကွယ် ပညာကြွယ်တဲ့ ၊ အိမ်ဦးသခင် ကျေးဇူးရှင်တွေကို မလောက်လေးမလောက်စား ဥာဏ်နဲ့ စော်ကားပြတော့ တို့များ ဆွမ်းလောင်းအသင်းကလည်း တန်ပြန်ဖြေရှင်းရသေးတာပေါ့ကွာ။ ဇ ရှိရင် စ ကြည့်လိုက်ပါ nld ရယ်။ ဘုရားသားရယ်၊ စစ်သားရယ်၊ ကျောင်းသားရယ်က ဒီနိုင်ငံမှာ အင်အားအကောင်းဆုံးနဲ့ ကိုင်လှုပ်လို့အကောင်းဆုံး အဖွဲ့အစည်းကြီး ( ၃ ) ခုဆိုတာ ဒင်းတို့မသိကြဘူးလား။
ရီချင်တယ် ကြည်ခင်ရယ်။
မျက်မှောက် မြန်မာ့ နိုင်ငံရေး အရွေ့တွေလည်း ပြန်ကြည့်ကြဦးဟ။ မင်းတို့အားကိုးပါတယ်ဆိုတဲ့ ကျောင်းသားတွေက စမတ်ဖုန်းတွေကိုယ်စီသုံးလို့ အချစ်ဖွန်ကြောမှာ စီးမျောနေကြတာ အရင်လို ( 88 ကလို ) နိုင်ငံရေး နိုးကြားနေမယ်မထင်ကြနဲ့ ။ ကျောင်းသားအများစုက living together အတွက် ကာမဂုဏ်ကြောမှာ အနန္တော အနန္တ ငါးပါးတောင် လက်ချိုးရေ ရအောင် မေ့နေကြပြီ။ မယုံရင် ဂျာနယ်ဝယ်ဖတ် Feb 14 ရောက်တိုင်း တည်းခိုခန်းတွေ၊ ဟိုတယ်တွေ အတွဲတွေပြည့်နေလို့တဲ့။ အဲ့ဒီတော့ nld ရေ စစ်သားကို ကြံ့ဖွတ်က ခါးပိုက်ထဲထည့်ထားပြီးချိန်မှာ သံဃာဆိုတဲ့ ဘုရားသားတော်တွေနဲ့ တည့်အောင်ပေါင်းပါ။ သံဃာတော်တွေဟာ သူတို့ကိုယ်တိုင် မဲမပေးရပေမဲ့ ပြည်သူ့အချစ်တော်တွေဆိုတာ မမေ့ကြလေနဲ့ပေါ့ကွာ ။ ရေးရင်းနဲ့ဇတ်ရှိန်လွန်တော့မလို့ ။ ဒီပို့စ်ရဲ့ ရည်ရွယ်ချက်က ကျုပ်တို့ မန်းလေးဆွမ်းလောင်းသင်း တစ်သင်း မနက်ဖြန်မနက် ဘုံဆွမ်းလောင်းဖို့ ပြင်ဆင်ချက်ပြုတ်နေပါပြီဆိုတာနဲ့ ဘယ်သံဃာကြွလာ ကြွလာ အားလုံးကို တစ်ပြေးညီဆွမ်းလောင်းသွားမဲ့အကြောင်း မက်ဆေ့ လာပေးတာပါ။
( ဘာသာရေးကို နိုင်ငံရေးအတွက် အသုံးချတယ်လို့ အီးလာမပေါက်ကြနဲ့။ မင်းတို့ပါတီက ငါတို့ ဆွမ်းလောင်းအသင်းတွေကို နားရွက်တံတွေးလာဆွတ်လို့ နဂါးမှန်းသိအောင် အမောက်ထောင်ပြတာ။ ဤ ပို့စ်တွေကို ထပ်ဆင့်ပြန် share ကြခြင်းဖြင့် စိဉ္ဇမာနပါတီအား တန်ပြန်သက်ရောက်ကြပါကုန်...........)
စေတနာရှင်
ပရဟိတနှင့်သံဃာ့ဆွမ်းလောင်းအသင်း
22×26 ကြား၊ ကမ်းနားမြို့ပတ်လမ်း၊ မရမ်းခြံဆိပ်ကမ်း ၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့။
www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...