Thursday, 8 October 2015

အတန်းပညာထက် စာဖတ်ခြင်းသည်သာအဓိက




ကမ္ဘာ့ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ဖြစ်ခဲ့သူ
မြန်မာနိုင်ငံသား ဦးသန့် ဟာ 
ထမင်းစားရင်းတောင် စာဖတ်သတဲ့
တကယ်တော့ သူသင်ခဲ့တဲ့ အတန်းပညာတခု
တည်းကြောင့် သူအောင်မြင်ခဲ့တာ မဟုတ်ပါဘူး
စာအုပ်မှန်သမျှကို သဲကြီးမဲကြီး လေ့လာဖတ်ရှု့
ခဲ့လို့ သာ အောင်မြင်မှု့ဆီကို ရောက်ရှိစေတာပါ
ဗိုလ်ချုပ်အောင်ဆန်းဟာလည်း အသက် ၃၀ ဝန်းကျင်အရွယ်ငယ်ငယ်လေးနဲ့ 
တကမ္ဘာလုံးက လေးစားရတဲ့ အမျိုးသား
ခေါင်းဆောင်ကြီး ဖြစ်ခဲ့ရတယ် ဒါဟာလည်း
သူသင်ခဲ့တဲ့ အတန်းပညာတခုတည်းကြောင့်
မဟုတ်ပါဘူ သူဘယ်လိုစာပေမျိုးတွေကို
လေ့လာဖတ်ရှု့တယ်ဆိုတာ ဗိုလ်ချုပ်ပြတိုက်ကို
ရောက်တဲ့အခါ လေ့လာကြည့်လိုက်ပေါ့
စာအုပ်မျိုးစုံကို အလုပ်တွေရှုတ်ပြီး မအားတဲ့
ကြားထဲကနေ အချိန်လုပြီး ဖတ်ခဲ့ရတာပါ
ဒါ့ကြောင့်လည်း ဒီလိုအောင်မြင်မှု့တွေ
ရ ရှိခဲ့တာပေါ့
ကြားဖူးကြမှာပေါ့
မြန်မာပညာရှိ ရှင်ဒိသာပါမေက္ခ ဆိုတဲ့ ဦးကြည်ပွေ့ ဟာ ဘုရင်က

 ပြောလို မခံချင်စိတ်နဲ့  စာပေမှန်သမျှ ဖတ်ရှု့လေ့လာခဲ့လို့  တရုတ်ပြည်
ထိလိုက်သွားပြီး ကူဗလိုင်ခန် နဲ့ စကားစစ်ထိုးတာ
အနိုင်ရခဲ့လို့ သာသနာတော် ကွယ်ပျောက်မဲ့
အရေးကနေ ကယ်တင်နိုင်ခဲ့တာပါ
သူဟာ ဘာခေတ်ပညာမှ မသင်ခဲ့ဘူးပါဘူး
ပြောချင်တာက
အစိုးရမကောင်းလို့  ပညာရေးနိမ့်ပါးတာမှန်ပါတယ်
ဒါပေမဲ့
မိမိပညာရှိဖြစ်ဖို့ က ပညာရေးစနစ်မြှင့်တင်လည်း
ကြိုးစားချင်စိတ် စာဖတ်ချင်စိတ်မရှိရင် ဘာမှ
ဖြစ်မလာပါဘူး
တကယ်သာ တွေ့ သမျှ စာပေကို ဖတ်တဲ့အကျင့်
သာ လုပ်ကြစမ်းပါ ခေတ်ပညာမတတ်သူတွေ
ကလည်း အားငယ်စရာမလိုဘူး ဗုဒ္ဓစာပေတွေကိုသာ ကျွမ်းကျင်အောင် လေ့လာ
ကြစမ်းပါ
ခေတ်နဲ့ ညီအောင်တွေးခေါ်နိုင်ပါလိမ့်မယ်
ဗုဒ္ဓစာပေတွေဟာ အတွေးအခေါ်ပညာရှင်ခြင်း
ယှဉ်ရင်တောင်မှ ထိပ်တန်းကနေ နေရာရပါလိမ့်
မယ် လယ်တီဆရာတော်ဘုရားကြီးတို့ ဟာ
ဥရောပ ပညာရှင်များရဲ့ အလေးထားခြင်းကို
ခံရတယ်ဆိုတော့ ဗုဒ္ဓစာပေဟာ ဘယ်လိုစာပေ
မျိုးလည်း သဘောပေါက်ပေါ့
ပညာရေးစနစ်ကောင်းအောင် တွန်းလှန်တာလည်း
တွန်းလှန်ပေါ့ ဒါပေမဲ့ ကိုယ်ကိုယ်တိုင်ကလည်း
ပညာရေးမကောင်းလို့ ဆိုတဲ့ ခေါင်းစဉ်နဲ့  ဘာမှ
မလုပ်ပဲ ထိုင်မနေကြပါနဲ့ 
စာပေမှန်သမျှ ဖတ်ကြပါ အထူးသဖြင့် ဗုဒ္ဓစာပေ
တွေကို လေ့လာကြပါ ဖတ်ရှု့ကြပါ
စာမတတ်လို့  သူများတွေလုပ်ချင်တိုင်း
လုပ်နေကြတာကို ခံနေကြရတာပါ
ပညာရေးစနစ်မကောင်းလို့ 
ပညာရှိမဖြစ်နိုင်တော့ဘူးလား လို့ 
မေးရင် ဘယ်လိုဖြေကြမလဲ
စာဖတ်တဲ့အကျင့်သာ စွဲစွဲမြဲမြဲ ဖြစ်အောင်
လုပ်ကြပါ တနေ့ ကျရင် ပညာရှိ ဖြစ်လာပါလိမ့်မယ်
ဒါ့ကြောင့်
စာတတ်ဖို့ အတွက်
ပညာရှိဖြစ်ဖို့ အတွက်
သူများအလိမ်မခံရဖို့ အတွက်
မိမိဘဝ ထိပ်တန်းရောက်ဖို့ အတွက်
စာဖတ်ကြပါလို့ 
တိုက်တွန်းပါရစေ
ဖိုးသုည

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...