Thursday, 8 October 2015

RCSS/SSA တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် လက်မှတ်ထိုးမည်

အောက်တိုဘာလ ၈ ရက်၊ ၂၀၁၅ 
တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ်(NCA)ကို အစိုးရနှင့်လက် မှတ်ရေးထိုးရန် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ - ရှမ်း ပြည်တပ်မတော်(RCSS/SSA)က ဆုံးဖြတ်လိုက်ကြောင်း RCSS ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်း လောဝ်ဆိုင်းက ပြောသည်။ တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်သည့် ရှမ်း ပြည်တပ်မတော်တောင်ပိုင်းသည် အောက်တိုဘာ ၇ ရက်က ဗဟို ကော်မတီအစည်းအဝေး ကျင်းပ ခဲ့ပြီး ယင်းသို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ် သည်။ ၎င်းသည် ယခုအချိန်ထိ NCA ကို လက်မှတ်ရေးထိုးမည် ဟုဆိုသော လက်မှတ်ရေးထိုးမည်ဟုဆိုသော ရှစ်ဖွဲ့မြောက် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့ဖြစ်လာသည်။ ‘‘ဒီလိုဆုံးဖြတ်တာက ကျွန် တော်တို့ရဲ့ရပ်တည်ချက်အရပါ။ မူအရဆိုရင် လက်ရှိ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းနိုင်ဖို့က NCA ကတစ်ဆင့် သွားရမှာဖြစ် တယ်၊ ဆိုတော့ တွေ့ဆုံဆွေးနွေး ညှိနှိုင်းပြီး အေးအေးချမ်းချမ်းဖြေ ရှင်းနိုင်ဖို့ ဒီနည်းရှိပြီး အစိုးရက လည်း လက်ခံတယ်’’ဟု ၎င်းက ပြောသည်။ ဆက်လက်၍ ၎င်းက ‘‘NCA ခေါင်းစဉ်နဲ့ ကိုက်ညီအောင် အားလုံးပါဝင်နိုင်အောင် ထပ်မံ ဖော်ဆောင်သွားဖို့အတွက် အစိုးရကို တိုက်တွန်းသွားမယ်’’ ဟု ပြော သည်။ ဒုဗိုလ်ချုပ်ကြီး ယွက်ဆစ်ဦး ဆောင်ပြီး ရှမ်းပြည်နယ်တောင် ပိုင်း လွယ်တိုင်းလန်ဒေသတွင် အခြေစိုက်သော RCSS/SSA ၌ ခန့်မှန်းအင်အား ၆,၀၀၀ ကျော်ရှိသည်ဟု ခန့်မှန်းထားကြသည်။ RCSS အနေဖြင့် ယခုဆုံးဖြတ် ချက်နှင့်ပတ်သက်၍ အောက်တို ဘာ ၈ ရက်တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရန်ရှိပြီး မြန်မာအစိုးရထံသို့ တရားဝင် အကြောင်းကြားမည်ဟု ဆိုသည်။ ပြီးခဲ့သည့် လက အစိုးရ တပ်မတော်နှင့် RCSS တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အရပ်သားများ သေဆုံးဒဏ်ရာရမှု ရှိခဲ့ရာ ယင်းနှင့်ပတ်သက်၍ ပြည် ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) က တပ်မတော်နှင့် ညှိနှိုင်းပေးမည် ဟု RCSS အား အကြောင်းကြား ကြောင်း ဆိုသည်။ တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့ ၂၁ ဖွဲ့တွင် ‘ဝ’ လက် နက်ကိုင်အဖွဲ့(UWSA)နှင့် မိုင်း လားလက်နက်ကိုင်အဖွဲ့ (NDAA)တို့က လက်မှတ်မရေးထိုးဟု ကြေညာခဲ့သည်။ နာဂလက်နက်ကိုင်အဖွဲ့ (NSCN-K )မှာလည်း လက်မှတ်ရေးထိုးရာတွင် မပါဝင်သေးဟု ဆိုသည်။ ကျန်အဖွဲ့များက လက်နက်ကိုင်အဖွဲ့ အားလုံး NCA ပါဝင်ရေးထိုးနိုင်ရေး တောင်းဆိုခဲ့ကြသည်။ သို့သော် သမ္မတဦးသိန်းစိန် အစိုးရ အဖွဲ့က တိုင်းရင်းသား လက်နက်ကိုင် ၁၅ ဖွဲ့ကိုသာ NCA ရေးထိုးရန် ဖိတ်ခေါ်ခဲ့သည်။ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KPC)၊ ဒီမိုကရေစီအကျိုးပြု ကရင်အမျိုး သားတပ်မတော်(DKBA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ ရခိုင်အမျိုးသား လွတ်မြောက်ရေးပါတီ (ALP)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)နှင့် ချင်းအမျိုးသားတပ်ဦး (CNF)စသည့် လက်နက်ကိုင်အ ဖွဲ့ ခုနစ်ဖွဲ့က NCA ရေးထိုးမည် ဖြစ်သည်။ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)၊ ရှမ်းပြည်တိုး တက်ရေးပါတီ/ရှမ်းပြည်တပ်မ တော်မြောက်ပိုင်း၊ (SSPP/SSA) (S)၊ မွန်ပြည်သစ်ပါတီ(NMSP) တို့အပါအဝင် ကျန်အဖွဲ့များကမူ အားလုံးပါဝင်ရေး သဘောတူညီ ချက်မရ၍ NCA လက်မှတ်မရေး ထိုးသေးခြင်းဖြစ်သည်ဟုဆိုကြ သည်။ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ ရေးစာချုပ်လက်မှတ်ရေးထိုးပွဲကို အောက်တိုဘာ ၁၅ ရက်တွင် နေ ပြည်တော်၌ပြုလုပ်မည်ဟု အစိုးရက ကြေညာထားသည်။ လတ်တ လောတွင် KIA၊ SSPP၊ TNLA တို့နှင့်အစိုးရတပ်မတော်တို့ တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...