Thursday, 1 October 2015

၂၁ ရာစုဆိုတာ မမေ့ပါနဲ့

တရုတ်နယ်စပ်ကိုအခြေပြုထားတဲ့သူပုန်တွေကို
ရှင်းဖို့ကိစ္စမှာ တရုတ်ကိုပဲဆက်ဖါးနေရမှာလား
ကန်ကိုပဲဒီ့ထက်ပိုကပ်ရမလားမေးတော့ အမျိုး
မျိုးပြောကြတယ်။
ဘယ်သူမှ မကောင်းမှန်းသိတာပေါ့ဗျာ။ ဒါပေမဲ့
ကိုယ်တစ်ယောက်တည်း လုပ်လို့ဖြစ်သလား။
တချို့ကလည်း တရုတ်ဖြူတောင်တိုက်လာသေး
တာပဲလို့ဆိုရဲ့။ ရော ခက်ကပြီလို့သာပြောလိုက်
ချင်တယ်။ ချန်ကေရှိတ်ရဲ့တရုတ်ဖြူဆိုတာ အဲ
ဒီတုန်းက မော်စီတုန်းဦးဆောင်တဲ့ တကပ ရဲ့
ရန်သူလေ။ သူ့ရန်သူကို မြန်မာကချတော့ ဘာ
ဝင်ရှုပ်စရာလိုမလဲ။
ကိုယ့်အားကိုယ်ကိုးဆိုတာ ကိုယ့်မှာ နျူကလီး
ယားပိုင်နိုင်ငံကြီးတစ်ခုကို ရင်ဆိုင်ဖို့ အပြည့်အစုံ
ရှိနေရင်တော့ ဟုတ်တာပေါ့။
နယ်စပ်မှာမွေးထားတဲ့သူပုန်ပေါင်းစုံကတော့
လစ်ရင်ဝင်ဆွဲလိုက် မနိုင်ရင်အဲဒီဘက် ဝင်ပြေး
သွားလိုက်လုပ်နေမှာပဲ။
ဒီတော့ ကွန်မြူနစ်တရုတ်ကြည်ဖြူအောင် သူ
လျှောက်စေချင်တဲ့လမ်းအတိုင်း လျှောက်မလား
ဒါမှမဟုတ် ဒီမိုကရေစီနိုင်ငံအဖြစ် မဖြစ်ဖြစ်အောင်
လျှောက်မလား ရွေးချယ်ဖို့ လိုနေပြီ။
ဘယ်အရာမှတော့ အလကားမရဘူးပေါ့။ အိုကီ
နာဝါမှာ မုဒိန်းမှုကျုးလွန်တဲ့ US စစ်သားကို
နယ်လွန်စီရင်ခွင့်ပေးရတယ်ဆိုပေမဲ့ အမေရိကန်
တရားရုံးက အဲဒီစစ်သားကို ပြင်းပြင်းထန်ထန်
ထောင်ချပစ်လိုက်ပါတယ်။
ကိုယ့်အားကိုယ်ကိုးမလုပ်နဲ့။ ကိုယ့်နိုင်ငံကို
တရုတ်က စာရင်းထဲတောင်ထည့်ရဲ့လားမသိ
ဘူး။ တရုတ်လက်ရှိအနေအထားဟာ ဆင်ဖြူရှင်
လက်ထက်၊ တရုတ်ဖြူလက်ထက်၊ ကိုးရီးယား
စစ်ပွဲကာလ၊ ဗီယက်နမ်ကိုကျူးကျော်ပြီး ပြန်
ထွက်ပြေးလာရတဲ့ကာလနဲ့ မတူတော့ဘူး။
လူများတာကိုအသာထားဦး နည်းပညာအရကို
ယှဉ်လို့မှမရတာ။ သုံးနိုင်တဲ့ဘတ်ဂျက်ချင်းလည်း
တခြားစီပဲ။ အခုခေတ်စစ်တိုက်တာ ပြည်တွင်း
သူပုန်လောက်သာ လူ/သမရိုးကျ လက်နက်
အင်အားနဲ့ တိုက်လို့ရတာ တခြားနိုင်ငံနဲ့ဆို
ငွေ၊ ခေတ်မီလက်နက်နဲ့ နည်းပညာက မရှိ
မဖြစ် အရေးပါနေပြီ။ စစ်ပွဲရှည်လာလေ ကုန်
ကျ စရိတ်များလေဖြစ်မှာ။
ဒါ့ကြောင့် ပထမဦးဆုံး ကိုယ်လျှောက်မယ့်လမ်း
ကို ပြတ်ပြတ်သားသား သိထားဖို့လိုပါတယ်။
ကိုယ့်ဆီက အဆီအနှစ်ကိုယူပြီး ဟိုဟာလေး လက်ဆောင်ပေးလိုက် ဒီဟာလေးပေးလိုက်
လုပ်နေတာနဲ့ မိတ်ဆွေအဖြစ်သတ်မှတ်လို့
မရဘူး။ ဂျာမနီလည်း ရုရှားကိုဝင်မတိုက်ခင်
အထိ အထောက်အပံ့တွေ လက်ဆောင်တွေ
ပေးခဲ့တာ နည်းလား။
မောင်ခိုင်မာကဗျာလေးပဲ ထပ်ရေးပြပါရစေ။
"၂၁ ရာစုဆိုတာ ဓားတစ်လက်မြင်းတစ်စီးနဲ့
မင်းကြီးဘွဲ့ခံတဲ့ခေတ် မဟုတ်ပေဘူးပေါ့ ရှင်မရေ"
တဲ့။ ဘာမှ မရှိတာကို ရှိအောင်လုပ်ဖို့က လက်
ရှိ မြန်မာ့နိုင်ငံရေးအခြေအနေနဲ့ မရသေးဘူး။
နောက်ဆုံး တာဝေးပစ်ရှိရင်တောင် သူ့ကိုယှဉ်
နိုင်ဖို့ အရည်အချင်းရော အရေအတွက်ပါ လို
သေးတယ်။ ဘာမှမရှိဘဲ မာနကို မျိုးချစ်စိတ်
ထင်နေရင် တိုင်းပြည်နဲ့လူမျိုး ဒုက္ခရောက်တတ်
တယ်။ ပင်လယ်ကွေ့စစ်ပွဲသာ နမူနာကြည့်။
ရဲကျော်သူရ

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...