Thursday, 15 October 2015

အကျအဆုံးများပြားလာတဲ့ SSA(ဝမ်ဟိုင်း)အဖွဲ့


ရှမ်းပြည်နယ်တောင်ပိုင်း တာဆံဖူးကူးတို့ဆိပ်အနီး တပ်မတော်စစ်ကြောင်းများနဲ့ တိုက်ခိုက်နေတဲ့SSA(ဝမ်ဟိုင်း)အဖွဲ့ဟာ ထိခိုက်ကျဆုံးမှုများပြားနေပြီး သောင်းကျန်းသူများဟာ မကြာမီရက်ပိုင်းအတွင်း တပ်မတော်ထံလက်နက်ချတော့မည်ဖြစ်ကြောင်းသိရှိရပါတယ်။ တိုက်ပွဲဖြစ်စဉ်အတွင်း SSA(ဝမ်ဟိုင်း)အဖွဲ့မှ
၁။ တပ်မဟာ(၇၂) ရင်း(၆၉၉)မှတပ်သားအဆင့်ရှိ စိုင်းခမ်း
၂။ တပ်မဟာ(၇၂) ရင်း(၆၉၉)မှဒုတပ်ကြပ်အဆင့်ရှိ စိုင်းအောင်
၃။ တပ်မဟာ(၇၂) ရင်း(၈၀၁)စစ်ရုံး(၁)မှ စိုင်းဟွန်
၎။ တပ်မဟာ(၇၂) ရင်း(၆၉၉)မှတပ်သားအဆင့်ရှိ ရွှေကြာ
၅။ ဝမ်ဟိုင်းပြည်သူ့စစ်တပ်ရင်းမှ စိုင်းဟန်
၆။ တပ်မဟာ(၇၂) ရင်း(၈၀၁)မှ ဒုတပ်ကြပ်အဆင့်ရှိစိုင်းလ
တို့ တပ်မတော်ရဲ့တိုက်ခိုက်မှုကြောင့် သေဆုံးသွားကြောင်းသိရပါတယ်။ အတည်ပြုဆဲသတင်းများအရ ယခုစာရင်းဟာ တိုက်ပွဲစတင်ဖြစ်ပွားသည့်ရက်ပိုင်းမှစာရင်းသာဖြစ်ပြီး သေဆုံးသူများပြားလျက်ရှိကြောင်းသိရပါတယ်။
ဒါ့အပြင် ဝမ်ဟိုင်းသောင်းကျန်းသူအဖွဲ့ဟာ ဒဏ်ရာရရှိသူများပြားနေပြီး ဆေးဝါးကုသရန်ဆေးပစ္စည်းမလုံလောက်တော့ခြင်း ကျန်စစ်သည်များ စိတ်ဓာတ်အလွန်အမင်းကျဆင်းပြီး ခံစစ်နေရာများမှထွက်ပြေးခြင်းများဖြစ်ပွားလျက်ရှိနေကြောင်း သတင်းရရှိပါတယ်။



www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...